ချယ်ဆီးရဲ့ ခံစစ်ပိုင်း ပစ်မှတ်တွေထဲက တစ်ဦးဖြစ်တဲ့ ဘရိုက်တန်အသင်း ခံစစ်မှူး ဘမ်ဝိုက်ကို လိဒ်ယူနိုက်တက်က မနေ့တုန်းကပဲ တတိယအကြိမ်မြောက် ကမ်းလှမ်းမှု လုပ်ခဲ့ပြီဖြစ်ပါတယ်။
ပရီးမီးယားလိဂ် တန်းတက်ကလပ်ဟာ မနှစ်တုန်းက အငှားခေါ်ယူစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်လူငယ် ခံစစ်သမားအတွက် ပထမအကြိမ်အဖြစ် ပေါင် ၁၈.၅ သန်း၊ ဒုတိယအကြိမ်အဖြစ် ပေါင် ၂၂ သန်းတို့ကို ကမ်းလှမ်းထားခဲ့ပြီး ငြင်းဆန်ခံထားရတယ်။ နောက်ဆုံး ကမ်းလှမ်းလိုက်တာက ပေါင် ၂၅ သန်းဖြစ်ပါတယ်။
ချယ်ဆီးနဲ့ လီဗာပူးတို့က ဘမ်ဝိုက်ကို ခေါ်ယူဖို့ အတော်လေး သဘောတွေ့ပေမယ့် ကမ်းလှမ်းမှုလုပ်ဖို့ ဝင်မလာသေးချိန်မှာ လက်ဦးမှုယူထားဖို့ လိဒ်ယူနိုက်တက်ဘက်က ကြိုးစားနေတာပါ။ မနှစ်ကရာသီ ချန်ပီယံရှစ်ပွဲ ၄၆ ပွဲ ပါဝင်ကစားပေးခဲ့ပြီး clean sheets ၂၂ ကြိမ် ရအောင် ကြိုးစားပေးခဲ့တဲ့ ဘမ်ဝိုက်ဟာ အသင်းခေါင်းဆောင် လိုင်ယမ်ကူပါနဲ့ အတွဲညီခဲ့သူလည်းဖြစ်တယ်။
ချယ်ဆီးအသင်းဟာ လာမယ့်ရာသီ မန်နေဂျာလမ်းပတ်ရဲ့ လူစာရင်းကို အတွေ့အကြုံပိုင်း အင်အားဖြည့်ဖို့အတွက် ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရထားတဲ့ ဘရာဇီးခံစစ်မှူး သီယေဂို ဆေးဗားကို ခေါ်ယူလိုနေကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။
အသက် ၃၅ နှစ်အရွယ် ခံစစ်မှူးဟာ ပီအက်စ်ဂျီအတွက် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားပေးပြီးရင် ၈ နှစ်ကြာ ကျင်လယ်ခဲ့တဲ့ ပြင်သစ်မြေကို စွန့်ခွာမှာပါ။ သူ့ကို ခေါ်ယူပြီး ခံစစ်ပိုင်းမှာ အားနည်းနေတဲ့ ဦးဆောင်မှုပိုင်းကို အင်အားဖြည့်နိုင်ဖို့ ချယ်ဆီးဘက်က ရည်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။
အေစီမီလန်နဲ့ ဖီအိုရင်တီးနားတို့ကလည်း သီယေဂို ဆေးဗားကို လက်မှတ်ထိုး ခေါ်ယူလိုစိတ်တွေ ပြသထားတယ်။ ပရီးမီးယားလိဂ်ကို လာကစားဖို့အတွက် သီယေဂိုဟာ သူ့ရဲ့ လုပ်ခကို လျော့ယူပေးမယ့် အနေအထားမှာလည်း ရှိနေပါတယ်။ ချယ်ဆီးဘက်ကတော့ ကမ်းလှမ်းမှုတစ်ခုတောင် လုပ်ထားပြီး ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူမှုကို ကမ်းလှမ်းထားပါတယ်။
