ပေါ့ဘာကို ရောင်းမယ်ဆို ဘယ်သူ့ကို ပြန်ခေါ်နိုင်မှာလဲ လို့ ယူနိုက်တက်အား ဘော့စ်နစ်ချ် မေးခွန်းထုတ်

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ အသင်းပြောင်းမယ့် ကိစ္စများကို ရပ်လိုက်ပြီ ဖြစ်ပြီး အသင်းနဲ့ သက်တမ်းတိုးဖို့ ကိစ္စများ လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ သတင်းကောင်းကြားရပြီးနောက် ယူနိုက်တက် ဂိုးသမားဟောင်းကြီး ဘော့စ်နစ်ချ်က ပြင်သစ်သားကို အသင်းက ထွက်ခွာခွင့်ပေးဖို့ ကြံရွယ်ခဲ့တဲ့ ယူနိုက်တက် အသင်း တာဝန်ရှိသူတွေအား ဝေဖန် ပြောဆိုလိုက်ပါတယ်။

ပေါ့ဘာ အသင်းမှာ ဆက်ရှိမယ်ဆိုတာက သရဲနီတွေ အတွက် တကယ့် သတင်းကောင်း ဖြစ်တယ်လို့ မာ့ခ် ဘော့စ်နစ်ချ် က ဆိုလိုက်ပြီး ပေါ့ဘာဟာ အစားထိုးဖို့ မဖြစ်နိုင်တဲ့ ကစားသမား လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။ ပြင်သစ် လက်ရွေးစင် ကစားသမားဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖြစ်ဖို့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလများမှာ ဆက်တိုက် ချိတ်ဆက်ခံခဲ့ရပါတယ်။

အခုလို အခြေအနေတွေ ပြောင်းလဲသွားတာက ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ အနေအထား ဖြစ်သွားပြီလို့ ဘော့စ်နစ်ချ်က ထောက်ခံလိုက်ပြီး ပေါ့ဘာကို ရောင်းမယ်ဆိုရင် အစားထိုးဖို့ ဘယ် ကစားသမားကို ယူနိုက်တက်က ခေါ်နိုင်မှာလဲလို့ ပြန် မေးခွန်းထုတ်လိုက်ပါတယ်။

” (ပေါ့ဘာ အသင်းမှာ ဆက်ရှိမယ်ဆိုတာ) တကယ့် သတင်းကောင်းကြားရတာပါ။ ကျနော် ဒါကို အရင်တည်းက ပြောခဲ့ပါတယ်။ တခြား ဆန့်ကျင်ဘက် အမြင် ရှိတဲ့သူတွေလည်း ရှိကြမယ်။ ကျနော် ယူနိုက်တက် အသင်းပရိသတ် တစ်ဦးနဲ့ ဆစ်ဒနီမှာ ပြောဆိုဖူးတယ်။ ထားပါတော့ဗျာ ပေါ့ဘာကို ရောင်းလိုက်ပြီ ဆိုပါစို့။ သူ့နေရာအတွက် ဘယ်သူ့ကို အစားထိုး ခေါ်မှာလဲ၊ ငွေ ဘယ်လောက်တောင် သုံးရမှာလဲ။ သူ့ကို ရောင်းတာကလည်း ဘယ်လောက် အမြတ်ကျန်မှာ မို့လို့လဲ။

နားခံသာအောင် ပြောရမယ် ဆိုရင်တော့ ပေါ့ဘာ ရောင်းထုတ်တာကနေ အကျိုးအမြတ် ရနိုင်စရာ မရှိဘူးပေါ့ဗျာ။ ပေါ့ဘာနဲ့အတူ ယူနိုက်တက်က ဆုဖလား နှစ်ခု ရပြီးပြီ။ သူက ဂျူဗင်တပ်မှာလည်း သိပ် အောင်မြင်ခဲ့တယ်။ သူ စွမ်းဆောင်ခဲ့တာတွေကို ကြည့်ရင် မနည်းပါဘူး။ ကမ္ဘာ့ဖလားလည်း ရဖူးတယ်။ ခုဆို ဘရူနို ဖာနန်ဒက်စ်နဲ့ တွဲဖက် ကစားတာ မြင်ခဲ့ရပြီ။ ခြေစွမ်းလည်း ပြနေပြီ။ အနာဂတ်က လုံး၀ အဆင်ပြေမှာပါ။ ” လို့ ယူနိုက်တက် ဂိုးသမားဟောင်းကြီး က သုံးသပ် ထောက်ပြခဲ့ပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်အတွက် ၁၆၄ ပွဲထိ ကစားခဲ့ပြီး ဖြစ်ရာ ၃၂ ဂိုးသွင်း၊ ၃၃ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။ အသင်းနဲ့ အတူတော့ လိဂ်ဖလား၊ ယူရိုပါလိဂ်နဲ့ ကွန်မြူနတီဒိုင်းတို့ ရယူခဲ့ပြီး ဖြစ်ပါတယ်။

