ယူနိုက်တက်လို အင်္ဂလန်လိဂ်ကို လွှမ်းမိုးနိုင်မယ့် နောက်ထပ်အသင်း မပေါ်လာနိုင်တော့ဘူး

ပရီးမီးယားလိဂ်ကို လွှမ်းမိုခဲ့တဲ့ ဆာအဲလက်စ်ရဲ့ ယူနိုက်တက်လို နောက်ထပ် အသင်းတစ်သင်း ပေါ်ထွက်လာဖို့က မဖြစ်နိုင်တော့ဘူးလို့ လီဗာပူးကစားသမားဟောင်း ဂျွန်ဘမ်းက ထုတ်ပြောလိုက်ပါတယ်။

ဆာအဲလက်စ် ဦးဆောင်တဲ့ ယူနိုက်တက်ဟာ ၁၉၉၂ ကနေ ၂၀၁၃ ခုနှစ်အတွင်း ပရီးမီးယားလိဂ် အမှတ်ပေးဖလား ၁၃ ကြိမ် အနိုင်ရခဲ့တာပါ။ ဒီဘက်ခေတ်မှာတော့ ထိပ်သီးအသင်းတွေက ဘဏ္ဍာရေးတွေ ပိုမို သုံးစွဲလာခဲ့ခြင်းက ပြိုင်ဆိုင်မှုတွေ ပိုမို ပြင်းထန်လာစေသလို ကလပ်တစ်သင်းတည်း လွှမ်းမိုး အုပ်စိုးထားဖို့ မဖြစ်နိုင်တော့ဘူးလို့ သူက ပြောပါတယ်။

ဂျွန်ဘမ်းက ” ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် လီဗာပူးက ဆုဖလားကို ခုခံသွားမှာ မဟုတ်ပါဘူး။ လီဗာပူးက ကိုယ်ကစားရတဲ့ ပွဲတွေကိုပဲ ခုခံသွားမှာဖြစ်တယ်။ ယာဂင်ကလော့ပ်က သူ့အသင်းကို ဆုဖလားတွေ အနိုင်ရဖို့ ဖိအားမပေးပါဘူး။ သူက ဘောလုံးပွဲတွေကို နိုင်ရမယ်ဆိုတဲ့ ဖိအားပဲ ပေးမယ့်သူပါ။

ဒါက အိုဟောင်းနေတဲ့ နည်းစနစ်ပဲဖြစ်ပါတယ်။ ယှဉ်ပြိုင်ရမယ့် ပွဲအားလုံးကို အကောင်းဆုံး ယှဉ်ပြိုင်လိုက်ဖို့ပဲဖြစ်တယ်။ ၁၉၈၀ ခုနှစ်တွေက အင်္ဂလန်ဘောလုံးလိဂ်ကို လွှမ်းမိုးခဲ့တဲ့ လီဗာပူးအသင်းလို၊ နောက်ပြီး ဆာအဲလက်စ်ရဲ့ ယူနိုက်တက်လို နောက်ထပ် အင်္ဂလန်ကို လွှမ်းမိုးမယ့် အသင်း ပေါ်ထွက်လာဖို့ဆိုတာ ခက်ခဲပါတယ်။ လက်ရှိ ယာဂင်ကလော့ပ် အသင်း အပါအဝင်ပေါ့။

နှစ်တိုင်းမှာ ထိပ်ဆုံး ၆ သင်းက အသုံးစရိတ် ပေါင် ၂၀၀-၃၀၀ လောက်ထိကို အသုံးပြုပြီး ကစားသမားကောင်းတွေ ခေါ်နေတာပါ။ ပိုကောင်းတဲ့ စိန်ခေါ်မှုတွေနဲ့ ဆုဖလားတွေ အနိုင်ရဖို့ပေါ့။ အခုချိန်မှာဆို ပိုခက်ခဲသွားပါပြီ။ ဘာလို့လည်းဆိုတော့ အားလုံးသော ပရီးမီးယားလိဂ်အသင်းတွေက လာမယ့်ရာသီမှာ ပိုမို ပြိုင်ဆိုင်မှုပြင်းထန်းဖို့ ငွေကြေးတွေ သုံးစွဲနိုင်တဲ့ အနေအထားကို ရောက်နေပါပြီ။

ဆာအဲလက်စ် လက်အောက်မှာ ယူနိုက်တက်က ပရီးမီးယားလိဂ်ကို လွှမ်းမိုးခဲ့သလို အသင်းတစ်သင်းက ပရီးမီးယားလိဂ်ကို လွှမ်းမိုးထားတာမျိုး မြင်ရဖို့ဆိုတာ ဖြစ်နိုင်တော့မယ်လို့ မထင်ပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကို လႊမ္းမိုခဲ့တဲ့ ဆာအဲလက္စ္ရဲ႕ ယူႏုိက္တက္လို ေနာက္ထပ္ အသင္းတစ္သင္း ေပၚထြက္လာဖို႔က မျဖစ္ႏုိင္ေတာ့ဘူးလို႔ လီဗာပူးကစားသမားေဟာင္း ဂၽြန္ဘမ္းက ထုတ္ေျပာလိုက္ပါတယ္။

