အာဆင်နယ်အသင်းဟာ ခံစစ်မှူး ဝီလီယံ ဆာလီဘာကို ပြီးခဲ့တဲ့နွေက ဝယ်ယူခဲ့ပေမယ့် စိန့်အီတီနီ အသင်းမှာပဲ အငှား ဆက် ချထားခဲ့တာပါ။ ၎င်းရဲ့ ကလပ်အသင်းက လီဂူးဝမ်းမှာ အခြေအနေ မကောင်းလှဘဲ အဆင့် ၁၇ မှာ ရပ်တည်နေပေမယ့် ဆာလီဘာကတော့ ခံစစ်မှာ ကောင်းမွန်တဲ့ အချက်အလက်တွေ ရှိထားတာက ဂန်းနားတို့ အားတက်ဖွယ် ဖြစ်ပါတယ်။
ဆာလီဘာက ၎င်းရဲ့ နောက်ဆုံး ရာသီ အဖြစ် ပြင်သစ်ကလပ်ကို ဆွဲတင်လိုခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် ပွဲစဉ်တိုင်း ပါဝင်ကစားနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။
စိန့်အီတီနီအသင်းဟာ အမှတ်ပေးဇယားမှာ အဆင့် ၁၇ နေရာ ရပ်တည်နေပြီး ၄၅ ဂိုးတောင် ပေးထားရပေမယ့် ၎င်းတို့ အတွက် ထူးချွန်စွာ ခြေစွမ်းပြခဲ့သူတွေထဲ ဆာလီဘာလည်း ပါဝင်ပါတယ်။ Who Scored က ဖော်ထုတ်မှုတွေ အရ ဆာလီဘာရဲ့ အပြစ်ကြောင့် စိန့်အီတီနီ ခံစားခဲ့ရတာ မဟုတ်ဘဲ ၎င်းက ခြေစွမ်းကောင်းတွေတောင် ပြသခဲ့သေးတယ်လို့ သက်သေပြလာပါတယ်။
စိန့်အီတီနီ အသင်း ပေးခဲ့ရတဲ့ ၄၅ ဂိုးမှာ ဆာလီဘာ ပါဝင်တဲ့ ၁၁ ပွဲနေ ၁၅ ဂိုးသာ ပေးထားရပါတယ်။ တစ်ရာသီလုံး ၎င်းတို့ အသင်း ရခဲ့တဲ့ ပေးဂိုး မရှိ ပွဲ ၅ ပွဲမှာ ၃ ပွဲက ဆာလီဘာ ပါဝင် ကစားခဲ့ပါတယ်။
ဆာလီဘာရဲ့ ဘောလုံးပေးပို့တာ တိကျမှု နှုန်းက ၈၈% ထိ ရှိပြီး သူ့ အသင်းဖော်တွေထဲ အကောင်းဆုံး ဖြစ်တဲ့ အပြင် အာဆင်နယ်က ဘယ် ဗဟိုခံစစ်မူှး ထက် မဆို သာလွန်တဲ့ တိကျမှုလည်း ဖြစ်ပါတယ်။
ပြင်သစ် လီဂူးဝမ်းက ဖျက်သိမ်းလိုက်ပြီ ဖြစ်တာကြောင့် ဆာလီဘာကတော့ စောစောစီးစီးပဲ လန်ဒန်သို့ ပြန်လာပြီး အာဆင်နယ်နဲ့ အတူ လေ့ကျင့်ဖို့ ရောက်ရှိနေပါပြီ။ ဒါပေမယ့် ဖီဖာ စည်းမျဉ်းတွေ အရတော့ ဒီရာသီ လက်ကျန်ပွဲစဉ်တွေမှာ အာဆင်နယ် အတွက် ပါဝင် ကစားနိုင်ဦးမှာ မဟုတ်ဘဲ ဆာလီဘာရဲ့ ခြေစွမ်းတွေကို နောက်ရာသီမှာ မြင်ရတော့မှာ ဖြစ်ပါတယ်။
Zawgyi – အာဆင်နယ်အသင်းဟာ ခံစစ်မှူး ၀ီလီယံ ဆာလီဘာကို ပြီးခဲ့တဲ့နွေက ၀ယ်ယူခဲ့ပေမယ့် စိန့်အီတီနီ အသင်းမှာပဲ အငှား ဆက် ချထားခဲ့တာပါ။ ၄င်းရဲ့ ကလပ်အသင်းက လီဂူးဝမ်းမှာ အခြေအနေ မကောင်းလှဘဲ အဆင့် ၁၇ မှာ ရပ်တည်နေပေမယ့် ဆာလီဘာကတော့ ခံစစ်မှာ ကောင်းမွန်တဲ့ အချက်အလက်တွေ ရှိထားတာက ဂန်းနားတို့ အားတက်ဖွယ် ဖြစ်ပါတယ်။
ဆာလီဘာက ၄င်းရဲ့ နောက်ဆုံး ရာသီ အဖြစ် ပြင်သစ်ကလပ်ကို ဆွဲတင်လိုခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် ပွဲစဉ်တိုင်း ပါဝင်ကစားနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။
စိန့်အီတီနီအသင်းဟာ အမှတ်ပေးဇယားမှာ အဆင့် ၁၇ နေရာ ရပ်တည်နေပြီး ၄၅ ဂိုးတောင် ပေးထားရပေမယ့် ၄င်းတို့ အတွက် ထူးချွန်စွာ ခြေစွမ်းပြခဲ့သူတွေထဲ ဆာလီဘာလည်း ပါဝင်ပါတယ်။ Who Scored က ဖော်ထုတ်မှုတွေ အရ ဆာလီဘာရဲ့ အပြစ်ကြောင့် စိန့်အီတီနီ ခံစားခဲ့ရတာ မဟုတ်ဘဲ ၄င်းက ခြေစွမ်းကောင်းတွေတောင် ပြသခဲ့သေးတယ်လို့ သက်သေပြလာပါတယ်။
ဆာလီဘာရဲ့ ဘောလုံးပေးပို့တာ တိကျမှု နှုန်းက ၈၈% ထိ ရှိပြီး သူ့ အသင်းဖော်တွေထဲ အကောင်းဆုံး ဖြစ်တဲ့ အပြင် အာဆင်နယ်က ဘယ် ဗဟိုခံစစ်မှူး ထက် မဆို သာလွန်တဲ့ တိကျမှုလည်း ဖြစ်ပါတယ်။