အိုနာနာ ကို မတားနိုင်တော့တဲ့ ယူနိုက်တက်၊ လီဗာပူးရဲ့ ကွင်းလယ်ခံစစ် ပစ်မှတ်၊ အိုဆင်ဟမ် ချယ်ဆီးနဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

ရစ်ချက် အာနိုးက မန်ချက်စတာ ယူနိုက်တက်ရဲ့ စီအီးအို ရာထူးကနေ နှုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက် ရှယ်ယာရှင်သစ် ဖြစ်လာတဲ့ ဆာ ဂျင် ရက်ကလစ်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ရဲ့ ခြေလှမ်းအစ လည်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ စပါးအသင်းတို့ဟာ ချယ်ဆီး နောက်ခံလူ ချာလိုဘတ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ချာလိုဘတ် ဟာ နည်းပြ ပိုချက်တီနိုရဲ့ အစီအစဉ်တွေမှာ မပါဝင်တော့ပါဘူး။

လီဗာပူးအသင်းဟာ အသက် ၂၂ နှစ် အရွယ် ဒိန်းမတ်သား ကွင်းလယ် ခံစစ်သမားလေး Morten Frendrup ကို မျက်စိကျနေကြောင်း သတင်း ထွက်လာပါတယ်။

ချယ်ဆီး အမျိူးသမီးအသင်းနဲ့ လမ်းခွဲလာတဲ့ နည်းပြ အမ်မာ ဟေးရက်စ် ဟာ အမေရိကန် လက်ရွေးစင် အမျိုးသမီး အသင်း နည်းပြ ဖြစ်လာပြီး သူ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာပြီ လို့ ဝမ်းမြောက်စကားလည်း ဆိုခဲ့ပါတယ်။

ဂိုးသမား အိုနာနာ က ကင်မရွန်းလက်ရွေးစင် အသင်းနဲ့ အတူ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ကစားသမားကို မတားနိုင်တော့ဘဲ ခွင့်ပြုရဖို့ ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ လိဒ်စ် ယူနိုက်တက် မှာ ပါရမီရှင် လူငယ် ကြယ်ပွင့်လေး ဂေါ်မန် အတွက် ပေါင် ၂ သန်း ပေး ခေါ်ယူဖို့ သဘောတူညီမှု ရသွားပါတယ်။ ဒါဟာ အသက် ၁၅ နှစ် အရွယ် ကစားသမား တစ်ယောက် အတွက် ဗြိတိန် စံချိန်တင်ကြေး ဖြစ်ပါတယ်။

ချယ်ဆီးအသင်းကတော့ တိုက်စစ်မှုး အိုဆင်ဟမ် ကို စတန်းဖို့ဘရစ်ချ်ထံ အရောက် ခေါ်ယူနိုင်မယ် လို့ ယုံကြည်မှု ရှိနေပါတယ်။

လာမယ့် ဇန်နဝါရီမှာ ဆန်ချို ကို အငှား ခေါ်ယူဖို့ ဂျူဗင်တပ်က ချိတ်ဆက်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်က ငြင်းဆန်ပယ်ချလိုက်ပြီး အပြီး ရောင်းဖို့သာ အလိုရှိကြောင်း တုန့်ပြန်ခဲ့ပါတယ်။

လိုပတ်တီဂူက ဆော်ဒီကလပ် Al-Ittihad အသင်းရဲ့ နည်းပြ ရာထူးကို လက်ခံဖို့ စဉ်းစားနေဆဲ ဖြစ်ပြီး မသေချာသေးဘူးလို့ သိရပါတယ်။