ဆီဗီလာပွဲမှာ ကြွက်သား ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ သောမတ်စ် ပါတေးက သူ့ရဲ့ အာဆင်နယ် ကစားသမားဘဝ အနာဂတ်ကို အလေးအနက် စဉ်းစားနေပြီ ဖြစ်ပါတယ်။
ဖီအိုရင်တီးနား အသင်းဟာ အာဆင်နယ်အသင်း အလိုရှိနေတဲ့ ညာအစွန်လူ Michael Kayode ကို ကာလရှည် သက်တမ်းတိုးစာချုပ် ပေးခဲ့ပြီ ဖြစ်ပါတယ်။
ဂန်းနားဟောင်းကြီး ပီတစ်က အိုဒီဂတ်ရဲ့ ခြေစွမ်းကျဆင်းမှုဟာ အသင်းခေါင်းဆောင် တာဝန်ယူရမှုနဲ့ သက်ဆိုင်တယ်လို့ ထင်မြင်နေပြီး အင်္ဂလန် အသင်းသားတွေဖြစ်တဲ့ ဒီကလန်ရိုက်စ် ဒါမှမဟုတ် ဆာကာကို တာဝန်လွှဲ ပေးလိုက်သင့်တယ် လို့ မှတ်ချက်ပေးပါတယ်။

ဂန်းနားဟောင်းကြီး အွန်နရီကတော့ ၂၀၀၃ ခုနှစ်မှာ သူ ဘလွန်းဒီအောဆု အနိုင်မရခဲ့တာ အတွက် လူတွေရဲ့ ရွေးချယ်မှုကို သွားပြီး ငြင်းခုံနေလို့ မရဘူးလို့ ပြောဆိုခဲ့ပါတယ်။
စကိုင်းစပေါ့ သတင်းဌာန ကတော့ ဂျေးဆုဟာ အာတီတာရဲ့ တိုက်စစ်မှာ အဓိက ကျသူဖြစ်ကာ သူ မပါဝင်ရင် အာဆင်နယ်ရဲ့ နိုင်းပွဲ၊ သွင်းဂိုးနှုန်း အစစ အရာရာ ကျဆင်းသွားတယ်လို့ ထောက်ပြလာပါတယ်။
စပိန်ဂန္တဝင်ကြီး ရာမိုစ့်က အာဆင်နယ်ကို ဥရောပရဲ့ အကောင်းဆုံး အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ တစ်တန်းတည်းထား မှတ်ချက်ပေးလိုက်ပြီး ဘောလုံး ကစားလိုစိတ်ရှိတဲ့ ကလပ်အသင်းပါလို့ ချီးကျူးသွားပါတယ်။
ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဟက်စကီးက ဒီကလန်ရိုက်စ်ကို မန်စီးတီးနဲ့ လီဗာပူး ကွင်းလယ်လူဟောင်း ဂျိမ်းစ် မီလ်နာဖြင့် ခိုင်းနှိုင်းလိုက်ပါတယ်။ သူတို့လို ကစားသမားတွေဟာ ပွဲစဉ်တိုင်းမှာ ၈/၁၀ လောက်ထိ လုပ်ပြနိုင်သလို ဘောလုံးကိုပဲ အာရုံစိုက် အားထည့်ကစားကြသူမျိုးတွေလို့ ချီးကျူးခဲ့တာပါ။
