ယနေ့ နောက်ဆုံးရ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (24/08/20)

နွေ ဦးစားပေး ပစ်မှတ် ဆန်ချိုကို မသေချာတဲ့နောက် တောင်ပံတိုက်စစ်သမား ခေါ်ယူဖို့ ဆက်လက် ရှာဖွေနေတဲ့ ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ် တောင်ပံသမား ကင်စလေ ကိုးမန်းကို အလိုရှိနေတယ်လို့ အင်္ဂလန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒါပေမယ့် ဘိုင်ယန်နဲ့ အတူ ချန်ပီယံလိဂ် ဗိုလ်စွဲထားကာစ ပြင်သစ်သားဟာ ယူနိုက်တက် ခေါ်ယူဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။

ယူနိုက်တက် ကွင်းလယ် ကစားသမား ပေါ့ဘာဟာ အသင်းပြောင်းရွှေ့လိုတဲ့ အစီအစဉ်များကို လုံး၀ ပယ်ဖျက်လိုက်ပြီ ဖြစ်ပြီး ယူနိုက်တက်နဲ့ သက်တမ်းတိုး ကိစ္စများကို ဆွေးနွေးသွားတော့မှာ ဖြစ်ကြောင်း အေးဂျင့် ဖြစ်သူ ရိုင်းအိုလာက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ပေါ့ဘာ အခြေအနေ ပြောင်းလဲသွားတဲ့အပေါ် ယူနိုက်တက် ဂိုးသမားဟောင်းကြီး ဘော့စ်နစ်ချ်က ကျေနပ်အားရနေပြီး ယူနိုက်တက်ဟာ ပေါ့ဘာကို ရောင်းချရင် ဘယ် ကစားသမားကို ပြန် အစားထိုး ခေါ်ယူနိုင်မလဲ လို့ပဲ အသင်း တာဝန်ရှိသူတွေအား ထောက်ပြ မေးခွန်းထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ စပို့တင်းလစ္စဘွန်းကနေ ဘရူနို ဖာနန်ဒက်စ်ကို မခေါ်ယူခင် ယူနိုက်တက် နည်းပြ ဆိုးရှားက အီဗရာထံ ဆက်သွယ်ပြီး ခေါ်သင့် မခေါ်သင့် အကြံဉာဏ် တောင်းခံခဲ့ရာ အီဗရာနဲ့ စီ ရိုနယ်ဒို တို့က ခေါ်ယူသင့်ကြောင်း ထောက်ခံ တိုက်တွန်းခဲ့တယ်လို့ အီဗရာက ဖွင့်ဟခဲ့ပါတယ်။

ခံစစ်မှူး မက်ဂွဲရား ဂရိ မှာ ပြသနာ ဖြစ်ခဲ့တာကြောင့် လာမယ့် နေးရှင်းလိဂ်ပြိုင်ပွဲ အတွက် အင်္ဂလန်လက်ရွေးစင် အသင်း လူစာရင်းမှာ ပါဝင်ဖို့ ကန့်ကွက်ခံရမှုတွေ ရှိနေပြီး အင်္ဂလန် အသင်းနည်းပြ ဆောက်ဂိတ် ကိုယ်တိုင်လည်း ထိုကိစ္စအတွက် ဆွေးနွေးမှုတွေ လုပ်ရဖွယ် ရှိပါတယ်။

ဝါရင့်နည်းပြ မော်ရင်ညိုက ယူနိုက်တက်မှာ နည်းပြလုပ်စဉ် ကစားသမားတွေကို လေးစားမှု မရှိဘဲ ကွင်းထဲမှာ အော်ဟစ်ဆူပူလေ့ ရှိပြီး ပေါ်တူဂီသားကြီး ဒဏ်ကို အခံရဆုံးက ပေါ့ဘာနဲ့ ဒီဂီယာ တို့ ဖြစ်ကြောင်း ရိုဂျိုက ဖွင့်ဟလိုက်ပါတယ်။

ဝါဒါဘရီမင်အသင်းထံ အငှားကစားဖို့ ထွက်ခွာသွားပြီ ဖြစ်တဲ့ လူငယ်ကစားသမား တာဟစ်ချောင်က ယူနိုက်တက်မှာ သူ့ စွမ်းဆောင်ရည်တွေက လုံလောက် ကောင်းမွန်မှု မရှိကြောင်း ဝန်ခံ ပြောဆိုခဲ့ပြီး ဂျာမနီမှာ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေပါတယ်။

