ယနေ့ နောက်ဆုံးရ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (20/08/20)

ဆန်ချိုနေရာ အစားထိုး ပစ်မှတ် အဖြစ် ဘုန်းမောက်တောင်ပံ ကစားသမား ဒေးဗစ် ဘရွတ်ခ်ကို ယူနိုက်တက်က စိတ်ဝင်စားနေတဲ့ အပေါ် ဘုန်းမောက်နည်းပြ တင်ဒယ်လ်ကတော့ ကစားသမား ကိုယ်တိုင်က ထွက်ခွာလိုပြီး ထိုက်သင့်တဲ့ တန်ကြေးရရင် ဘယ်သူ့ကို မဆို ထွက်ခွာခွင့်ပေးမယ်လို့ မီးစိမ်းပြခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ ဘရွတ်ခ်အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ သုံးဖို့ တွန့်ဆုတ်နေပါတယ်။

ရှက်ဖီးယူနိုက်တက်ကို နှုတ်ဆက်ခဲ့ပြီးနောက် ဒင်းဟန်ဒါဆန်ဟာ ယူနိုက်တက်ထံ ပြန်ရောက်လာခဲ့ပြီ ဖြစ်ပြီး ဒီနေ့ အသင်း ထရိန်နင်မှာ ယူနိုက်တက် အသင်းဖော်တွေနဲ့ လာရောက် ပူးပေါင်းပြီ ဖြစ်ပါတယ်။ ဟန်ဒါဆန်ဟာ ပွဲထွက် ဂိုးသမား ဒီဂီယာကို ဖိအားပေးဖို့ အသင့် ရှိနေပါတယ်။

လာမယ့် ၂၀၂၀-၂၁ ဘောလုံးရာသီ အတွက် ပရီးမီးယားလိဂ် ပွဲစဉ်ဇယား အပြည့်အစုံ ဒီနေ့မှာ ထုတ်ပြန် ကြေငြာခဲ့ပြီ ဖြစ်ရာ ယူနိုက်တက်ကတော့ ပွဲဦးထွက်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဥရောပပွဲ ကစားထားတာကြောင့် ပွဲစဉ် ၁ ကို စက်တင်ဘာ ၁၉ ရက်မှ ယူနိုက်တက်က ကစားရမှာပါ။

ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ဟာ အွန်နရီ၊ စီရိုနယ်ဒိုတို့လို ပရီးမီးယားလိဂ်မှာ နာမည်ကျော်တဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်လာနိုင်ကြောင်း ယူနိုက်တက် ကစားသမားဟောင်းကြီး ဒွိုက်ယော့ခ်က ထောက်ခံလိုက်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်ကတော့ ဒေါ့မွန် ကြယ်ပွင့် ဆန်ချိုကို အတင်း ခေါ်ယူဖို့ ကြိုးစားနေတာက လက်ရှိ ယူနိုက်တက် ကြယ်ပွင့် မေဆန် ဂရင်းဝုဒ်ရဲ့ တက်လမ်းကို ပိတ်ဆို့ မပစ်ဖို့ အရေးကြီးကြောင်း သတိပေးလိုက်ပါတယ်။

အက်စတွန်ဗီလာ ကွင်းလယ်ကြယ်ပွင့် ဂျက် ဂရေးလစ်ချ် ကို ခေါ်ယူလိုနေသေးပေမယ့် ငွေကြေး များများ မသုံးစွဲလိုတာကြောင့် ယူနိုက်တက်ဟာ ပြောင်းရွှေ့ကြေးထဲမှာ အရန် ဂိုးသမား ရိုမဲရိုးကိုပါ အလိုက်ပေး ထည့်သွင်းသွားရန် ကြံရွယ်နေပါတယ်။

