မန်ယူနိုက်တက် တိုက်စစ်မှာ ထုတ်သုံးဖွယ် ရှိတဲ့ တိုက်စစ်အတွဲနဲ့ ပတ်သတ်ပြီး နည်းပြ တန်ဟက် ပွဲကြိုမှာ ဖော်ထုတ်

မန်ချက်စတာ ယူနိုက်တက် နည်းပြတန်ဟက်က အနာ၈တ် အသင်း တိုက်စစ်မှာ အန်တိုနီ မာရှယ်နဲ့ ရာမတ်စ် ဟွိုင်လန်းတို့ကို တွဲဖက်ပြီး ကစားစေမယ့် အကြောင်း ကိုပင်ဟေဂင်နဲ့ ပွဲကြိုမှာ အရိပ်အမြွက် ထုတ်ဖော် ဖွင့်ဟလာပါတယ်။

နယ်သာလန်သား နည်းပြဟာ ဒိန်းမတ်သား တိုက်စစ်မှုး ဟွိုင်လန်းကို ပေါင် ၇၂ သန်းနဲ့ ဒီနွေမှာ ခေါ်ယူခဲ့ရတာ ဖြစ်ပြီး သူ ကြေးကြီး ခေါ်ထားရတဲ့ ကစားသမား အစွမ်းပြကြောင်း ပြဖို့ ဦးစားပေး ပွဲထုတ်လိုနေပါတယ်။

ဟွိုင်လန်းဟာ သူ့အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ ကိုပင်ဟေဂင်နဲ့ ဒီည ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ပွဲမှာ ယူနိုက်တက် တိုက်စစ်ကနေ ပွဲထွက်လာဖွယ် ရှိပါတယ်။

ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ အသင်း တိုက်စစ်မှာ ဟွိုင်လန်းနဲ့ မာရှယ်ကို တွဲဖက်လိုနေပြီး မာရှယ်ဟာ ဘယ်တောင်ပံကနေ ကစားနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

” မာရှယ် ဟွိုင်လန်းတို့ အတူ တွဲဖက် ကစားနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အန်တိုနီ မာရှယ်က တောင်ပံကနေလည်း ကစားတတ်တယ်လေ။ ” လို့ တန်ဟက်က ပြောဆိုလာခဲ့တာပါ။

ဒီည ပွဲ မကစားခင်မှာ ယူနိုက်တက်ဟာ အသင်း ဂန္တဝင်ကြီး ဆာဘော်ဘီ ချာလ်တန် ကွယ်လွန်ခြင်း အထိမ်းအမှတ် အဖြစ် ခေတ္တ ငြိမ်သက်ပေးဖို့လည်း ရှိနေပါတယ်။

ယူနိုက်တက်မှာ ဝါရင့်နေတဲ့ တိုက်စစ်မှုး မာရှယ်ကလည်း ဒီရာသီ တစ်ဂိုးသာ သွင်းရသေးပြီး ပဲလေ့စ်နဲ့ ကာရာဘောင်း ဖလားပွဲမှာ ဖြစ်ပါတယ်။

ဟွိုင်လန်းကတော့ လက်ရှိအချိန်ထိ ချန်ပီယံလိဂ်မှာ ၃ ဂိုးသွင်းယူထားပြီး ပြီးခဲ့တဲ့ ဂါလာတာစာရေးနဲ့ ပွဲမှာ ၂ ဂိုး သွင်းယူထားခဲ့တာပါ။