RANKING: ၂၀၂၃ ဘလွန်းဒီအော ဆု ဆန်ကာတင် အယောက် ၃ဝ ထဲမှာ ဘယ်သူတွေ ဘယ် အဆင့် ရသွားကြသလဲ

ဒီနှစ် ၂၀၂၃ ဘလွန်းဒီအော ဆုကိုတော့ အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီ တိုက်စစ်မှူး မက်ဆီက မန်စီးတီး တိုက်စစ်မှုး ဟာလန်းကို ကျော်ဖြတ်ပြီး ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့ ပဲရစ်မှာ ပေးအပ်တဲ့ အဆိုပါ ဆုပေးပွဲမှာ မက်ဆီက ဟာလန်းနဲ့ အမ်ဘတ်ပီတို့ကို ကျော်ဖြတ်ပြီး ဘလွန်းဒီအော ဆု ကို ၈ ကြိမ်မြောက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီဆုဟာ ဖီဖာရဲ့ အဖွဲ့ဝင် ထိပ်တန်း နိုင်ခံ ၁ဝဝ မှ ဂျာနယ်လစ် ၁ဝဝ က မဲပေးရတာ ဖြစ်ပြီး ဆန်ကာတယ် အယောက် ၃ဝ စာရင်းမှ ၅ ဦးကို မဲပေးရတဲ့ စနစ် ဖြစ်ပါတယ်။ မဲတွေကို အမှတ်ပေးစနစ်နဲ့ ပြန်စီပြီးကာမှ အများဆုံး အမှတ်ရသူက ဒီဆုကို ရရှိတာပါ။

၂၀၂၃ ဆု ရဲ့ ဆန်ကာတင် အယောက် ၃ဝ စာရင်းမှ အဆင့် သတ်မှတ်ချက်တွေက အောက်ပါအတိုင်း ရှိပါတယ်။

1. Lionel Messi (Inter Miami/Argentina)

2. Erling Haaland (Man City/Norway)

3. Kylian Mbappe (Paris Saint-Germain/France)

4. Kevin De Bruyne (Man City/Belgium)

5. Rodri (Man City/Spain)

6. Vinicius Jr (Real Madrid/Brazil)

7. Julian Alvarez (Man City/Argentina)

8. Victor Osimhen (Napoli/Nigeria)

9. Bernardo Silva (Manchester City/Portugal)

10. Luka Modric (Real Madrid/Croatia)

11. Mohamed Salah (Liverpool/Egypt)

12. Robert Lewandowski (Barcelona/Poland)

13. Yassine Bounou (Sevilla/Morocco)

14. Ilkay Gundogan (Barcelona/Germany)

15. Emi Martinez (Aston Villa/Argentina)

16. Karim Benzema (Al-Ittihad/France)

17. Khvicha Kvaratskhelia (Napoli/Georgia)

18. Jude Bellingham (Real Madrid/England)

19. Harry Kane (Bayern Munich/England)

20. Lautaro Martinez (Inter Milan/Argentina)

21. Antoine Griezmann (Atletico Madrid/France)

22. Kim Min-jae (Bayern Munich/South Korea)

23. Andre Onana (Manchester United/Cameroon)

24. Bukayo Saka (Arsenal/England)

25. Josko Gvardiol (Manchester City/Croatia)

26. Jamal Musiala (Bayern Munich/Germany)

27. Nicolo Barella (Inter Milan/France)

= 28. Randal Kolo Muani (PSG/France)

= 28. Martin Odegaard (Arsenal/Norway)

30. Ruben Dias (Manchester City/Portugal)

မနှစ်ကရာသီ လီဂူးဝမ်းမှာ ၄၁ ပွဲကစားပြီး ကိုယ်တိုင် ၂၁ ဂိုးသွင်း ဂိုး၂၀ ရခဲ့တဲ့ မက်ဆီဟာ ကမ္ဘာ့အကြီးကျယ်ဆုံး ပြိုင်ပွဲဖြစ်တဲ့ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့အတူ ဗိုလ်စွဲခဲ့သူ ဖြစ်ပါတယ်။

ဥရောပမှာ အဓိက ဆုဖလားကြီး ၂ လုံးကို အောင်မြင်ခဲ့သလို ၅၃ ပွဲအတွင်း ၅၂ ဂိုး သွင်းခဲ့တဲ့ ဟာလန်းကပဲ ဘလွန်းဒီအောဆု အနိုင်ရသင့်တယ်လို့ ထင်မြင်သူတွေလည်း ရှိနေပါတယ်။