ဆန်ချိုကို အတင်းခေါ်ပြီး အလားအလာကောင်းနေတဲ့ ဂရင်းဝုဒ် တက်လမ်း ပိတ်မပစ်ဖို့ သတိပေးမှု

နောက်ဘောလုံးရာသီအတွက် ဒေါ့မွန် ကြယ်ပွင့် ဆန်ချိုကို အတင်း ခေါ်ယူဖို့ ကြိုးစားနေတာက လက်ရှိ ယူနိုက်တက် ကြယ်ပွင့် မေဆန် ဂရင်းဝုဒ်ရဲ့ တက်လမ်းကို ပိတ်ဆို့ မပစ်ဖို့ အရေးကြီးကြောင်း ယူနိုက်တက် တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က ထုတ်ဖော် သတိပေးလိုက်ပါတယ်။

ယူနိုက်တက် တိုက်စစ်ကြယ်ပွင့် မေဆန် ဂရင်းဝုဒ်ဟာ အသက် ၁၈ နှစ်သာ ရှိသေးပေမယ့် ပြီးသွားတဲ့ ဘောလုံးရာသီမှာ ဆိုးရှားရဲ့ ယူနိုက်တက် အသင်းကြီး အတွက် ၁၇ ဂိုးထိ ခြေစွမ်းပြ သွင်းယူပေးထားပါတယ်။ တကယ်လို့ နောက်ရာသီမှာ ဆန်ချို ရောက်လာရင် ဂရင်းဝုဒ်ရဲ့ ပွဲကစားချိန် မိနစ်က ပို လျော့နည်းသွားဖို့ ရှိတာကြောင့် အသင်းက အင်္ဂလန်သားလေးကိုလည်း ကြည့်ဖို့ ကိုးလ်က ပြောဆိုခဲ့တာပါ။

” မေဆန် (ဂရင်းဝုဒ်) က ကြောက်စရာပါ တကယ့်ကို ကြောက်မက်ဖွယ်ြ ဖစ်တယ်။ ဒီကလေးလေးက သူ့ ပင်ကိုအရည်အချင်းနဲ့ တက်လာတာ အလားအလာကောင်းတွေ ရှိတယ်။ ယူနိုက်တက်က ဒီလို ကျောက်ရိုင်းပွင့်လေးကို လက်ထဲ ပိုင်ထားတာပါ။ ခုတည်းက ကြောက်စရာ ဖြစ်နေတဲ့ လူငယ်လေးက ဆက်ပြီး တိုးတက်လာဦးမှာပါ။ သူ့ အနေနဲ့ အခုလုပ်နေတဲ့ အတိုင်း ဆက်လုပ်ဖို့ ဂိုးတွေ ဆက်သွင်းဖို့ပဲ လိုတယ်။

တိုက်စစ်မှာ စီနီယာတွေကို လိုက်ဖိအားပေးရင်း သူက ရင့်ကျက်လာမှာ ပွဲတွေကနေ သင်ယူလာနိုင်မှာ ဖြစ်တယ်။ ယူနိုက်တက်ဟာ ဘာမဆို ဖြစ်လာနိုင်တဲ့ ကစားသမား တစ်ယောက် ရထားတာ ဖြစ်တယ်။ သူက နံပါတ် ၉ နေရာ အထောင်တိုက်စစ်လည်း ကစားနိုင်သလို တိုက်စစ် သုံးယောက်တွဲမှာလည်း တောင်ပံ ထွက်ကစားနိုင်တယ်။ ယူနိုက်တက်က သူ့ကို ဘယ်နေရာ အကောင်းဆုံးလို့ ယူဆမလဲက စိတ်ဝင်စားစရာပါ။

ကျနော့် အမြင်တော့ ကမ္ဘာ့အကောင်းဆုံး နံပါတ် ၉ တိုက်စစ်မှူးက လီဝန်ဒေါစကီးပါ။ သူ့လို လူ များများ မရှိပါဘူး။ ဒါပေမယ့် ယူနိုက်တက်က ဆန်ချို ကို ခေါ်လာမယ်ဆိုရင် ဂရင်းဝုဒ်ရဲ့ တိုးတက်မှုကို ပိတ်ထားရာ မကျဖို့ ဂရုစိုက်ရပါမယ်။ ယူနိုက်တက်ကတော့ ဘောလုံးရာသီတိုင်းမှာ ကစားသမားကောင်းတွေ ထပ်ခေါ်မှာပဲ။ ဒါက ဟန်ချက်ညီဖို့ပေါ့။ ဒါပေမယ့် မေဆန် ဂရင်းဝုဒ်လို ကစားသမား တစ်ယောက်ရဲ့ တိုးတက်မှုကိုတော့ အပိတ်ခံလို့ မဖြစ်ပါဘူး။ ” လို့ ကိုးလ်က သုံးသပ် သတိပေးလိုက်ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှား ကိုယ်တိုင်လည်း ဂရင်းဝုဒ်ရဲ့ အရည်အသွေးနဲ့ တိုးတက်မှုတွေကို သတိပြုမိပြီး ယူနိုက်တက် လူငယ်လေးဟာ သူ မြင်ဖူးသမျှထဲ အဆုံးသတ် အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်တယ်လို့ ထုတ်ဖော် ချီးကျူးထားပါတယ်။

