ယနေ့ နောက်ဆုံးရ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (23/08/20)

ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ သေချာသလောက် ဖြစ်နေတဲ့ ခံစစ်မှူး စမောလင်းကို ပရီးမီးယားလိဂ်မှ နယူးကာဆယ်၊ အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်အသင်းတို့က အပြိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဝေဖန်မှုတွေ ခံနေရသော်လည်း ယူနိုက်တက်ဟာ ဒီဂီယာကို ဆက်လက် အခွင့်အရေးပေးပါက စပိန်သားဟာ သူ့ရဲ့ အကောင်းဆုံး လက်စွမ်းများ ပြန်ရလာနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဖာဒီနန်က ထောက်ခံ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ ဆန်ချို ကို ခေါ်ယူဖို့ အစီအစဉ်ကို လက်လျှော့လိုက်ကာ တစ်နှစ်နောက်ဆုတ်ပြီး နောက်နှစ် နွေမှ ပြန်ကြိုးစားတော့မှာ ဖြစ်တယ်လို့ အင်္ဂလန်သတင်းတွေမှာ ဖော်ပြလာပါတယ်။ ဒေါ့မွန်က ဆန်ချိုအတွက် ပေါင် ၁၀၈ သန်း ပြောင်းရွှေ့ကြေး ရမှ ရောင်းချမယ် တင်းခံနေတာကြောင့် ယူနိုက်တက် ညှိနှိုင်းမှုက မအောင်မြင်ခဲ့ပါဘူး။

ယူနိုက်တက် နည်းပြ ဆိုးရှားဟာ နည်းပြ အပြောင်းအလဲကြောင့် လှုပ်ခတ်မှုတွေ ရှိနေတဲ့ ဂျူဗင်တပ်အသင်းမှ ဒေါက်ကလပ် ကော်စတာ၊ ရမ်ဆေးနဲ့ ဘာနာဒက်စ်ခီ တို့ သုံးဦးကို ခေါ်ယူဖို့ မျက်စိကျ နေကြောင်း သတင်းထွက်ပေါ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ကတော့ သွင်းဂိုးတွေ ပြန်ရလာပြီး ခြေစွမ်းကောင်းတွေ ပြသလာနိုင်တာက ပွဲကစားချိန် ပိုမို ရရှိလာတာလည်း အကြောင်း တစ်ချက် အနေနဲ့ ပါဝင်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ကတော့ ပြီးခဲ့တဲ့ရာသီမှာ ဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပေမယ့် နောက်ရာသီမှာ ဆုဖလားတွေ အသင်းနဲ့ အတူ ယူဖို့ ပိုကောင်းတဲ့ ခြေစွမ်းတွေနဲ့ ပြန်လာခဲ့မယ်လို့ ကြုံးဝါး ပြောဆိုခဲ့ပါတယ်။

လိုင်လီ ခံစစ်မှူး ဂါဘရီရယ် မက်ဂါးလက်စ်ကို ယူနိုက်တက်က နောက်ဆုံးအချိန်မှာ ကြားဝင် ကမ်းလှမ်းခဲ့ပေမယ့် ဘရာဇီးသားကတော့ ကနဦး သဘောတူထားတဲ့ အတိုင်း အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်လိုက်ပြီ ဖြစ်ကာ ဆေးစစ်ဖို့ လန်ဒန်သို့ ထွက်ခွာလာတော့မှာ ဖြစ်ပါတယ်။

ယခင်နှစ်များမှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်လာမယ် သတင်းထွက်ဖူးခဲ့တဲ့ ဝါရင့်နည်းပြ ကွန်တီက လက်ရှိကလပ် အင်တာမီလန် အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်ပြီး ခေတ္တ အနားယူကာ တချိန်မှာ ယူနိုက်တက်ကို နည်းပြဖို့ ရည်မှန်းထားကြောင်း အီတလီသတင်းထောက် တစ်ဦးက ဖော်ထုတ်လိုက်ပါတယ်။

