ဗဟိုခံစစ် အပြင် ယူနိုက်တက် ဖြေရှင်းရမယ့် ပြသနာကြီး တစ်ခု ရှိသေးကြောင်း ဆားဗေ့ချ် ထောက်ပြ
မန်ချက်စတာ ယူနိုက်တက်ဟာ ဆုဖလားတွေ စိန်ခေါ်ဖို့ မတွေးခင် ဒီနွေမှာ ဖြေရှင်းရမယ့် ပြသနာတွေ ရှိနေသေးကြောင်း ရော်ဘီ ဆားဗေ့ချ်က သုံးသပ် သတိပေးလိုက်ပြီး နည်းပြ ဆိုးရှား အာရုံစိုက်နေတဲ့ ဗဟို ခံစစ် အပြင် အသင်းမှာ ဦးစီးဦးဆောင်နိုင်မယ့် ခေါင်းဆောင်ကောင်း တစ်ယောက်လည်း လိုအပ်ကြောင်း ထောက်ပြသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဆန်ချို ကို ခေါ်ယူဖို့ အားစိုက်နေပြီး အင်္ဂလန်သားအတွက် ပြောင်းရွှေ့ကြေးမှာ ညှိနှိုင်းမှု ကြံကြာနေတဲ့ အပြင် အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက် ဂရေးလစ်ချ်ကိုလည်း ဆက်လက် လှုပ်ရှားနေပါတယ်။ ဘောလုံးသုံးသပ်သူ တစ်ဦး ဖြစ်တဲ့ ရော်ဘီ ဆားဗေ့ချ်ကတော့ ခံစစ်ကို အာရုံစိုက် ဖြည့်ဆည်းသင့်ပေမယ့် အသင်းမှာ ခေါင်းဆောင်ကောင်းလည်း လိုအပ်တယ် သတိပေးခဲ့တာပါ။ ယူနိုက်တက်မှာ လက်ရှိ အသင်းခေါင်းဆောင် တာဝန်ယူနေတာကတော့ မက်ဂွဲရားပဲ ဖြစ်ပါတယ်။
ဗဟိုခံစစ်မှာ မက်ဂွဲရားနဲ့ အတူ တွဲဖက်ကစားနေတဲ့ လင်ဒီလော့ဖ်က ဝေဖန်မှုတွေ ခံနေရပြီး တခြား ဗဟိုခံစစ်မှူး တစ်ဦး ယူနိုက်တက်က ခေါ်ယူလိုနေပါတယ်။ ဆီဗီလာနဲ့ ပွဲမှာ ဂိုးပေးလိုက်ရတာ အတွက် လင်ဒီလော့ဖ်က ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။
” ကွင်းထဲမှာ ကျနော့် အမြင်ကတော့ ခေါင်းဆောင်မှုပိုင်းမှာလည်း ပြသနာ ရှိနေတယ်လို့ ကျနော် ထင်တယ်။ ပေါင် သန်း ၈၀ တန်ကြေး ရှိသွားတာက မက်ဂွဲရား အပြစ် မဟုတ်ပါဘူး။ သူက ယူနိုက်တက်မှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူရလောက်အောင် လုံလောက်တဲ့ အရည်အချင်းတွေ ပြသခဲ့တဲ့သူပါ။
ဆီဗီလာနဲ့ ပွဲမှာ အနိုင်ဂိုး ပေးလိုက်ရတုန်းက ဂိုးပေးလိုက်ရတာက ဒီဂျောင်တက်လာချိန်မှာ ဝိုင်းကာကွယ်ကြဖို့ ထက် ခွင့်ပြုခဲ့ရတာကိုကြည့်ရင် အဆုံးအဖြတ် ဦးဆောင်မှုပိုင်း လိုအပ်နေတာ တွေ့ခဲ့ရတယ်။ ဒီလို ပြောလို့ မက်ဂွဲရား ကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ အလုပ် လုပ်ဖို့ လိုအပ်ချိန်မှာ မဖြစ်ခဲ့တာ လို့ ပြောချင်တာပါ။
နောက်ပြီး ကွင်းထဲမှာ အစွန်ခံစစ်မှူးတွေဆီကနေ ပိုပြီး ညှစ် ကစားနိုင်ဦးမယ် လို့ ထင်တယ်။ ဝမ်ဘစ်ဆာကာနဲ့ ဘရန်ဒန် ဝီလီယံတို့က ယူနိုက်တက်အတွက် ကောင်းကောင်း လုပ်ပြထားတယ်။ ဒါပေမယ့် လီဗာပူး၊ မန်စီးတီးနဲ့ ဆီဗီလာတို့ကို ကြည့်ရင် မော်ဒန် ဘောလုံးခေတ်မှာ အစွန် ခံစစ်သမားတွေ ဘယ်လို ကစားတယ် ဆိုတာ တွေ့နိုင်မှာပါ။ ” လို့ ဆားဗေ့ချ်က သုံးသပ်ခဲ့ပါတယ်။
Zawgyi – မန်ချက်စတာ ယူနိုက်တက်ဟာ ဆုဖလားတွေ စိန်ခေါ်ဖို့ မတွေးခင် ဒီနွေမှာ ဖြေရှင်းရမယ့် ပြသနာတွေ ရှိနေသေးကြောင်း ရော်ဘီ ဆားဗေ့ခ်ျက သုံးသပ် သတိပေးလိုက်ပြီး နည်းပြ ဆိုးရှား အာရုံစိုက်နေတဲ့ ဗဟို ခံစစ် အပြင် အသင်းမှာ ဦးစီးဦးဆောင်နိုင်မယ့် ခေါင်းဆောင်ကောင်း တစ်ယောက်လည်း လိုအပ်ကြောင်း ထောက်ပြသွားခဲ့ပါတယ်။