မနက်ဖြန် တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်မှာ ကန်မယ့် မန်ချက်စတာ ဒါဘီ ပွဲကတော့ ထုံးစံအတိုင်း မန်စီးတီးပဲ နိုင်သွားမှာပါပဲ လို့ ပရီးမီးယားလိဂ်နဲ့ စပါးအသင်း ကစားသမားဟောင်း ဂျင်မီအိုဟားရားက ထုတ်ပြောလာပါတယ်။
ယူနိုက်တက်ဟာ ဒီပွဲမှာ သရေတောင် မျှော်လင့်လို့ရမှာ မဟုတ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ သူတို့အသင်းကို ထိုင်ခုံတွေနောက်က ခိုးပဲ ကြည့်ကြပါလို့ ပရီးမီးယားလိဂ် သုံးသပ်သူလည်း ဖြစ်တဲ့ အိုဟာရာ က လှောင်ပြောင်သွားပါတယ်။
အိုဟာရာက “ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ရလဒ် တစ်ခု ရစရာ ဘာအကြောင်းမှ မရှိပါဘူး။ ယူနိုက်တက် ပရိသတ်တွေကို ဆိုဖာနောက်ကပဲ ပုန်းပြီး ဒီပွဲကို ကြည့်ကြပါလို့ အကြံပေးချင်ပါတယ်။

ဒီတလောအတွင်း သူတို့ သိပ်ကို ညံ့ဖျင်းပြီး ပဲလေစ့်ကို အရေးနိမ့်ခဲ့တယ်။ အဲ့နောက် ဘရန့်ဖိုဒ့်နဲ့ ရှက်ဖီး ယူနိုက်တက် တို့ကို အနိုင်ရခဲ့တယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ တစ်ခုခု လုပ်နိုင်မယ်ကို မမြင်ပါဘူး။
မန်စီးတီးက အိုးထရတ်ဖိုဒ့်ကို ရောက်ချလာပြီး သူတို့ကို မြေလှန်ပစ်မှာပါ။ ဒီနှစ်တွေအတွင်း မန်ချက်စတာရဲ့ ပို ကောင်းတဲ့ ဘက်ခြမ်းမှာ သူတို့ ရှိနေခဲ့တာပါ။ တနင်္ဂနွေနေ့မှာ ဒါက အပြောင်းအလဲ ရှိလာမယ်လို့ မမြင်မိပါဘူး။
မန်စီးတီးပဲ အနိုင်ရသွားမှာပါ။ ယူနိုက်တက် ခံစစ်က သိပ်ကိုအားနည်းလွန်းလှပြီး အိုးထရတ်ဖိုဒ့်ဟာ ဟာလန်းနဲ့ အဲဗာရက်စ်တို့ အစွမ်းပြနိုင်မယ့် နေရာ ဖြစ်သွားပါလိမ့်မယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီး ဟာ ဇယားထိပ်က စပါးအသင်းနဲ့ ၅မှတ် ပြတ်နေမှုကို ကျဉ်းမြောင်းစေဖို့ တနင်္ဂနွေနေ့ပွဲမှာ အနိုင် ၃ မှတ် ရယူဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။
