CONFIRMED: အဲဗာတန်အသင်းကတော့ ၁ဝ မှတ် လျှော့ ပြစ်ဒဏ် ချမှတ်ခံလိုက်ရပါပြီ

မာဆေးဆိုဒ် အခြေစိုက် အဲဗာတန် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အကျိုးအမြတ်နဲ့ ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို ဖောက်ဖျက်ခြင်းအတွက် ဒီရာသီမှာပဲ ၁၀ မှတ်လျော့ ပြစ်ဒဏ်ကို ကျခံရမည်ဖြစ်ကြောင်း ပရီးမီးယားလိဂ် က အတည်ပြုလိုက်ပါတယ်။

၂၀၂၁-၂၂ ရာသီအတွင်း အဲဗာတန်အသင်းရဲ့ ဘဏ္ဍာရေး စဉ်းမျဉ်း ချိုးဖောက်မှုတွေအတွက် အရေးယူခြင်းဖြစ်ပါတယ်။ ဘန်လေနဲ့ လိဒ်စ်တို့ဟာ အဲဗာတန်ရဲ့ ဘဏ္ဍာရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ ပရီးမီးယားလိဂ်ထံ တိုင်ကြားခဲ့ရာက စုံစမ်း စစ်ဆေးရေး ဝင်ခဲ့တာ ဖြစ်ပါတယ်။

စည်းမျဉ်းတွေအရ ကလပ်တွေဟာ ၃နှစ် အတွင်း အများဆုံး ပေါင် ၁ဝ၅ သန်းသာ ဆုံးရှုံးခွင့် ရှိပေမယ့် အဲဗာတန်ဟာ နောက်ဆုံး ၃နှစ် အတွင်း စံချိန်တင် ဆုံးရှုံးမှု ပေါင် ၃၇၂ သန်း ရှိခဲ့ပါတယ်။

အပြစ်ရှိကြောင်း သေချာခဲ့တာနဲ့အတူ လွတ်လပ်တဲ့ ကော်မရှင်အဖွဲ့က လိဂ်စည်းမျဉ်းကို ချိုးဖောက်တဲ့ အဲဗာတန် အသင်းကို ၁၀ မှတ် နှုတ်ဖို့ ချက်ခြင်း အမိန့်ချခဲ့တယ်လို့ ပရီးမီးယားလိဂ်ဘက်က သတင်းထုတ်ပြန်ပါတယ်။

အဲဗာတန်ဟာ နောက်ဆက်တွဲ အရေးယူခံရမှုအဖြစ် ဒဏ်ငွေ ဒါမှမဟုတ် အပြောင်းအရွှေ့မှာ ဝင်ရောက် လှုပ်ရှားခွင့် ပိတ်ပင်ခံရဖို့လည်း ရှိနေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ရမှတ်လျော့ ပြစ်ဒဏ်က ချက်ချင်း အသက်ဝင်ခဲ့ပြီဖြစ်ကာ အဆင့် ၁၄ နေရာက အဲဗာတန်ဟာ အဆင့် ၁၉ နေရာကို ကျဆင်းသွားကာ အဆင့် ၂ဝ က ဘန်လေရဲ့ အထက်မှာ ဂိုးကွာခြားချက် အသာဖြင့် ရပ်တည်နေပါတယ်။

အဲဗာတန် အသင်း ဟာ နည်းတူ ဘဏ္ဍာရေး စဉ်းမျဉ်း ချိုးဖောက်ကြောင်း စွပ်စွဲခံထားရတဲ့ မန်စီးတီးကိုပါ တူညီတဲ့ အရေးယူမှု စတင် လာတော့မယ်လို့လည်း မှတ်ချက်ပေးလာနေပြီ ဖြစ်ပါတယ်။