အာဆင်နယ် စောင့်ကြည့်နေတဲ့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်လေး အန်ဂျလို စတေလာ

အာဆင်နယ်နည်းပြ အာတီတာက နွေမှာ အပြောင်းအရွှေ့ အသုံးစရိတ် နည်းနည်းနဲ့သာ လှုပ်ရှားရမှာ ဖြစ်ပြီး ဆန်လီဟီး ကိုယ်တိုင်က ပြောင်းရွှေ့ကြေး များများ ခေါ်ယူမှုတွေ မမျှော်လင့်ကြဖို့ ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် ချိတ်ဆက်နေတဲ့ထဲက ဘိုင်ယန်မြူးနစ် လူငယ်ကြယ်ပွင့်လေး စတယ်လာဟာ မထင်မှတ်ဘဲ အမ်းမရိတ် ရောက်လာနိုင်ဖွယ် ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ် ကြယ်ပွင့်လေး စတယ်လာက မြူးနစ်ဖွား ဆယ်ကျော်သက်လေး ဖြစ်ပြီး အသက် ၁၉ နှစ်သား ကွင်းလယ် ကစားသမားလေး ဖြစ်ပါတယ်။ ၎င်းက ဂျာမနီလက်ရွေးစင် U18 အသင်းမှာ ပါဝင်ကစားထားပြီး ဖြစ်ပါတယ်။

အာတီတာက ကွင်းလယ်အထိုင်တစ်ဦး ရအောင် ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် စတယ်လာက နည်းပြကြီး အကြိုက်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီ ဘိုင်ယန်စီနီယာအသင်းကြီးနဲ့ အတူ ရာသီကြို ခရီးစဉ်မှာ ပါဝင်ခဲ့တဲ့ စတယ်လာကလည်း ကွငးလယ် အထိုင်မှာ ကစားပြီး ခံစစ်မှူးတွေနဲ့ရော ကွင်းလယ်တိုက်စစ်သမားတွေနဲ့ပါ ကောင်းစွာ ချိတ်ဆက် ကစားနိုင်ပါတယ်။

စတယ်လာက ဘွန်ဒစ်လီဂါမှာ အသင်းကြီးနဲ့ ပါဝင်ကစားရခြင်း မရှိသေးသည့်တိုင် ယူအီးအက်ဖ်အေ လူငယ် ပြိုင်ပွဲတွေမှာ ပုံမှန် ပါဝင် ခြေစွမ်းပြထားပါတယ်။ ထိုပြိုင်ပွဲမှာ ၆ ပွဲ ပါဝင်ကစားပြီး တစ်ဂိုးသွင်း ၆ ဂိုး ထောက်ပံ့ထားတာကြောင့် စတယ်လာ ခြေစွမ်းက အထင်ကြီးဖွယ် ဆိုရမှာပါ။

စတယ်လာဟာ ၂၀၁၉ ICC ဖလားပွဲမှာ အာဆင်နယ်နဲ့လည်း ရင်ဆိုင် ကစားဖူးပါတယ်။ ၎င်းရဲ့ ကွင်းလယ်မှာ ချိတ်ဆက် ကစားဟန်ကလည်း အမြန်ပေးပို့မှုတွေ ပါဝင်တာကြောင့် အာတီတာရဲ့ အသင်းမှာ သင့်တော် အံဝင်မယ် ယူဆရပါတယ်။

အာဆင်နယ် ကွင်းလယ်မှာ ဇာခါ၊ ဂွမ်ဒူဇီ၊ တော်ရဲရား၊ ဝယ်လော့နဲ့ ဒန်နီ ဆီးဘယ်လော့တို့ ရှိနေပါတယ်။ ဆီးဘယ်လော့ကတော့ အငှား လာကစားနေတာ ဖြစ်လို့ နွေမှာ စပိန်သို့ ပြန်သွားဖွယ် ရှိနေတာပါ။

ကွင်းလယ်မှာ အထိုင်တစ်ယောက် ထပ်ခေါ်ချင်နေတဲ့ အာတီတာ အတွက် စတယ်လာက ဈေးချိုချို လူငယ်တစ်ဦး ဖြစ်တာကြောင့် ဖြစ်နိုင်တဲ့ အပြောင်းအရွှေ့လို့ ဆိုနိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ စတယ်လာကို လက်လွှတ်ရရင် ပြန်ဝယ်ယူခွင့် သဘောတူညီမှုမျိုုး တောင်းဆိုဖွယ် ရှိပါတယ်။

