အာဆင်နယ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ ၂၃ နှစ်အရွယ် ခံစစ်မှူး ကီဝီအာကို အငှားချထားဖို့ ပြင်ဆင် နေပါတယ်။ ဆာလီဘာနေရာ အရန်အဖြစ်ပဲ ကစားနေရတဲ့ ခံစစ်မှူးဟာ ဒီရာသီ ပွဲကစားချိန် ၁၈၂ မိနစ်ပဲ ရထားပါတယ်။
ပြင်သစ်နည်းပြ ဒက်ချမ့်ကတော့ ဆာလီဘာ ဟာ နိုင်ငံအသင်းကို ရောက်ရင် ကလပ်အသင်းမှာလို မဟုတ်ဘဲ ရုန်းကန်နေရပြီး ကြံ့ခိုင်မှုပိုင်းလည်း စိတ်မချရဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အာဆင်နယ် အသင်းဟာ လာမယ့် ဇန်နဝါရီမှာ ပေါင် သန်း ၅၀ တန် ကစားသမား တစ်ဦးကို ခေါ်ယူဖွယ်ရှိပြီး ဆုဖလားတွေ စိန်ခေါ်ဖို့ နည်းပြအာတီတာ အလိုရှိတဲ့ နေရာအတွက် အင်အားထောက်ပံ့ပေးမယ်လို့ သိရပါတယ်။
အသုံးစရိတ်အတွက် အာဆင်နယ်ဘက်က ဂျော်ဂျင်ဟိုလို ကစားသမားကို ရောင်းချတာမျိုး ရှိလာနိုင်သလို အပြီးသတ် ခေါ်ယူခွင့်ပါတဲ့ အငှား ကမ်းလှမ်းမှုတွေဖြင့် လူငယ်တွေကို ထွက်ခွင့်ပေးတာလည်း ဖြစ်လာနိုင်ပါတယ်။
တိုက်စစ်မှုး အိုင်ဗန် တိုနေးဟာ ဇန်နဝါရီမှာ ဘရန့်ဖိုဒ့်ကနေ ထွက်ခွာဖို့ ကြိုးစားမှာဖြစ်ကာ ချယ်ဆီးနဲ့ စာချုပ်ချုပ်ဖို့ထက် အာဆင်နယ်ထံ ပြောင်းရွှေ့ရေးကိုပဲ ပိုပြီး စိတ်ဝင်စားမှု ရှိနေပါတယ်။
အက်ဖ်အေဘက်က ဂေါ်ဒန်ရဲ့ သွင်းဂိုးကြောင့် ပရီးမီးယားလိဂ် ဒိုင်တွေကို ပြင်းထန်စွာ ဝေဖန်ခဲ့တဲ့ အာတီတာကို အရေးယူဖို့ ဆုံးဖြတ်လိုက်ပါပြီ။
ဘရာဇီး လက်ရွေးစင် အသင်းက ကိုလံဘီယာကို ၂-၁ ဖြင့် အရေးနိမ့်တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ တိုက်စစ်သမား မာတင်နယ်လီက သွင်းဂိုး ၁ ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။
လက်ရွေးစင်အသင်းမှာ အတူရှိနေစဉ် နယူးကာဆယ် ကွင်းလယ်လူ ဂွီးမားရက်စ်ရဲ့ မွေးနေ့မှာ အာဆင်နယ် ခံစစ်မှူး ဂါဘရီရယ်ရဲ့ မပျော်ရွှင်နိုင်တဲ့ မျက်နှာထားအရ ပြီးခဲ့တဲ့ပွဲရလဒ်ကို ခံစစ်မှူး သဘောမကျဖြစ်နေဆဲလို့ ယူဆရပါတယ်။