ZAWGYI – ခ်ယ္ဆီးရဲ႕ ခံစစ္ပိုင္း ပစ္မွတ္ေတြထဲက တစ္ဦးျဖစ္တဲ့ ဘရိုက္တန္အသင္း ခံစစ္မွဴး ဘမ္ဝိုက္ကို လိဒ္ယူႏုိက္တက္က မေန႔တုန္းကပဲ တတိယအၾကိမ္ေျမာက္ ကမ္းလွမ္းမႈ လုပ္ခဲ့ျပီျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ တန္းတက္ကလပ္ဟာ မႏွစ္တုန္းက အငွားေခၚယူစဥ္မွာ ေျခစြမ္းျပခဲ့တဲ့ အဂၤလန္လူငယ္ ခံစစ္သမားအတြက္ ပထမအၾကိမ္အျဖစ္ ေပါင္ ၁၈.၅ သန္း၊ ဒုတိယအၾကိမ္အျဖစ္ ေပါင္ ၂၂ သန္းတို႔ကို ကမ္းလွမ္းထားခဲ့ျပီး ျငင္းဆန္ခံထားရတယ္။ ေနာက္ဆံုး ကမ္းလွမ္းလိုက္တာက ေပါင္ ၂၅ သန္းျဖစ္ပါတယ္။
ခ်ယ္ဆီးနဲ႔ လီဗာပူးတို႔က ဘမ္ဝိုက္ကို ေခၚယူဖို႔ အေတာ္ေလး သေဘာေတြ႔ေပမယ့္ ကမ္းလွမ္းမႈလုပ္ဖို႔ ဝင္မလာေသးခ်ိန္မွာ လက္ဦးမႈယူထားဖို႔ လိဒ္ယူႏုိက္တက္ဘက္က ၾကိဳးစားေနတာပါ။ မႏွစ္ကရာသီ ခ်န္ပီယံရွစ္ပြဲ ၄၆ ပြဲ ပါဝင္ကစားေပးခဲ့ျပီး clean sheets ၂၂ ၾကိမ္ ရေအာင္ ၾကိဳးစားေပးခဲ့တဲ့ ဘမ္ဝိုက္ဟာ အသင္းေခါင္းေဆာင္ လိုင္ယမ္ကူပါနဲ႔ အတြဲညီခဲ့သူလည္းျဖစ္တယ္။
ခ်ယ္ဆီးအသင္းဟာ လာမယ့္ရာသီ မန္ေနဂ်ာလမ္းပတ္ရဲ႕ လူစာရင္းကို အေတြ႔အၾကံဳပိုင္း အင္အားျဖည့္ဖို႔အတြက္ ပီအက္စ္ဂ်ီကေန အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ထြက္ခြာခြင့္ရထားတဲ့ ဘရာဇီးခံစစ္မွဴး သီေယဂို ေဆးဗားကို ေခၚယူလိုေနေၾကာင္း တယ္လီဂရပ္က ေဖာ္ျပပါတယ္။
အသက္ ၃၅ ႏွစ္အရြယ္ ခံစစ္မွဴးဟာ ပီအက္စ္ဂ်ီအတြက္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ကစားေပးျပီးရင္ ၈ ႏွစ္ၾကာ က်င္လယ္ခဲ့တဲ့ ျပင္သစ္ေျမကို စြန္႔ခြာမွာပါ။ သူ႔ကို ေခၚယူျပီး ခံစစ္ပိုင္းမွာ အားနည္းေနတဲ့ ဦးေဆာင္မႈပိုင္းကို အင္အားျဖည့္ႏုိင္ဖို႔ ခ်ယ္ဆီးဘက္က ရည္ရြယ္လာခဲ့တာ ျဖစ္ပါတယ္။
ေအစီမီလန္နဲ႔ ဖီအိုရင္တီးနားတို႔ကလည္း သီေယဂို ေဆးဗားကို လက္မွတ္ထိုး ေခၚယူလိုစိတ္ေတြ ျပသထားတယ္။ ပရီးမီးယားလိဂ္ကို လာကစားဖို႔အတြက္ သီေယဂိုဟာ သူ႔ရဲ႕ လုပ္ခကို ေလ်ာ့ယူေပးမယ့္ အေနအထားမွာလည္း ရွိေနပါတယ္။ ခ်ယ္ဆီးဘက္ကေတာ့ ကမ္းလွမ္းမႈတစ္ခုေတာင္ လုပ္ထားျပီး ၂ ႏွစ္စာခ်ဳပ္ျဖင့္ ေခၚယူမႈကို ကမ္းလွမ္းထားပါတယ္။