ယနေ့ နောက်ဆုံးရ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (21/08/20)

ဂရိမှာ ရောက်နေတဲ့ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားဟာ သောကြာနေ့နံနက် အစောပိုင်က ရန်ပွဲတစ်ခုမှာ ပါဝင်ခဲ့တာကြောင့် ဒေသခံ ရဲအဖွဲ့ ထိန်းသိမ်းခြင်း ခံထားရပြီး လိုအပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေကို အပြည့်အ၀ ပါဝင်ကူညီသွားဖို့လည်း ရှိကြောင်း ယူနိုက်တက်က သတင်းထုတ်ပြန်ထားပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲဖို့အတွက် မဲအိုးများ ယေဘုယျ ခန့်မှန်းနိုင်ပြီ ဖြစ်ရာ ယူနိုက်တက်က ချယ်ဆီး၊ မန်စီးတီးတို့နဲ့ အတူ မဲအိုး ၂ မှာ ပါဝင်နေပြီး မဲအိုး ၁ မှ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်၊ ဘိုင်ယန်၊ ပီအက်စ်ဂျီတို့နဲ့ အုပ်စုမှာ တွေ့နိုင်ခြေ ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ယူအီးအက်ဖ်အေက နောက်ဆုံး ထုတ်ပြန်တဲ့ ငါးနှစ်တာ Ranking ဇယားမှာ ထိပ်ဆုံး ၁၀ သင်းထဲ ပါဝင်ဆဲ ဖြစ်တဲ့ အပြင် လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ထားဆဲ လီဗာပူးအသင်းထက်တောင် တစ်မှတ် အသာရကာ အဆင့် ၈ နေရာမှာ ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်ဆီးကနေ ထွက်ခွာဟန် ပြင်နေတဲ့ ကွင်းလယ်ကစားသမား ကန်တေကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ကန်တေဟာ ပြင်သစ် လက်ရွေးစင် အသင်းမှာလည်း ပေါ့ဘာနဲ့ အတူ ကစား ခြေစွမ်းပြနိုင်တဲ့ အပြင် ယူနိုက်တက် လက်ရှိ ကွင်းလယ်ခံစစ်မှာ မာတစ် တစ်ဦးတည်းသာ အမာခံ ရှိတာကြောင့် ကန်တေက အသင့်တော်ဆုံး အနေအထား ဖြစ်နေပါတယ်။

ယူနိုက်တက်ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ရှုံးပွဲ မတိုင်ခင်မှာ အသင်း မန်နေဂျာ ဆိုးရှားရဲ့ နည်းပြ အဖွဲ့ဝင် တစ်ဦး ဖြစ်သူက လက်ရှိ ယူနိုက်တက် လူစာရင်းက တောင့်တင်းလုံလောက်မှု မရှိကြောင်း ပြောဆိုခဲ့တယ်လို့ The Times သတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။

ဂျူဗင်တပ် နည်းပြသစ် ဖြစ်လာတဲ့ ပီယာလို က သူ့အစီအစဉ်တွေထဲ မပါဝင်တဲ့ ကစားသမားတွေ ရောင်းချလိုနေပြီး ယူနိုက်တက် စောင့်ကြည့်နေတဲ့ ဒေါက်ကလပ် ကော်စတာကိုလည်း ပေါင် ၁၈ သန်း ရရင် ရောင်းချမှာ ဖြစ်ကြောင်း အသိပေးထားပါတယ်။

အာဆင်နယ် အသင်းထံ ရောက်တော့မယ် သတင်းကြီးနေတဲ့ လိုင်လီ ခံစစ်မှူး ဂါဘရီရယ် မက်ဂါးလက်စ်ကို ယူနိုက်တက်က ကြားဝင် ကမ်းလှမ်းလိုက်တာကြောင့် ဂန်းနားတို့ မျှော်လင့်ချက်တွေ အရှိန်တန့်သွားပြီ ဖြစ်ပါတယ်။ ယူနိုက်တက်က ပေါင် ၂၂.၆ သန်းနဲ့ ကြားဖြတ် ဝင် ကမ်းလှမ်းခဲ့တာပါ။