Zawgyi – ဒီေႏြမွာ အသင္းကေန ထြက္ခြာဖို႔ ေသခ်ာသေလာက္ ျဖစ္ေနတဲ့ ခံစစ္မွဴး စေမာလင္းကို ပရီးမီးယားလိဂ္မွ နယူးကာဆယ္၊ အဲဗာတန္၊ ၀က္စ္ဟမ္းနဲ႕ ဖူလ္ဟမ္အသင္းတို႔က အျပိဳင္ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ဟာ ဒီေႏြမွာ ဆန္ခ်ိဳ ကို ေခၚယူဖို႔ အစီအစဥ္ကို လက္ေလွ်ာ့လုိက္ကာ တစ္နွစ္ေနာက္ဆုတ္ျပီး ေနာက္နွစ္ ေႏြမွ ျပန္ၾကိဳးစားေတာ့မွာ ျဖစ္တယ္လို႔ အဂၤလန္သတင္းေတြမွာ ေဖာ္ျပလာပါတယ္။ ေဒါ့မြန္က ဆန္ခ်ိဳအတြက္ ေပါင္ ၁၀၈ သန္း ေျပာင္းေရႊ႕ေၾကး ရမွ ေရာင္းခ်မယ္ တင္းခံေနတာေၾကာင့္ ယူနိုက္တက္ ညွိနိႈင္းမႈက မေအာင္ျမင္ခဲ့ပါဘူး။

ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ နည္းျပ အေျပာင္းအလဲေၾကာင့္ လႈပ္ခတ္မႈေတြ ရွိေနတဲ့ ဂ်ဴဗင္တပ္အသင္းမွ ေဒါက္ကလပ္ ေကာ္စတာ၊ ရမ္ေဆးနဲ႕ ဘာနာဒက္စ္ခီ တို႔ သံုးဦးကို ေခၚယူဖို႔ မ်က္စိက် ေနေၾကာင္း သတင္းထြက္ေပၚေနပါတယ္။

ေ၀ဖန္မႈေတြ ခံေနရေသာ္လည္း ယူနုိက္တက္ဟာ ဒီဂီယာကို ဆက္လက္ အခြင့္အေရးေပးပါက စပိန္သားဟာ သူ႔ရဲ႕ အေကာင္းဆံုး လက္စြမ္းမ်ား ျပန္ရလာနုိင္လိမ့္မယ္လို႔ ယံုၾကည္ေၾကာင္း ဖာဒီနန္က ေထာက္ခံ ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မွဴး မာရွယ္ကေတာ့ သြင္းဂိုးေတြ ျပန္ရလာျပီး ေျခစြမ္းေကာင္းေတြ ျပသလာနုိင္တာက ပြဲကစားခ်ိန္ ပိုမို ရရွိလာတာလည္း အေၾကာင္း တစ္ခ်က္ အေနနဲ႕ ပါ၀င္ေၾကာင္း ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ယူနုိက္တက္ ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္ကေတာ့ ျပီးခဲ့တဲ့ရာသီမွာ ဖလားလက္မဲ့နဲ႕ အဆံုးသတ္ခဲ့ရေပမယ့္ ေနာက္ရာသီမွာ ဆုဖလားေတြ အသင္းနဲ႕ အတူ ယူဖို႔ ပိုေကာင္းတဲ့ ေျခစြမ္းေတြနဲ႕ ျပန္လာခဲ့မယ္လို႔ ၾကံဳး၀ါး ေျပာဆိုခဲ့ပါတယ္။

လိုင္လီ ခံစစ္မွဴး ဂါဘရီရယ္ မက္ဂါးလက္စ္ကို ယူနိုက္တက္က ေနာက္ဆံုးအခ်ိန္မွာ ၾကား၀င္ ကမ္းလွမ္းခဲ့ေပမယ့္ ဘရာဇီးသားကေတာ့ ကနဦး သေဘာတူထားတဲ့ အတိုင္း အာဆင္နယ္ အသင္းထံ ေျပာင္းေရႊ႕ဖို႔ ေရြးခ်ယ္လိုက္ျပီ ျဖစ္ကာ ေဆးစစ္ဖို႔ လန္ဒန္သို႔ ထြက္ခြာလာေတာ့မွာ ျဖစ္ပါတယ္။

ယခင္နွစ္မ်ားမွာ မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ျဖစ္လာမယ္ သတင္းထြက္ဖူးခဲ့တဲ့ ၀ါရင့္နည္းျပ ကြန္တီက လက္ရွိကလပ္ အင္တာမီလန္ အသင္းနဲ႕ လမ္းခြဲေတာ့မွာ ျဖစ္ျပီး ေခတၱ အနားယူကာ တခ်ိန္မွာ ယူနိုက္တက္ကို နည္းျပဖို႔ ရည္မွန္းထားေၾကာင္း အီတလီသတင္းေထာက္ တစ္ဦးက ေဖာ္ထုတ္လိုက္ပါတယ္။