အာဆင်နယ် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ကို မဖြစ်နိုင်တဲ့ အကြောင်းရင်း တစ်ချက်အား နဗီးလ် ဖော်ထုတ်

ဒီရာသီမှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ကို မဖြစ်နိုင်တဲ့ အကြောင်း တစ်ချက် ရှိတယ် လို့ သရဲနီဟောင်းကြီး ဂယ်ရီနဗီးက ပြောဆိုလာပါတယ်။

အာဆင်နယ် ဖလား မရနိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းက ဂိုးပုံမှန် သွင်းယူနိုင်သူ မရှိတာပါပဲလို့ နဗီးက ဆိုလာခဲ့တာပါ။

နည်းပြ အာတီတာ လက်ထက် အာဆင်နယ်ဟာ နေရာစုံ အင်အားကောင်းလာပေမယ့် အွန်နရီလို ဂိုးသွင်းကောင်းတဲ့ နံပါတ် ၉ စစ်စစ် တိုက်စစ်သမားမျိုး မရှိတာ ဖြစ်ပါတယ်။

ဂယ်ရီနဗီးက ” ဒီရာသီ အာဆင်နယ်အသင်း ပွဲကြီးတွေကို ဘယ်လို ရင်ဆိုင်မလဲ ကျနော် ကြည့်ချင်တယ်။ အန်ကတ်တီးရားနဲ့ ဂျေးဆုတို့က အတော်လေး ကြိုးစားအားထုတ်ကြတဲ့ ကစားသမားတွေ ဖြစ်ပေမယ့် ပွဲကြီးတွေကို ရင်ဆိုင်ဖို့ လုံလောက်တဲ့ အရည်အချင်း ရှိကြပါ့မလား?

အာဆင်နယ်ရဲ့ တိုက်စစ်မှူးနေရာက သူတို့ ပရီးမီးယားလိဂ်ဖလား အနိုင်ယူဖို့ လုံလောက်ပါ့မလား? အာဆင်နယ် အသင်းမှာ ကျနော် သံသယရှိထားတာက တိုက်စစ်မှူးပါပဲ။

သူတို့မှာ ဟာလန်း၊ ဟယ်ရီကိန်းလို ကစားသမားတွေ ရှိနေမယ် ဆာလီဘာ၊ ဂါဘရီရယ်၊ ဒီကလန်ရိုက်တို့ ကြံ့ခိုင်နေမယ်ဆိုရင်တော့ ဒီနှစ်က အာဆင်နယ် ဖလားလို့ ကျနော် ပြောမိမှာပါ။

ဒါပေမယ့် အန်ကတ်တီးရားနဲ့ ဂျေးဆုပဲ ရှိနေတာကို စိတ်ပူမိတယ်။ သူတို့က အပြောင်းအလဲ မြန်တယ်၊ ဂိုး ပုံမှန် သွင်းယူနိုင်သူတွေ မဟုတ်ဘူး။ အဲ့လို တိုက်စစ်မှူးမျိုး မရှိဘဲ သူတို့ ပရီးမီးယားလိဂ်ဖလား ရနိုင်ပါ့မလား?” လို့ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲမှာ သွင်းဂိုး ၁၈ ဂိုး သွင်းယူထားပြီး ဒါဟာ မန်စီးတီးထက် ၁ ဂိုးပဲ လျော့နည်းနေတာ ဖြစ်ပါတယ်။