ဒေါ့မွန်အသင်းဟာ ၎င်းတို့ရဲ့ တိုက်စစ်ကြယ်ပွင့် ဂျေဒန် ဆန်ချိုကို ရောင်းချမှာ မဟုတ်ဘဲ နောက်ရာသီ အသင်းမှာ ဆက်ရှိမယ်လို့ တရားဝင် ထုတ်ပြောခဲ့ပြီးနောက်ပိုင်း ဆန်ချိုဟာ အသင်းရဲ့ ရာသီကြို အစီအစဉ်များ သွားရောက် ပူးပေါင်းခဲ့ကာ ယူနိုက်တက်ရဲ့ လှုပ်ရှားမှုများလည်း အနည်းငယ် ငြိမ်သက်သွားခဲ့ပါတယ်။ ဒီနောက်ပိုင်း ဆန်ချိုက ပထမဆုံးအကြိမ် အဖြစ် ယူနိုက်တက်နဲ့ ပတ်သတ်တဲ့ သတင်းများကို တုန့်ပြန် ဖြေကြားမှု ပြုလုပ်လာခဲ့ပါတယ်။
ဒေါ့မွန်အတွက် ၉၉ ပွဲ ကစားပြီး ၃၄ ဂိုး သွင်းခဲ့တဲ့ ဆန်ချိုဟာ ယူနိုက်တက် နည်းပြ ဆိုးရှားရဲ့ ဒီနွေ ဦးစားပေး ပစ်မှတ် ဖြစ်ပါတယ်။ ကစားသမား ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ထံ ပြန်သွားဖို့ စိတ်အားထက်သန်နေတာကြောင့် မန်ချက်စတာကလပ်ထံ ရောက်ရှိသွားနိုင်တယ် ယူဆခဲ့ရပြီး ရေပန်းစားခဲ့ပေမယ့် ဘွန်ဒစ်လီဂါကလပ်ရဲ့ ယတိပြတ်ငြင်းပယ်မှုက မထင်မှတ်ဘဲ ထွက်ပေါ်လာခဲ့တာပါ။
ဆန်ချို က ယူနိုက်တက်နဲ့ ပတ်သတ်တဲ့ သတင်းများကို ရှောင်ရှားနေဖြစ်ခဲ့ပြီး နောက်ဆုံး အင်တာဗျူးမှာတော့ အပြောင်းအရွှေ့ ချိတ်ဆက်မှုများနဲ့ ပတ်သတ်ပြီး တုန့်ပြန် ဖြေကြားမှု ပြုလုပ်ခဲ့ပါတယ်။
” ကျနော်ကတော့ သတင်းမီဒီယာတွေ ပြောတာကို မကြည့်ဖြစ်အောင် ကြိုးစားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စကြည့်မိ ဖတ်မိတာနဲ့ အဲဒါတွေက ခေါင်းထဲ အလွယ်တကူ နေရာယူသွားနိုင်လို့ပါ။ ဒါတွေက ကစားသမားတွေမှာ သက်ရောက်မှု ရှိတယ်ဗျ။ ဒီတော့ ကျနော့် အနေနဲ့တော့ ဒါတွေ လိုက်ကြည့်မနေဘဲ ကွင်းထဲမှာ ကိုယ်လုပ်နိုင်တာ အကောင်းဆုံး လုပ်သွားဖို့ အာရုံစိုက်ပါတယ်။ အထူးသဖြင့် ထရိန်နင်မှာပေါ့။
ကျနော့်အတွက် နေ့ရက်တိုင်းက တိုးတက်အောင် လုပ်ဆောင်ဖို့ပဲ။ အပြုံးတစ်ပွင့်နဲ့ အမြဲ ပျော်ရွှင်နေနိုင်ဖို့ကလည်း အရေးကြီးတယ်။ ဒီတော့ ဘေးက အသံတွေ ဒီလို သတင်းပလင်းတွေကို ကျနော် လိုက်ကြည့် မနေဘူး။ ကိုယ့်ဘာသာ ခေါင်းဝှက်ထားပြီး နေ့တိုင်း တိုးတက်ပြီးရင်း တိုးတက်လာဖို့ပဲ အာရုံထားတယ်။ ” လို့ ဆန်ချိုက ပြောဆိုလာခဲ့ပါတယ်။
အပြောင်းအရွှေ့ သတင်းများကို စိတ်မဝင်စားကြောင်း ဆန်ချိုက တုန့်ပြန်ခဲ့သလို ယူနိုက်တက်ဘက်ကလည်း အင်္ဂလန်သား ကြယ်ပွင့်လေးကို လုံး၀ လက်လျှော့တာ မဟုတ်ပေမယ့် အစားထိုးရန် ပစ်မှတ်များ တောက်လျောက် ရှာဖွေ ချိတ်ဆက်နေပါတယ်။ ဘာစီလိုနာမှ ဒမ်ဘီလီကို စောင့်ကြည့်ခဲ့သေးသလို လောလောဆယ်မှာလည်း ဘုန်းမောက် တောင်ပံသမား ဒေးဗစ် ဘရွတ်ခ် အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Zawgyi – ေဒါ့မြန္အသင္းဟာ ၄င္းတို႔ရဲ႕ တိုက္စစ္ၾကယ္ပြင့္ ေဂ်ဒန္ ဆန္ခ်ိဳကို ေရာင္းခ်မွာ မဟုတ္ဘဲ ေနာက္ရာသီ အသင္းမွာ ဆက္ရွိမယ္လို႔ တရား၀င္ ထုတ္ေျပာခဲ့ျပီးေနာက္ပိုင္း ဆန္ခ်ိဳဟာ အသင္းရဲ႕ ရာသီၾကိဳ အစီအစဥ္မ်ား သြားေရာက္ ပူးေပါင္းခဲ့ကာ ယူနိုက္တက္ရဲ႕ လႈပ္ရွားမႈမ်ားလည္း အနည္းငယ္ ျငိမ္သက္သြားခဲ့ပါတယ္။ ဒီေနာက္ပိုင္း ဆန္ခ်ိဳက ပထမဆံုးအၾကိမ္ အျဖစ္ ယူနုိက္တက္နဲ႕ ပတ္သတ္တဲ့ သတင္းမ်ားကို တုန္႔ျပန္ ေျဖၾကားမႈ ျပဳလုပ္လာခဲ့ပါတယ္။
ေဒါ့မြန္အတြက္ ၉၉ ပြဲ ကစားျပီး ၃၄ ဂိုး သြင္းခဲ့တဲ့ ဆန္ခ်ိဳဟာ ယူနုိက္တက္ နည္းျပ ဆိုးရွားရဲ႕ ဒီေႏြ ဦးစားေပး ပစ္မွတ္ ျဖစ္ပါတယ္။ ကစားသမား ကုိယ္တိုင္ကလည္း ပရီးမီးယားလိဂ္ထံ ျပန္သြားဖို႔ စိတ္အားထက္သန္ေနတာေၾကာင့္ မန္ခ်က္စတာကလပ္ထံ ေရာက္ရွိသြားနိုင္တယ္ ယူဆခဲ့ရျပီး ေရပန္းစားခဲ့ေပမယ့္ ဘြန္ဒစ္လီဂါကလပ္ရဲ႕ ယတိျပတ္ျငင္းပယ္မႈက မထင္မွတ္ဘဲ ထြက္ေပၚလာခဲ့တာပါ။
ဆန္ခ်ိဳ က ယူနုိက္တက္နဲ႕ ပတ္သတ္တဲ့ သတင္းမ်ားကို ေရွာင္ရွားေနျဖစ္ခဲ့ျပီး ေနာက္ဆံုး အင္တာဗ်ဴးမွာေတာ့ အေျပာင္းအေရႊ႕ ခ်ိတ္ဆက္မႈမ်ားနဲ႕ ပတ္သတ္ျပီး တုန္႕ျပန္ ေျဖၾကားမႈ ျပဳလုပ္ခဲ့ပါတယ္။
” က်ေနာ္ကေတာ့ သတင္းမီဒီယာေတြ ေျပာတာကို မၾကည့္ျဖစ္ေအာင္ ၾကိဳးစားပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ စၾကည့္မိ ဖတ္မိတာနဲ႕ အဲဒါေတြက ေခါင္းထဲ အလြယ္တကူ ေနရာယူသြားနုိင္လို႔ပါ။ ဒါေတြက ကစားသမားေတြမွာ သက္ေရာက္မႈ ရွိတယ္ဗ်။ ဒီေတာ့ က်ေနာ့္ အေနနဲ႕ေတာ့ ဒါေတြ လိုက္ၾကည့္မေနဘဲ ကြင္းထဲမွာ ကိုယ္လုပ္နုိင္တာ အေကာင္းဆံုး လုပ္သြားဖို႕ အာရံုစိုက္ပါတယ္။ အထူးသျဖင့္ ထရိန္နင္မွာေပါ့။
က်ေနာ့္အတြက္ ေန႔ရက္တိုင္းက တိုးတက္ေအာင္ လုပ္ေဆာင္ဖို႔ပဲ။ အျပံဳးတစ္ပြင့္နဲ႕ အျမဲ ေပ်ာ္ရႊင္ေနနုိင္ဖို႔ကလည္း အေရးၾကီးတယ္။ ဒီေတာ့ ေဘးက အသံေတြ ဒီလို သတင္းပလင္းေတြကို က်ေနာ္ လိုက္ၾကည့္ မေနဘူး။ ကိုယ့္ဘာသာ ေခါင္း၀ွက္ထားျပီး ေန႕တိုင္း တိုးတက္ျပီးရင္း တိုးတက္လာဖို႔ပဲ အာရံုထားတယ္။ ” လို႔ ဆန္ခ်ိဳက ေျပာဆိုလာခဲ့ပါတယ္။
အေျပာင္းအေရႊ႕ သတင္းမ်ားကို စိတ္မ၀င္စားေၾကာင္း ဆန္ခ်ိဳက တုန္႔ျပန္ခဲ့သလို ယူနိုက္တက္ဘက္ကလညး္ အဂၤလန္သား ၾကယ္ပြင့္ေလးကို လံုး၀ လက္ေလွ်ာ့တာ မဟုတ္ေပမယ့္ အစားထိုးရန္ ပစ္မွတ္မ်ား ေတာက္ေလ်ာက္ ရွာေဖြ ခ်ိတ္ဆက္ေနပါတယ္။ ဘာစီလိုနာမွ ဒမ္ဘီလီကို ေစာင့္ၾကည့္ခဲ့ေသးသလို ေလာေလာဆယ္မွာလည္း ဘုန္းေမာက္ ေတာင္ပံသမား ေဒးဗစ္ ဘရြတ္ခ္ အတြက္ ညွိနိႈင္းမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။