Zawgyi – ဂရိမွာ ေရာက္ေနတဲ့ ယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားဟာ ေသာၾကာေန႔နံနက္ အေစာပိုင္က ရန္ပြဲတစ္ခုမွာ ပါ၀င္ခဲ့တာေၾကာင့္ ေဒသခံ ရဲအဖြဲ႕ ထိန္းသိမ္းျခင္း ခံထားရျပီး လိုအပ္တဲ့ စံုစမ္း စစ္ေဆးမႈေတြကို အျပည့္အ၀ ပါ၀င္ကူညီသြားဖို႔လည္း ရွိေၾကာင္း ယူနုိက္တက္က သတင္းထုတ္ျပန္ထားပါတယ္။

ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ မဲခြဲဖို႔အတြက္ မဲအိုးမ်ား ေယဘုယ် ခန္႔မွန္းနုိုင္ျပီ ျဖစ္ရာ ယူနုိက္တက္က ခ်ယ္ဆီး၊ မန္စီးတီးတို႔နဲ႕ အတူ မဲအိုး ၂ မွာ ပါ၀င္ေနျပီး မဲအိုး ၁ မွ ထိပ္သီးအသင္းေတြ ျဖစ္တဲ့ ရီးရဲလ္၊ ဘိုင္ယန္၊ ပီအက္စ္ဂ်ီတို႔နဲ႕ အုပ္စုမွာ ေတြ႔နုိင္ေျခ ရွိေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ယူအီးအက္ဖ္ေအက ေနာက္ဆံုး ထုတ္ျပန္တဲ့ ငါးနွစ္တာ Ranking ဇယားမွာ ထိပ္ဆံုး ၁၀ သင္းထဲ ပါ၀င္ဆဲ ျဖစ္တဲ့ အျပင္ လက္ရွိ ခ်န္ပီယံလိဂ္ ခ်န္ပီယံ ျဖစ္ထားဆဲ လီဗာပူးအသင္းထက္ေတာင္ တစ္မွတ္ အသာရကာ အဆင့္ ၈ ေနရာမွာ ရွိပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ခ်ယ္ဆီးကေန ထြက္ခြာဟန္ ျပင္ေနတဲ့ ကြင္းလယ္ကစားသမား ကန္ေတကို ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။ ကန္ေတဟာ ျပင္သစ္ လက္ေရြးစင္ အသင္းမွာလည္း ေပါ့ဘာနဲ႕ အတူ ကစား ေျခစြမ္းျပနိုင္တဲ့ အျပင္ ယူနုိက္တက္ လက္ရွိ ကြင္းလယ္ခံစစ္မွာ မာတစ္ တစ္ဦးတည္းသာ အမာခံ ရွိတာေၾကာင့္ ကန္ေတက အသင့္ေတာ္ဆံုး အေနအထား ျဖစ္ေနပါတယ္။

ယူနုိက္တက္ရဲ႕ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ ရွံုးပြဲ မတိုင္ခင္မွာ အသင္း မန္ေနဂ်ာ ဆိုးရွားရဲ႕ နည္းျပ အဖြဲ႕၀င္ တစ္ဦး ျဖစ္သူက လက္ရွိ ယူနုိက္တက္ လူစာရင္းက ေတာင့္တင္းလံုေလာက္မႈ မရွိေၾကာင္း ေျပာဆိုခဲ့တယ္လို႔ The Times သတင္းဌာနက ေဖာ္ထုတ္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္ နည္းျပသစ္ ျဖစ္လာတဲ့ ပီယာလို က သူ႔အစီအစဥ္ေတြထဲ မပါ၀င္တဲ့ ကစားသမားေတြ ေရာင္းခ်လိုေနျပီး ယူနိုက္တက္ ေစာင့္ၾကည့္ေနတဲ့ ေဒါက္ကလပ္ ေကာ္စတာကိုလည္း ေပါင္ ၁၈ သန္း ရရင္ ေရာင္းခ်မွာ ျဖစ္ေၾကာင္း အသိေပးထားပါတယ္။

အာဆင္နယ္ အသင္းထံ ေရာက္ေတာ့မယ္ သတင္းၾကီးေနတဲ့ လိုင္လီ ခံစစ္မွဴး ဂါဘရီရယ္ မက္ဂါးလက္စ္ကို ယူနိုက္တက္က ၾကား၀င္ ကမ္းလွမ္းလိုက္တာေၾကာင့္ ဂန္းနားတို႔ ေမွ်ာ္လင့္ခ်က္ေတြ အရွိန္တန္႔သြားျပီ ျဖစ္ပါတယ္။ ယူနိုက္တက္က ေပါင္ ၂၂.၆ သန္းနဲ႔ ၾကားျဖတ္ ၀င္ ကမ္းလွမ္းခဲ့တာပါ။