ယူနိုက်တက် လူစာရင်းက လုံလောက်ကောင်းမွန်မှု မရှိကြောင်း ဆိုးရှား နောက်ကွယ်မှာ နည်းပြအဖွဲ့ဝင် တစ်ဦး ထုတ်ပြောခဲ့

ယူနိုက်တက်အသင်း မန်နေဂျာ အိုလေဂန်နာ ဆိုးရှားရဲ့ နည်းပြ အဖွဲ့ဝင်ထဲက တစ်ဦးဟာ ယူနိုက်တက် ယူရိုပါလိဂ်ပြိုင်ပွဲကနေ မထွက်ခွာခင်က အသင်း လူစာရင်းဟာ လုံလောက် ကောင်းမွန်မှု မရှိကြောင်း ဆိုးရှား နောက်ကွယ်မှာ ပြောဆိုခဲ့တယ်လို့ အင်္ဂလန် The Times သတင်းစာက ဖော်ထုတ်လိုက်ပါတယ်။ ယူနိုက်တက်ဟာ ဆီမီးဖိုင်နယ် အဆင့်မှာ ဆီဗီလာကို ၂-၁ နဲ့ ရှုံးနိမ့်ပြီး ဖလားလက်မဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ရတာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီလက ဘရူနို ဖာနန်ဒက်စ် ရောက်လာတဲ့ နောက်ပိုင်း သိသာစွာ တိုးတက်ကောင်းမွန်လာခဲ့ပေမယ့် ရလဒ်ကောင်းတွေရဖို့အတွက် နည်းပြ ဆိုးရှားဟာ ပွဲထွက် ၁၁ ယောက်တည်းကိုသာ လုံး၀ မှီတည်အားပြုခဲ့ပါတယ်။ အရန် ကစားသမားတွေ အဖြစ် လင်ဂတ်၊ ဒန်နီရယ် ဂျိမ်းစ်၊ အစ်ဟာလို တို့ဟာ ပရီးမီးယားလိဂ် ပွဲတွေ ကုန်သည်ထိ ကောင်းစွာ ပါဝင်ခွင့် မရခဲ့ဘဲ လျစ်လျူရှု ခံခဲ့ရပါတယ်။

ဒါကြောင့် ပြည်တွင်းပွဲတွေ အပြီး ခေတ္တနားပြီးနောက် ယူရိုပါလိဂ် ပွဲတွေ ပြန်စတင် ကစားချိန်မှာ ယူနိုက်တက်ဟာ ကစားပုံအတွက် အပြောင်းအလဲ လုပ်ဖို့ ခက်ခဲခဲ့တာ တွေ့ရပါတယ်။ LASK ကို နိုင်ခဲ့တဲ့ ပွဲမှာ ၂-၁ နဲ့သာ အချိန်ပိုထိ ခက်ခက်ခဲဃဲ ယှဉ်ပြိုင်ခဲ့ရပြီး ကိုပင်ဟေဂင်ကိုလည်း ပင်နယ်တီ သွင်းဂိုးနဲ့သာ အနိုင်ယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်မှာ ပွဲကို ပြောင်းလဲ လုပ်နိုင်တဲ့ ကစားသမားတွေ အရန်ခုံမှာ မရှိတော့ဘူးလို့ ဆီမီးပွဲမတိုင်ခင်တည်းက ဆိုးရှားရဲ့ နည်းပြ အဖွဲ့ဝင်တစ်ဦးက အမည်မဖော်လိုဘဲ The Times သတင်းစာမှာ ပြောဆိုခဲ့ပါတယ်။

နည်းပြ ဆိုးရှားဟာ ဆီဗီလာနဲ့ ပွဲမှာလည်း အရန် ကစားသမားတွေ ဖြစ်တဲ့ မာတာ၊ ဂျိမ်းစ်နဲ့ အစ်ဟာလိုတို့ကို ထည့်သွင်းဖို့ ကြံ့ကြာနေခဲ့ပြီး ၈၇ မိနစ်မှာ လူစားလဲလှယ်ခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေကို မပြေင်းလဲနိုင်ခဲ့ဘဲ ပြိုင်ပွဲက ထွက်ခွာခဲ့ရတာပါ။ ဒါကြောင့်လဲ တောင့်တင်းမှု မရှိတဲ့ အသင်း လူစာရင်းကို ဖြည့်တင်းဖို့ ယူနိုက်တက်က ဈေးကွက်ထဲ လှုပ်ရှားနေပြီ ဖြစ်ပါတယ်။

လောလောဆယ်မှာ ဦးစားပေး ပစ်မှတ် အဖြစ် ဆန်ချိုနဲ့ ဂျက်ဂရေးလစ်ချ်ကို သတ်မှတ်ထားတဲ့ အပြင် ဗဟိုခံစစ် တစ်ဦးလည်း ခေါ်ယူဖို့ ရှိနေပါတယ်။ ဆန်ချို အတွက် မရေရာ ဖြစ်နေချိန်မှာ ဂရေးလစ်ချ်ကို ခေါ်ဖို့ ဆက်လက် လှုပ်ရှားနေပြီး အက်စတွန်ဗီလာက သူတို့ အသင်းခေါင်းဆောင် အတွက် ပေါင် ၇၅ သန်း အလိုရှိနေချိန်မှာ ယူနိုက်တက်က ပေါင် ၅၅ သန်းသာ ပေးလိုတာကြောင့် ညှိနှိုင်းနေရဆဲ ဖြစ်ပါတယ်။