ဆာအဲလက္စ္ ဦးေဆာင္တဲ့ ယူႏုိက္တက္ဟာ ၁၉၉၂ ကေန ၂၀၁၃ ခုႏွစ္အတြင္း ပရီးမီးယားလိဂ္ အမွတ္ေပးဖလား ၁၃ ၾကိမ္ အႏုိင္ရခဲ့တာပါ။ ဒီဘက္ေခတ္မွာေတာ့ ထိပ္သီးအသင္းေတြက ဘ႑ာေရးေတြ ပိုမို သံုးစြဲလာခဲ့ျခင္းက ျပိဳင္ဆိုင္မႈေတြ ပိုမို ျပင္းထန္လာေစသလို ကလပ္တစ္သင္းတည္း လႊမ္းမိုး အုပ္စိုးထားဖို႔ မျဖစ္ႏုိင္ေတာ့ဘူးလို႔ သူက ေျပာပါတယ္။

ဂၽြန္ဘမ္းက ” ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ကာကြယ္ဖို႔ဆိုတာ ခက္ခဲပါတယ္။ ဒါေပမယ့္ လီဗာပူးက ဆုဖလားကို ခုခံသြားမွာ မဟုတ္ပါဘူး။ လီဗာပူးက ကိုယ္ကစားရတဲ့ ပြဲေတြကိုပဲ ခုခံသြားမွာျဖစ္တယ္။ ယာဂင္ကေလာ့ပ္က သူ႔အသင္းကို ဆုဖလားေတြ အႏုိင္ရဖို႔ ဖိအားမေပးပါဘူး။ သူက ေဘာလံုးပြဲေတြကို ႏုိင္ရမယ္ဆိုတဲ့ ဖိအားပဲ ေပးမယ့္သူပါ။

ဒါက အိုေဟာင္းေနတဲ့ နည္းစနစ္ပဲျဖစ္ပါတယ္။ ယွဥ္ျပိဳင္ရမယ့္ ပြဲအားလံုးကို အေကာင္းဆံုး ယွဥ္ျပိဳင္လိုက္ဖို႔ပဲျဖစ္တယ္။ ၁၉၈၀ ခုႏွစ္ေတြက အဂၤလန္ေဘာလံုးလိဂ္ကို လႊမ္းမိုးခဲ့တဲ့ လီဗာပူးအသင္းလို၊ ေနာက္ျပီး ဆာအဲလက္စ္ရဲ႕ ယူႏုိက္တက္လို ေနာက္ထပ္ အဂၤလန္ကို လႊမ္းမိုးမယ့္ အသင္း ေပၚထြက္လာဖို႔ဆိုတာ ခက္ခဲပါတယ္။ လက္ရွိ ယာဂင္ကေလာ့ပ္ အသင္း အပါအဝင္ေပါ့။

ႏွစ္တုိင္းမွာ ထိပ္ဆံုး ၆ သင္းက အသံုးစရိတ္ ေပါင္ ၂၀၀-၃၀၀ ေလာက္ထိကို အသံုးျပဳျပီး ကစားသမားေကာင္းေတြ ေခၚေနတာပါ။ ပိုေကာင္းတဲ့ စိန္ေခၚမႈေတြနဲ႔ ဆုဖလားေတြ အႏုိင္ရဖို႔ေပါ့။ အခုခ်ိန္မွာဆို ပိုခက္ခဲသြားပါျပီ။ ဘာလို႔လည္းဆိုေတာ့ အားလံုးေသာ ပရီးမီးယားလိဂ္အသင္းေတြက လာမယ့္ရာသီမွာ ပိုမို ျပိဳင္ဆုိင္မႈျပင္းထန္းဖို႔ ေငြေၾကးေတြ သံုးစြဲႏုိင္တဲ့ အေနအထားကို ေရာက္ေနပါျပီ။

ဆာအဲလက္စ္ လက္ေအာက္မွာ ယူႏုိက္တက္က ပရီးမီးယားလိဂ္ကို လႊမ္းမိုးခဲ့သလို အသင္းတစ္သင္းက ပရီးမီးယားလိဂ္ကို လႊမ္းမိုးထားတာမ်ိဳး ျမင္ရဖို႔ဆိုတာ ျဖစ္ႏုိင္ေတာ့မယ္လို႔ မထင္ပါဘူး ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။