Zawgyi – ေႏြ ဦးစားေပး ပစ္မွတ္ ဆန္ခ်ိဳကို မေသခ်ာတဲ့ေနာက္ ေတာင္ပံတိုက္စစ္သမား ေခၚယူဖို႔ ဆက္လက္ ရွာေဖြေနတဲ့ ယူနိုက္တက္ဟာ ဘိုင္ယန္ျမဴးနစ္ ေတာင္ပံသမား ကင္စေလ ကိုးမန္းကို အလိုရွိေနတယ္လို႔ အဂၤလန္သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ဘိုင္ယန္နဲ႕ အတူ ခ်န္ပီယံလိဂ္ ဗိုလ္စြဲထားကာစ ျပင္သစ္သားဟာ ယူနိုက္တက္ ေခၚယူဖို႔ ခက္ခဲမွာ ျဖစ္ပါတယ္။

ယူနုိက္တက္ ကြင္းလယ္ ကစားသမား ေပါ့ဘာဟာ အသင္းေျပာင္းေရႊ႕လိုတဲ့ အစီအစဥ္မ်ားကို လံုး၀ ပယ္ဖ်က္လိုက္ျပီ ျဖစ္ျပီး ယူနိုက္တက္နဲ႕ သက္တမ္းတိုး ကိစၥမ်ားကို ေဆြးေႏြးသြားေတာ့မွာ ျဖစ္ေၾကာင္း ေအးဂ်င့္ ျဖစ္သူ ရိုင္းအိုလာက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ေပါ့ဘာ အေျခအေန ေျပာင္းလဲသြားတဲ့အေပၚ ယူနုိက္တက္ ဂိုးသမားေဟာင္းၾကီး ေဘာ့စ္နစ္ခ်္က ေက်နပ္အားရေနျပီး ယူနိုက္တက္ဟာ ေပါ့ဘာကို ေရာင္းခ်ရင္ ဘယ္ ကစားသမားကို ျပန္ အစားထိုး ေခၚယူနိုင္မလဲ လို႔ပဲ အသင္း တာ၀န္ရွိသူေတြအား ေထာက္ျပ ေမးခြန္းထုတ္ခဲ့ပါတယ္။

ျပီးခဲ့တဲ့ ဇန္န၀ါရီမွာ စပို႔တင္းလစၥဘြန္းကေန ဘရူနို ဖာနန္ဒက္စ္ကို မေခၚယူခင္ ယူနုိက္တက္ နည္းျပ ဆိုးရွားက အီဗရာထံ ဆက္သြယ္ျပီး ေခၚသင့္ မေခၚသင့္ အၾကံဥာဏ္ ေတာင္းခံခဲ့ရာ အီဗရာနဲ႕ စီ ရိုနယ္ဒို တို႔က ေခၚယူသင့္ေၾကာင္း ေထာက္ခံ တိုက္တြန္းခဲ့တယ္လို႔ အီဗရာက ဖြင့္ဟခဲ့ပါတယ္။

ခံစစ္မွဴး မက္ဂြဲရား ဂရိ မွာ ျပသနာ ျဖစ္ခဲ့တာေၾကာင့္ လာမယ့္ ေနးရွင္းလိဂ္ျပိဳင္ပြဲ အတြက္ အဂၤလန္လက္ေရြးစင္ အသင္း လူစာရင္းမွာ ပါ၀င္ဖို႔ ကန္႔ကြက္ခံရမႈေတြ ရွိေနျပီး အဂၤလန္ အသင္းနည္းျပ ေဆာက္ဂိတ္ ကိုယ္တိုင္လည္း ထိုကိစၥအတြက္ ေဆြးေႏြးမႈေတြ လုပ္ရဖြယ္ ရွိပါတယ္။

၀ါရင့္နည္းျပ ေမာ္ရင္ညိဳက ယူနိုက္တက္မွာ နည္းျပလုပ္စဥ္ ကစားသမားေတြကို ေလးစားမႈ မရွိဘဲ ကြင္းထဲမွာ ေအာ္ဟစ္ဆူပူေလ့ ရွိျပီး ေပၚတူဂီသားၾကီး ဒဏ္ကို အခံရဆံုးက ေပါ့ဘာနဲ႕ ဒီဂီယာ တို႔ ျဖစ္ေၾကာင္း ရိုဂ်ိဳက ဖြင့္ဟလိုက္ပါတယ္။

၀ါဒါဘရီမင္အသင္းထံ အငွားကစားဖို႔ ထြက္ခြာသြားျပီ ျဖစ္တဲ့ လူငယ္ကစားသမား တာဟစ္ေခ်ာင္က ယူနိုက္တက္မွာ သူ႔ စြမ္းေဆာင္ရည္ေတြက လံုေလာက္ ေကာင္းမြန္မႈ မရွိေၾကာင္း ၀န္ခံ ေျပာဆိုခဲ့ျပီး ဂ်ာမနီမွာ ေျခစြမ္းျပနိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။