Zawgyi – ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာဟာ အသင္းေျပာင္းမယ့္ ကိစၥမ်ားကို ရပ္လိုက္ျပီ ျဖစ္ျပီး အသင္းနဲ႕ သက္တမ္းတိုးဖို႔ ကိစၥမ်ား လုပ္ေဆာင္ေတာ့မွာ ျဖစ္တယ္လို႔ သတင္းေကာင္းၾကားရျပီးေနာက္ ယူနိုက္တက္ ဂိုးသမားေဟာင္းၾကီး ေဘာ့စ္နစ္ခ်္က ျပင္သစ္သားကို အသင္းက ထြက္ခြာခြင့္ေပးဖို႔ ၾကံရြယ္ခဲ့တဲ့ ယူနုိက္တက္ အသင္း တာ၀န္ရွိသူေတြအား ေ၀ဖန္ ေျပာဆိုလိုက္ပါတယ္။

ေပါ့ဘာ အသင္းမွာ ဆက္ရွိမယ္ဆိုတာက သရဲနီေတြ အတြက္ တကယ့္ သတင္းေကာင္း ျဖစ္တယ္လို႔ မာ့ခ္ ေဘာ့စ္နစ္ခ်္ က ဆိုလိုက္ျပီး ေပါ့ဘာဟာ အစားထိုးဖို႔ မျဖစ္နုိင္တဲ့ ကစားသမား လို႔ ေထာက္ျပ ေျပာဆိုခဲ့ပါတယ္။ ျပင္သစ္ လက္ေရြးစင္ ကစားသမားဟာ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာျဖစ္ဖုိ႔ ျပီးခဲ့တဲ့ အေျပာင္းအေရႊ႕ ကာလမ်ားမွာ ဆက္တိုက္ ခ်ိတ္ဆက္ခံခဲ့ရပါတယ္။

အခုလို အေျခအေနေတြ ေျပာင္းလဲသြားတာက ယူနုိက္တက္အတြက္ ေကာင္းမြန္တဲ့ အေနအထား ျဖစ္သြားျပီလုိ႔ ေဘာ့စ္နစ္ခ်္က ေထာက္ခံလိုက္ျပီး ေပါ့ဘာကို ေရာင္းမယ္ဆိုရင္ အစားထိုးဖို႔ ဘယ္ ကစားသမားကို ယူနိုက္တက္က ေခၚနိုင္မွာလဲလို႔ ျပန္ ေမးခြန္းထုတ္လိုက္ပါတယ္။

” (ေပါ့ဘာ အသင္းမွာ ဆက္ရွိမယ္ဆိုတာ) တကယ့္ သတင္းေကာင္းၾကားရတာပါ။ က်ေနာ္ ဒါကို အရင္တည္းက ေျပာခဲ့ပါတယ္။ တျခား ဆန္႔က်င္ဘက္ အျမင္ ရွိတဲ့သူေတြလည္း ရွိၾကမယ္။ က်ေနာ္ ယူနုိက္တက္ အသင္းပရိသတ္ တစ္ဦးနဲ႕ ဆစ္ဒနီမွာ ေျပာဆိုဖူးတယ္။ ထားပါေတာ့ဗ်ာ ေပါ့ဘာကို ေရာင္းလိုက္ျပီ ဆိုပါစို႔။ သူ႔ေနရာအတြက္ ဘယ္သူ႔ကို အစားထိုး ေခၚမွာလဲ၊ ေငြ ဘယ္ေလာက္ေတာင္ သံုးရမွာလဲ။ သူ႔ကို ေရာင္းတာကလည္း ဘယ္ေလာက္ အျမတ္က်န္မွာ မို႔လို႔လဲ။

နားခံသာေအာင္ ေျပာရမယ္ ဆိုရင္ေတာ့ ေပါ့ဘာ ေရာင္းထုတ္တာကေန အက်ိဳးအျမတ္ ရနိုင္စရာ မရွိဘူးေပါ့ဗ်ာ။ ေပါ့ဘာနဲ႕အတူ ယူနုိက္တက္က ဆုဖလား နွစ္ခု ရျပီးျပီ။ သူက ဂ်ဴဗင္တပ္မွာလည္း သိပ္ ေအာင္ျမင္ခဲ့တယ္။ သူ စြမ္းေဆာင္ခဲ့တာေတြကို ၾကည့္ရင္ မနည္းပါဘူး။ ကမၻာ့ဖလားလည္း ရဖူးတယ္။ ခုဆို ဘရူနို ဖာနန္ဒက္စ္နဲ႕ တြဲဖက္ ကစားတာ ျမင္ခဲ့ရျပီ။ ေျခစြမ္းလည္း ျပေနျပီ။ အနာဂတ္က လံုး၀ အဆင္ေျပမွာပါ။ ” လို႕ ယူနုိက္တက္ ဂိုးသမားေဟာင္းၾကီး က သံုးသပ္ ေထာက္ျပခဲ့ပါတယ္။

ေပါ့ဘာဟာ ယူနိုက္တက္အတြက္ ၁၆၄ ပြဲထိ ကစားခဲ့ျပီး ျဖစ္ရာ ၃၂ ဂိုးသြင္း၊ ၃၃ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။ အသင္းနဲ႕ အတူေတာ့ လိဂ္ဖလား၊ ယူရိုပါလိဂ္နဲ႕ ကြန္ျမဴနတိီဒိုင္းတို႔ ရယူခဲ့ျပီး ျဖစ္ပါတယ္။