ယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ ရပ်ဖိုဒ့်နဲ့ လင်ဂတ်တို့ဟာ ရာသီသစ်အတွက် ကလပ်နဲ့ ရာသီကြို လေ့ကျင့်ရေး ပူးပေါင်းမှုကို လွဲချော်သွားနိုင်ချေ ရှိနေပါတယ်။
သူတို့ နှစ်ဦးဟာ အားလပ်ရက်အဖြစ် ဂရိကို အတူသွားပြီး အပန်းဖြေနေကြတာပါ။ ဗြိတိန်အစိုးရက တိုင်းပြည်ကို ပြန်ဝင်လာရင် ကွာရန်တင်း ၁၄ ရက် ဝင်ရမယ့် နိုင်ငံများစာရင်းမှာ ဂရိကို ထည့်ဖို့ ပြင်ဆင်နေတာကြောင့် သူတို့ နှစ်ဦးက ပြည်တော်ပြန်လာရင် ကွာရန်တင်း ၁၄ ရက် ဝင်ရမယ့် အခြေအနေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အင်္ဂါနေ့က ဂရိမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၂၅၀ တွေ့ရှိတဲ့နောက် အဆိုပါ နိုင်ငံကနေ ဗြိတိန်ကို ပြည်ဝင်ခွင့်မှာ အကန့်အသတ် လုပ်မယ့် သဘောတွေ ရှိလာတာဖြစ်တယ်။ ရပ်ဖိုဒ့်နဲ့ လင်ဂတ်တို့ဟာ ဂရိမှာ အနားယူနေတဲ့ အားလပ်ရက်ကို ဖျက်သိမ်းပြီး မန်ချက်စတာကို အမြန်ပြန်ရမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
အစိုးရဘက်က အမိန့်ထုတ်မှုက စနေနေ့မှာ ထွက်ပေါ်လာမှာပါ။ ယူနိုက်တက်ရဲ့ ရာသီကြို ခရီးစဉ်ဟာ စက်တင်ဘာလ ၁ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ မန်နေဂျာဆိုးရှားကတော့ အဆိုပါရက် အမှီ အသင်းသားတွေ အားလုံး ပြန်စုဝေးတာကို အလိုရှိနေတယ်။ ဒါကြောင့် အန္တရာယ်ရှိတဲ့ အနေအထားကို ရောက်နေတဲ့ ရပ်ဖိုဒ့်နဲ့ လင်ဂတ်တို့ကို မိခင်နိုင်ငံ ပြန်လာဖို့ သတိပေးထားလိမ့်မယ်လို့ သိလာရတာဖြစ်တယ်။
ပရီးမီးယားလိဂ်ဟာ လိဂ်ကစားသမားတွေကို ကိုရိုနာဗိုင်းရပ်စ် ပုံမှန် စစ်ဆေးမှုတွေ ဆက်လုပ်နေဆဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကတော့ ဗုဒ္ဒဟူးနေ့ကပဲ ရာသီကြို ပြင်ဆင်မှု ကာလတွေမှာ မတူညီတဲ့ ကလပ် ၁၂ သင်းမှ ကိုဗစ် ကူးစက်မှု ၁၄ ခုထိ တွေ့ထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ZAWGYI – ယူႏုိက္တက္ ကစားသမားေတြျဖစ္တဲ့ ရပ္ဖိုဒ့္နဲ႔ လင္ဂတ္တို႔ဟာ ရာသီသစ္အတြက္ ကလပ္နဲ႔ ရာသီၾကိဳ ေလ့က်င့္ေရး ပူးေပါင္းမႈကို လြဲေခ်ာ္သြားႏုိင္ေခ် ရွိေနပါတယ္။
သူတို႔ ႏွစ္ဦးဟာ အားလပ္ရက္အျဖစ္ ဂရိကို အတူသြားျပီး အပန္းေျဖေနၾကတာပါ။ ျဗိတိန္အစိုးရက တိုင္းျပည္ကို ျပန္ဝင္လာရင္ ကြာရန္တင္း ၁၄ ရက္ ဝင္ရမယ့္ ႏုိင္ငံမ်ားစာရင္းမွာ ဂရိကို ထည့္ဖို႔ ျပင္ဆင္ေနတာေၾကာင့္ သူတို႔ ႏွစ္ဦးက ျပည္ေတာ္ျပန္လာရင္ ကြာရန္တင္း ၁၄ ရက္ ဝင္ရမယ့္ အေျခအေနကို ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။
အဂၤါေန႔က ဂရိမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၂၅၀ ေတြ႔ရွိတဲ့ေနာက္ အဆိုပါ ႏုိင္ငံကေန ျဗိတိန္ကို ျပည္ဝင္ခြင့္မွာ အကန္႔အသတ္ လုပ္မယ့္ သေဘာေတြ ရွိလာတာျဖစ္တယ္။ ရပ္ဖိုဒ့္နဲ႔ လင္ဂတ္တို႔ဟာ ဂရိမွာ အနားယူေနတဲ့ အားလပ္ရက္ကို ဖ်က္သိမ္းျပီး မန္ခ်က္စတာကို အျမန္ျပန္ရမယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေနပါတယ္။
အစိုးရဘက္က အမိန္႔ထုတ္မႈက စေနေန႔မွာ ထြက္ေပၚလာမွာပါ။ ယူႏုိက္တက္ရဲ႕ ရာသီၾကိဳ ခရီးစဥ္ဟာ စက္တင္ဘာလ ၁ ရက္ေန႔မွာ စတင္မွာျဖစ္ပါတယ္။ မန္ေနဂ်ာဆိုးရွားကေတာ့ အဆုိပါရက္ အမွီ အသင္းသားေတြ အားလံုး ျပန္စုေဝးတာကို အလိုရွိေနတယ္။ ဒါေၾကာင့္ အႏၱရာယ္ရွိတဲ့ အေနအထားကို ေရာက္ေနတဲ့ ရပ္ဖိုဒ့္နဲ႔ လင္ဂတ္တို႔ကို မိခင္ႏုိင္ငံ ျပန္လာဖို႔ သတိေပးထားလိမ့္မယ္လို႔ သိလာရတာျဖစ္တယ္။
ပရီးမီးယားလိဂ္ဟာ လိဂ္ကစားသမားေတြကို ကိုရိုနာဗိုင္းရပ္စ္ ပံုမွန္ စစ္ေဆးမႈေတြ ဆက္လုပ္ေနဆဲျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြကေတာ့ ဗုဒၵဟူးေန႔ကပဲ ရာသီၾကိဳ ျပင္ဆင္မႈ ကာလေတြမွာ မတူညီတဲ့ ကလပ္ ၁၂ သင္းမွ ကိုဗစ္ ကူးစက္မႈ ၁၄ ခုထိ ေတြ႔ထားေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။