Zawgyi – ဆန္ခ်ိဳေနရာ အစားထိုး ပစ္မွတ္ အျဖစ္ ဘုန္းေမာက္ေတာင္ပံ ကစားသမား ေဒးဗစ္ ဘရြတ္ခ္ကို ယူနိုက္တက္က စိတ္၀င္စားေနတဲ့ အေပၚ ဘုန္းေမာက္နည္းျပ တင္ဒယ္လ္ကေတာ့ ကစားသမား ကိုယ္တိုင္က ထြက္ခြာလိုျပီး ထိုက္သင့္တဲ့ တန္ေၾကးရရင္ ဘယ္သူ႔ကို မဆို ထြက္ခြာခြင့္ေပးမယ္လို႔ မီးစိမ္းျပခဲ့ပါတယ္။ ဒါေပမယ့္ ယူနိုက္တက္ကေတာ့ ဘရြတ္ခ္အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၄၀ သံုးဖို႔ တြန္႔ဆုတ္ေနပါတယ္။

ရွက္ဖီးယူနုိက္တက္ကို ႏႈတ္ဆက္ခဲ့ျပီးေနာက္ ဒင္းဟန္ဒါဆန္ဟာ ယူနိုက္တက္ထံ ျပန္ေရာက္လာခဲ့ျပီ ျဖစ္ျပီး ဒီေန႔ အသင္း ထရိန္နင္မွာ ယူနုိုက္တက္ အသင္းေဖာ္ေတြနဲ႕ လာေရာက္ ပူးေပါင္းျပီ ျဖစ္ပါတယ္။ ဟန္ဒါဆန္ဟာ ပြဲထြက္ ဂိုးသမား ဒီဂီယာကို ဖိအားေပးဖို႔ အသင့္ ရွိေနပါတယ္။

လာမယ့္ ၂၀၂၀-၂၁ ေဘာလံုးရာသီ အတြက္ ပရီးမီးယားလိဂ္ ပြဲစဥ္ဇယား အျပည့္အစံု ဒီေန႔မွာ ထုတ္ျပန္ ေၾကျငာခဲ့ျပီ ျဖစ္ရာ ယူနိုက္တက္ကေတာ့ ပြဲဦးထြက္မွာ ခရစၥတယ္ပဲေလ့စ္နဲ႕ အိမ္ကြင္း အိုးထရက္ဖို႕ဒ္မွာ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။ ဥေရာပပြဲ ကစားထားတာေၾကာင့္ ပြဲစဥ္ ၁ ကို စက္တင္ဘာ ၁၉ ရက္မွ ယူနိုက္တက္က ကစားရမွာပါ။

ယူနိုက္တက္ တိုက္စစ္မွဴး မာရွယ္ဟာ အြန္နရီ၊ စီရိုနယ္ဒိုတို႔လို ပရီးမီးယားလိဂ္မွာ နာမည္ေက်ာ္တဲ့ တိုက္စစ္မွူး တစ္ဦး ျဖစ္လာနုိင္ေၾကာင္း ယူနိုက္တက္ ကစားသမားေဟာင္းၾကီး ဒြိဳက္ေယာ့ခ္က ေထာက္ခံလိုက္ပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း အန္ဒီကိုးလ္ကေတာ့ ေဒါ့မြန္ ၾကယ္ပြင့္ ဆန္ခ်ိဳကို အတင္း ေခၚယူဖို႔ ၾကိဳးစားေနတာက လက္ရွိ ယူနုိက္တက္ ၾကယ္ပြင့္ ေမဆန္ ဂရင္း၀ုဒ္ရဲ႕ တက္လမ္းကို ပိတ္ဆို႔ မပစ္ဖို႔ အေရးၾကီးေၾကာင္း သတိေပးလိုက္ပါတယ္။

အက္စတြန္ဗီလာ ကြင္းလယ္ၾကယ္ပြင့္ ဂ်က္ ဂေရးလစ္ခ်္ ကို ေခၚယူလိုေနေသးေပမယ့္ ေငြေၾကး မ်ားမ်ား မသံုးစြဲလိုတာေၾကာင့္ ယူနိုက္တက္ဟာ ေျပာင္းေရႊ႕ေၾကးထဲမွာ အရန္ ဂိုးသမား ရိုမဲရိုးကိုပါ အလိုက္ေပး ထည့္သြင္းသြားရန္ ၾကံရြယ္ေနပါတယ္။