Zawgyi – ေနာက္ေဘာလံုးရာသီအတြက္ ေဒါ့မြန္ ၾကယ္ပြင့္ ဆန္ခ်ိဳကို အတင္း ေခၚယူဖို႔ ၾကိဳးစားေနတာက လက္ရွိ ယူနုိက္တက္ ၾကယ္ပြင့္ ေမဆန္ ဂရင္း၀ုဒ္ရဲ႕ တက္လမ္းကို ပိတ္ဆို႔ မပစ္ဖို႔ အေရးၾကီးေၾကာင္း ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း အန္ဒီကိုးလ္က ထုတ္ေဖာ္ သတိေပးလိုက္ပါတယ္။

ယူနိုက္တက္ တိုက္စစ္ၾကယ္ပြင့္ ေမဆန္ ဂရင္း၀ုဒ္ဟာ အသက္ ၁၈ နွစ္သာ ရွိေသးေပမယ့္ ျပီးသြားတဲ့ ေဘာလံုးရာသီမွာ ဆိုးရွားရဲ႕ ယူနိုက္တက္ အသင္းၾကီး အတြက္ ၁၇ ဂိုးထိ ေျခစြမ္းျပ သြင္းယူေပးထားပါတယ္။ တကယ္လို႔ ေနာက္ရာသီမွာ ဆန္ခ်ိဳ ေရာက္လာရင္ ဂရင္း၀ုဒ္ရဲ႕ ပြဲကစားခ်ိန္ မိနစ္က ပို ေလ်ာ့နည္းသြားဖို႔ ရွိတာေၾကာင့္ အသင္းက အဂၤလန္သားေလးကိုလည္း ၾကည့္ဖို႔ ကိုးလ္က ေျပာဆိုခဲ့တာပါ။

” ေမဆန္ (ဂရင္း၀ုဒ္) က ေၾကာက္စရာပါ တကယ့္ကို ေၾကာက္မက္ဖြယ္ျ ဖစ္တယ္။ ဒီကေလးေလးက သူ႔ ပင္ကိုအရည္အခ်င္းနဲ႕ တက္လာတာ အလားအလာေကာင္းေတြ ရွိတယ္။ ယူနိုက္တက္က ဒီလို ေက်ာက္ရိုင္းပြင့္ေလးကို လက္ထဲ ပိုင္ထားတာပါ။ ခုတည္းက ေၾကာက္စရာ ျဖစ္ေနတဲ့ လူငယ္ေလးက ဆက္ျပီး တိုးတက္လာဦးမွာပါ။ သူ႔ အေနနဲ႕ အခုလုပ္ေနတဲ့ အတိုင္း ဆက္လုပ္ဖို႔ ဂိုးေတြ ဆက္သြင္းဖို႔ပဲ လိုတယ္။

တိုက္စစ္မွာ စီနီယာေတြကို လိုက္ဖိအားေပးရင္း သူက ရင့္က်က္လာမွာ ပြဲေတြကေန သင္ယူလာနုိင္မွာ ျဖစ္တယ္။ ယူနိုက္တက္ဟာ ဘာမဆို ျဖစ္လာနုိင္တဲ့ ကစားသမား တစ္ေယာက္ ရထားတာ ျဖစ္တယ္။ သူက နံပါတ္ ၉ ေနရာ အေထာင္တိုက္စစ္လည္း ကစားနုိင္သလို တိုက္စစ္ သံုးေယာက္တြဲမွာလည္း ေတာင္ပံ ထြက္ကစားနုိင္တယ္။ ယူနုိက္တက္က သူ႔ကို ဘယ္ေနရာ အေကာင္းဆံုးလို႔ ယူဆမလဲက စိတ္၀င္စားစရာပါ။

က်ေနာ့္ အျမင္ေတာ့ ကမၻာ့အေကာင္းဆံုး နံပါတ္ ၉ တိုက္စစ္မွဴးက လီ၀န္ေဒါစကီးပါ။ သူ႔လို လူ မ်ားမ်ား မရွိပါဘူး။ ဒါေပမယ့္ ယူနိုက္တက္က ဆန္ခ်ိဳ ကို ေခၚလာမယ္ဆိုရင္ ဂရင္း၀ုဒ္ရဲ႕ တိုးတက္မႈကို ပိတ္ထားရာ မက်ဖို႔ ဂရုစိုက္ရပါမယ္။ ယူနိုက္တက္ကေတာ့ ေဘာလံုးရာသီတိုင္းမွာ ကစားသမားေကာင္းေတြ ထပ္ေခၚမွာပဲ။ ဒါက ဟန္ခ်က္ညီဖို႔ေပါ့။ ဒါေပမယ့္ ေမဆန္ ဂရင္း၀ုဒ္လို ကစားသမား တစ္ေယာက္ရဲ႕ တိုးတက္မႈကိုေတာ့ အပိတ္ခံလို႔ မျဖစ္ပါဘူး။ ” လို႔ ကိုးလ္က သံုးသပ္ သတိေပးလိုက္ပါတယ္။

ယူနုိက္တက္ နည္းျပ ဆိုးရွား ကိုယ္တိုင္လည္း ဂရင္း၀ုဒ္ရဲ႕ အရည္အေသြးနဲ႕ တိုးတက္မႈေတြကို သတိျပဳမိျပီး ယူနိုက္တက္ လူငယ္ေလးဟာ သူ ျမင္ဖူးသမွ်ထဲ အဆံုးသတ္ အေကာင္းဆံုး ကစားသမား တစ္ဦး ျဖစ္တယ္လို႕ ထုတ္ေဖာ္ ခ်ီးက်ဴးထားပါတယ္။