ခြေတစ်လှမ်းပဲ ကျန်တော့တဲ့ ကိုင်ဟာဗက်ဇ်အတွက် ချယ်ဆီးနဲ့ လီဗာကူဆင်အသင်းတို့ကြား ဆွေးနွေးမှု အခြေအနေ

ချယ်ဆီးအသင်း ပရိသတ်တွေ အမျှော်ကြီး မျှော်နေခဲ့ရတဲ့ ကွင်းလယ်ကစားသမား ကိုင်ဟာဗက်ဇ် ဟာ စတန်းဖို့ဘရစ်ချ်မှာ သိပ်မကြာခင်ပဲ ရောက်ရှိလာနိုင်တော့မယ်လို့ သတင်းကောင်း ကြားရပါတယ်။

ဂျာမန်သား အပြောင်းအရွှေ့ အတွက် လီဗာကူဆင်အသင်းနဲ့ ချယ်ဆီးအသင်းကြား ဆွေးနွေးမှုဟာ အတော် ခရီးပေါက်နေပြီ ဖြစ်ပြီး နောက်ဆုံးအဆင့် ကမ်းလှမ်းမှုကို လီဗာကူဆင်ဘက် က လက်ခံဖို့ အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ထိပ်တန်း သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုက ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဘက်က နောက်ဆုံး ကမ်းလှမ်းမှုဟာ ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ နဲ့ ထပ်ဆောင်းကြေး ယူရို သန်း ၂၀ ပါဝင်မှာ ဖြစ်ပြီး ဂျာမန်ကလပ်ကလည်း လက်ခံနိုင်ပြီ ဖြစ်တယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကနေ ထွက်ပေါ်လာခဲ့တာပါ။ သဘောတူညီမှုကတော့ နောက်နာရီအနည်းငယ်အတွင်းပဲ ရနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

သတင်းထောက် ရိုမန်နို အဆိုအရတော့ ကမ်းလှမ်းမှုနဲ့ အပြောင်းအရွှေ့ အပြီးသတ်ဖို့ရာ စာရွက်စာတမ်းပိုင်းတွေသာ ဆောင်ရွက်ဖို့ ကျန်တော့တာ ဖြစ်ပြီး အချိန်အကြာကြီး ယူရတော့မှာ မဟုတ်ဘူးလို့ သိရပြီး တရားဝင်ကြေငြာနိုင်တော့မှာ ဖြစ်တယ် ယူဆရပါတယ်။

ချယ်ဆီးအသင်းဟာ ဒီအပြောင်းအရွှေ့မှာ ခပ်သွက်သွက် လှုပ်ရှားနေတာ ဖြစ်ပြီး လက်စတာ ခံစစ်မှူး ဘန်ချေးဝဲလ်ကိုလည်း ရရှိဖို့ နီးစပ်နေပြီ ဖြစ်ကာ နောက်ဆုံးသတင်းများမှာ ပီအက်စ်ဂျီမှာ တီယေဂို ဆေးလ်ဗား အတွက်လည်း လှုပ်ရှားနေပြီလို့ သိရပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း ပရိသတ္ေတြ အေမွ်ာ္ၾကီး ေမွ်ာ္ေနခဲ့ရတဲ့ ကြင္းလယ္ကစားသမား ကိုင္ဟာဗက္ဇ္ ဟာ စတန္းဖို႔ဘရစ္ခ်္မွာ သိပ္မၾကာခင္ပဲ ေရာက္ရွိလာနိုင္ေတာ့မယ္လို႔ သတင္းေကာင္း ၾကားရပါတယ္။

ဂ်ာမန္သား အေျပာင္းအေရႊ႕ အတြက္ လီဗာကူဆင္အသင္းနဲ႕ ခ်ယ္ဆီးအသင္းၾကား ေဆြးေႏြးမႈဟာ အေတာ္ ခရီးေပါက္ေနျပီ ျဖစ္ျပီး ေနာက္ဆံုးအဆင့္ ကမ္းလွမ္းမႈကို လီဗာကူဆင္ဘက္ က လက္ခံဖို႔ အသင့္ျဖစ္ေနျပီ ျဖစ္ေၾကာင္း ထိပ္တန္း သတင္းေထာက္ ဖာဘရီဇီယို ရိုမန္နိုက ေဖာ္ထုတ္ခဲ့တာ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဘက္က ေနာက္ဆံုး ကမ္းလွမ္းမႈဟာ ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၈၀ နဲ႕ ထပ္ေဆာင္းေၾကး ယူရို သန္း ၂၀ ပါ၀င္မွာ ျဖစ္ျပီး ဂ်ာမန္ကလပ္ကလည္း လက္ခံနိုင္ျပီ ျဖစ္တယ္လို႔ ယံုၾကည္ရတဲ့ သတင္းရင္းျမစ္ေတြကေန ထြက္ေပၚလာခဲ့တာပါ။ သေဘာတူညီမႈကေတာ့ ေနာက္နာရီအနည္းငယ္အတြင္းပဲ ရနုိင္မယ္လို႔ ခန္႔မွန္းေနၾကပါတယ္။

သတင္းေထာက္ ရိုမန္နို အဆိုအရေတာ့ ကမ္းလွမ္းမႈနဲ႕ အေျပာင္းအေရႊ႕ အျပီးသတ္ဖို႔ရာ စာရြက္စာတမ္းပိုင္းေတြသာ ေဆာင္ရြက္ဖို႔ က်န္ေတာ့တာ ျဖစ္ျပီး အခ်ိန္အၾကာၾကီး ယူရေတာ့မွာ မဟုတ္ဘူးလို႕ သိရျပီး တရား၀င္ေၾကျငာနိိုင္ေတာ့မွာ ျဖစ္တယ္ ယူဆရပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဒီအေျပာင္းအေရႊ႕မွာ ခပ္သြက္သြက္ လႈပ္ရွားေနတာ ျဖစ္ျပီး လက္စတာ ခံစစ္မွဴး ဘန္ေခ်း၀ဲလ္ကိုလည္း ရရွိဖို႔ နီးစပ္ေနျပီ ျဖစ္ကာ ေနာက္ဆံုးသတင္းမ်ားမွာ ပီအက္စ္ဂ်ီမွာ တီေယဂို ေဆးလ္ဗား အတြက္လည္း လႈပ္ရွားေနျပီလို႔ သိရပါတယ္။