Zawgyi – ယူနိုက္တက္အသင္း မန္ေနဂ်ာ အိုေလဂန္နာ ဆိုးရွားရဲ႕ နည္းျပ အဖြဲ႕၀င္ထဲက တစ္ဦးဟာ ယူနိုက္တက္ ယူရိုပါလိဂ္ျပိဳင္ပြဲကေန မထြက္ခြာခင္က အသင္း လူစာရင္းဟာ လံုေလာက္ ေကာင္းမြန္မႈ မရွိေၾကာင္း ဆိုးရွား ေနာက္ကြယ္မွာ ေျပာဆိုခဲ့တယ္လို႔ အဂၤလန္ The Times သတင္းစာက ေဖာ္ထုတ္လိုက္ပါတယ္။ ယူနုိက္တက္ဟာ ဆီမီးဖိုင္နယ္ အဆင့္မွာ ဆီဗီလာကို ၂-၁ နဲ႕ ရွံုးနိမ့္ျပီး ဖလားလက္မဲ့ ရာသီကို ပိုင္ဆိုင္ခဲ့ရတာပါ။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဇန္န၀ါရီလက ဘရူနို ဖာနန္ဒက္စ္ ေရာက္လာတဲ့ ေနာက္ပိုင္း သိသာစြာ တိုးတက္ေကာင္းမြန္လာခဲ့ေပမယ့္ ရလဒ္ေကာင္းေတြရဖို႔အတြက္ နည္းျပ ဆိုးရွားဟာ ပြဲထြက္ ၁၁ ေယာက္တည္းကိုသာ လံုး၀ မွီတည္အားျပဳခဲ့ပါတယ္။ အရန္ ကစားသမားေတြ အျဖစ္ လင္ဂတ္၊ ဒန္နီရယ္ ဂ်ိမ္းစ္၊ အစ္ဟာလို တို႔ဟာ ပရီးမီးယားလိဂ္ ပြဲေတြ ကုန္သည္ထိ ေကာင္းစြာ ပါ၀င္ခြင့္ မရခဲ့ဘဲ လ်စ္လ်ဴရွဳ ခံခဲ့ရပါတယ္။

ဒါေၾကာင့္ ျပည္တြင္းပြဲေတြ အျပီး ေခတၱနားျပီးေနာက္ ယူရိုပါလိဂ္ ပြဲေတြ ျပန္စတင္ ကစားခ်ိန္မွာ ယူနိုက္တက္ဟာ ကစားပံုအတြက္ အေျပာင္းအလဲ လုပ္ဖို႔ ခက္ခဲခဲ့တာ ေတြ႔ရပါတယ္။ LASK ကို နုိင္ခဲ့တဲ့ ပြဲမွာ ၂-၁ နဲ႕သာ အခ်ိန္ပိုထိ ခက္ခက္ခဲဃဲ ယွဥ္ျပိဳင္ခဲ့ရျပီး ကိုပင္ေဟဂင္ကိုလည္း ပင္နယ္တီ သြင္းဂိုးနဲ႕သာ အနုိင္ယူနိုင္ခဲ့ပါတယ္။

ယူနိုက္တက္မွာ ပြဲကို ေျပာင္းလဲ လုပ္နုိင္တဲ့ ကစားသမားေတြ အရန္ခံုမွာ မရွိေတာ့ဘူးလို႔ ဆီမီးပြဲမတိုင္ခင္တည္းက ဆိုးရွားရဲ႕ နည္းျပ အဖြဲ႕၀င္တစ္ဦးက အမည္မေဖာ္လိုဘဲ The Times သတင္းစာမွာ ေျပာဆိုခဲ့ပါတယ္။

နည္းျပ ဆိုးရွားဟာ ဆီဗီလာနဲ႕ ပြဲမွာလည္း အရန္ ကစားသမားေတြ ျဖစ္တဲ့ မာတာ၊ ဂ်ိမ္းစ္နဲ႕ အစ္ဟာလိုတို႔ကို ထည့္သြင္းဖို႔ ၾကံ႕ၾကာေနခဲ့ျပီး ၈၇ မိနစ္မွာ လူစားလဲလွယ္ခဲ့ပါတယ္။ ဒါေပမယ့္ အေျခအေနကို မေျပင္းလဲနုိင္ခဲ့ဘဲ ျပိဳင္ပြဲက ထြက္ခြာခဲ့ရတာပါ။ ဒါေၾကာင့္လဲ ေတာင့္တင္းမႈ မရွိတဲ့ အသင္း လူစာရင္းကို ျဖည့္တင္းဖို႔ ယူနိုက္တက္က ေစ်းကြက္ထဲ လႈပ္ရွားေနျပီ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာ ဦးစားေပး ပစ္မွတ္ အျဖစ္ ဆန္ခ်ိဳနဲ႕ ဂ်က္ဂေရးလစ္ခ်္ကို သတ္မွတ္ထားတဲ့ အျပင္ ဗဟိုခံစစ္ တစ္ဦးလည္း ေခၚယူဖို႔ ရွိေနပါတယ္။ ဆန္ခ်ိဳ အတြက္ မေရရာ ျဖစ္ေနခ်ိန္မွာ ဂေရးလစ္ခ်္ကို ေခၚဖို႔ ဆက္လက္ လႈပ္၇ွားေနျပီး အက္စတြန္ဗီလာက သူတို႔ အသင္းေခါင္းေဆာင္ အတြက္ ေပါင္ ၇၅ သန္း အလိုရွိေနခ်ိန္မွာ ယူနိုက္တက္က ေပါင္ ၅၅ သန္းသာ ေပးလိုတာေၾကာင့္ ညွိနိႈင္းေနရဆဲ ျဖစ္ပါတယ္။