Zawgyi – အာဆင္နယ္နည္းျပ အာတီတာက ေႏြမွာ အေျပာင္းအေရႊ႕ အသံုးစရိတ္ နည္းနည္းနဲ႕သာ လႈပ္ရွားရမွာ ျဖစ္ျပီး ဆန္လီဟီး ကိုယ္တိုင္က ေျပာင္းေရႊ႕ေၾကး မ်ားမ်ား ေခၚယူမႈေတြ မေမွ်ာ္လင့္ၾကဖို႔ ေျပာဆိုထားျပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ အာဆင္နယ္ ခ်ိတ္ဆက္ေနတဲ့ထဲက ဘိုင္ယန္ျမဴးနစ္ လူငယ္ၾကယ္ပြင့္ေလး စတယ္လာဟာ မထင္မွတ္ဘဲ အမ္းမရိတ္ ေရာက္လာနုိင္ဖြယ္ ရွိေနပါတယ္။

ဘိုင္ယန္ျမဴးနစ္ ၾကယ္ပြင့္ေလး စတယ္လာက ျမဴးနစ္ဖြား ဆယ္ေက်ာ္သက္ေလး ျဖစ္ျပီး အသက္ ၁၉ နွစ္သား ကြငး္လယ္ ကစားသမားေလး ျဖစ္ပါတယ္။ ၄င္းက ဂ်ာမနီလက္ေရြးစင္ U18 အသင္းမွာ ပါ၀င္ကစားထားျပီး ျဖစ္ပါတယ္။

အာတီတာက ကြင္းလယ္အထိုင္တစ္ဦး ရေအာင္ ေခၚယူဖို႔ ရည္ရြယ္ထားတာေၾကာင့္ စတယ္လာက နည္းျပၾကီး အၾကိဳက္ပဲ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ရာသီ ဘိုင္ယန္စီနီယာအသင္းၾကီးနဲ႕ အတူ ရာသီၾကိဳ ခရီးစဥ္မွာ ပါ၀င္ခဲ့တဲ့ စတယ္လာကလည္း ကြငးလယ္ အထုိင္မွာ ကစားျပီး ခံစစ္မွဴးေတြနဲ႕ေရာ ကြင္းလယ္တိုက္စစ္သမားေတြနဲ႕ပါ ေကာင္းစြာ ခ်ိတ္ဆက္ ကစားနုိင္ပါတယ္။

စတယ္လာက ဘြန္ဒစ္လီဂါမွာ အသင္းၾကီးနဲ႕ ပါ၀င္ကစားရျခင္း မရွိေသးသည့္တိုင္ ယူအီးအက္ဖ္ေအ လူငယ္ ျပိဳင္ပြဲေတြမွာ ပံုမွန္ ပါ၀င္ ေျခစြမ္းျပထားပါတယ္။ ထိုျပိဳင္ပြဲမွာ ၆ ပြဲ ပါ၀င္ကစားျပီး တစ္ဂိုးသြင္း ၆ ဂိုး ေထာက္ပံ့ထားတာေၾကာင့္ စတယ္လာ ေျခစြမ္းက အထင္ၾကီးဖြယ္ ဆိုရမွာပါ။

စတယ္လာဟာ ၂၀၁၉ ICC ဖလားပြဲမွာ အာဆင္နယ္နဲ႕လည္း ရင္ဆိုင္ ကစားဖူးပါတယ္။ ၄င္းရဲ႕ ကြင္းလယ္မွာ ခ်ိတ္ဆက္ ကစားဟန္ကလည္း အျမန္ေပးပို႔မႈေတြ ပါ၀င္တာေၾကာင့္ အာတီတာရဲ႕ အသင္းမွာ သင့္ေတာ္ အံ၀င္မယ္ ယူဆရပါတယ္။

အာဆင္နယ္ ကြင္းလယ္မွာ ဇာခါ၊ ဂြမ္ဒူဇီ၊ ေတာ္ရဲရား၊ ၀ယ္ေလာ့နဲ႕ ဒန္နီ ဆီးဘယ္ေလာ့တို႔ ရွိေနပါတယ္။ ဆီးဘယ္ေလာ့ကေတာ့ အငွား လာကစားေနတာ ျဖစ္လို႔ ေႏြမွာ စပိန္သုိ႔ ျပန္သြားဖြယ္ ရွိေနတာပါ။

ကြင္းလယ္မွာ အထိုင္တစ္ေယာက္ ထပ္ေခၚခ်င္ေနတဲ့ အာတီတာ အတြက္ စတယ္လာက ေစ်းခ်ိဳခ်ိဳ လူငယ္တစ္ဦး ျဖစ္တာေၾကာင့္ ျဖစ္နုိင္တဲ့ အေျပာင္းအေရႊ႕လို႔ ဆိုနိုင္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ကေတာ့ စတယ္လာကို လက္လႊတ္ရရင္ ျပန္၀ယ္ယူခြင့္ သေဘာတူညီမႈမ်ိဳုး ေတာင္းဆိုဖြယ္ ရွိပါတယ္။