မန်ယူနိုက်တက် အတွက် ဂိုးတွေ တထောကြီး သွင်းမယ့် သွေးအေး တိုက်စစ်မှူး ကို ဖာဒီနန် ဖော်ထုတ်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမားကြီး ရီယို ဖာဒီနန်ကတော့ လက်ရှိ ယူနိုက်တက်မှာ ခြေစွမ်းပြနေတဲ့ အသင်း အကယ်ဒမီထွက် တိုက်စစ်မှူးလေး မေဆန် ဂရင်းဝုဒ်ဟာ သွေးအေး လူသတ်သမားလို တည်ငြိမ်သူ ဖြစ်ပြီး လာမယ့်နှစ်တွေ အတွင်း ယူနိုက်တက် အတွက် ဂိုးတွေ တထောကြီး သွင်းပေးမယ်လို့ မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

အသက် ၁၈ နှစ်သာ ရှိသေးပေမယ့် ဂရင်းဝုဒ်ဟာ စီနီယာ အသင်းကြီးမှာ တောက်ပ ခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဂိုးတွေသွင်းကာ နည်းပြ ဆိုးရှား အထင်ကြီး နေရာပေးမှုပါ ခံလာရသူ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ ၄၉ ပွဲ ကစားပြီး ၁၇ ဂိုး သွင်းထားတဲ့ ဂရင်းဝုဒ်ကို အင်္ဂလန် လက်ရွေးစင်အသင်းတွက်လည်း နည်းပြ ဆောက်ဂိတ်က ရွေးချယ် ခေါ်ယူခဲ့ပါတယ်။

ဖာဒီနန်ကတော့ ဂရင်းဝုဒ်လေးဟာ ပိုပြီးတောက်ပလာဦးမယ့် အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ထားကာ ဘက်စုံ သင်ယူတိုးတက်လာဖို့လည်း အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။

” မေဆန်က သွေးအေး လူသတ်သမား၊ အဆုံးသတ် ကောင်းမွန်သူ ဖြစ်တယ်။ သူ့ ဗီဒီယိုတွေပဲ နည်းနည်း ကြည့်လိုက်ပါ။ သူက ငယ်တည်းက စလို့ ဒီပုံစံအတိုင်း တက်လာတာ ပြောင်းလဲသွားတာ မရှိဘူး။ ပြောင်းသွားတာ ဆိုလို့ မတူညီတဲ့ကွင်းတွေ၊ ပိုကြီးတဲ့ ဘောလုံးကွင်းကြီးတွေထဲ ရောက်လာတာနဲ့ ပရိသတ်တွေ အများကြီး စောင့်ကြည့်ခံရတာပဲ ရှိလာတယ်။

ဒီအမူအကျင့်တွေ အတိုင်း လှုပ်ရှားလာတဲ့ ကလေး ဖြစ်တယ်။ လုံး၀ တိုက်စစ်မှူး ဗီဇနဲ့ မွေးလာတဲ့သူ ဖြစ်တယ်။ သူက ဂိုးတွေ ဂိုးတွေ တထောကြီး သွင်းပါလိမ့်မယ်။ ” လို့ ဖာဒီနန်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဖာဒီနန်က ဂရင်းဝုဒ်ဟာ မန်ချက်စတာ ကလပ် အတွက်ရော အင်္ဂလန် လက်ရွေးစင် အသင်းအတွက်ပါ အဓိက ကစားသမား တစ်ဦး ဖြစ်လာဖို့ထိ ဖာဒီနန်က မျှော်လင့်ထားကာ နိုင်ငံတကာ အဆင့်မှာ မိုက်ကယ်အိုဝင်၊ ဝိန်း ရွန်းနီတို့လို တောက်ပတဲ့ အင်္ဂလန်သား ဖြစ်လာမယ်လို့ ယူဆထားကြောင်းပါ ဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ဂႏၱ၀င္ ကစားသမားၾကီး ရီယို ဖာဒီနန္ကေတာ့ လက္ရွိ ယူနိုက္တက္မွာ ေျခစြမ္းျပေနတဲ့ အသင္း အကယ္ဒမီထြက္ တိုက္စစ္မွဴးေလး ေမဆန္ ဂရင္း၀ုဒ္ဟာ ေသြးေအး လူသတ္သမားလို တည္ျငိမ္သူ ျဖစ္ျပီး လာမယ့္နွစ္ေတြ အတြင္း ယူနိုက္တက္ အတြက္ ဂိုးေတြ တေထာၾကီး သြင္းေပးမယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာခဲ့ပါတယ္။

အသက္ ၁၈ နွစ္သာ ရွိေသးေပမယ့္ ဂရင္း၀ုဒ္ဟာ စီနီယာ အသင္းၾကီးမွာ ေတာက္ပ ေျခစြမ္းျပေနျပီး ျပီးခဲ့တဲ့ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ဂိုးေတြသြင္းကာ နည္းျပ ဆိုးရွား အထင္ၾကီး ေနရာေပးမႈပါ ခံလာရသူ ျဖစ္ပါတယ္။ ျပိဳင္ပြဲစံု ၄၉ ပြဲ ကစားျပီး ၁၇ ဂိုး သြင္းထားတဲ့ ဂရင္း၀ုဒ္ကို အဂၤလန္ လက္ေရြးစင္အသင္းတြက္လည္း နည္းျပ ေဆာက္ဂိတ္က ေရြးခ်ယ္ ေခၚယူခဲ့ပါတယ္။

ဖာဒီနန္ကေတာ့ ဂရင္း၀ုဒ္ေလးဟာ ပိုျပီးေတာက္ပလာဦးမယ့္ အနာဂတ္ေကာင္းေတြ ပိုင္ဆိုင္ထားတယ္လို႔ ယံုၾကည္ထားကာ ဘက္စံု သင္ယူတိုးတက္လာဖို႔လည္း အေျခအေနေကာင္းေတြ ပိုင္ဆိုင္ထားတယ္လို႔ သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

” ေမဆန္က ေသြးေအး လူသတ္သမား၊ အဆံုးသတ္ ေကာင္းမြန္သူ ျဖစ္တယ္။ သူ႔ ဗီဒီယိုေတြပဲ နည္းနည္း ၾကည့္လိုက္ပါ။ သူက ငယ္တည္းက စလို႔ ဒီပံုစံအတိုင္း တက္လာတာ ေျပာင္းလဲသြားတာ မရွိဘူး။ ေျပာင္းသြားတာ ဆိုလို႔ မတူညီတဲ့ကြင္းေတြ၊ ပိုၾကီးတဲ့ ေဘာလံုးကြင္းၾကီးေတြထဲ ေရာက္လာတာနဲ႕ ပရိသတ္ေတြ အမ်ားၾကီး ေစာင့္ၾကည့္ခံရတာပဲ ရွိလာတယ္။

ဒီအမူအက်င့္ေတြ အတိုင္း လႈပ္ရွားလာတဲ့ ကေလး ျဖစ္တယ္။ လံုး၀ တိုက္စစ္မွဴး ဗီဇနဲ႕ ေမြးလာတဲ့သူ ျဖစ္တယ္။ သူက ဂိုးေတြ ဂိုးေတြ တေထာၾကီး သြင္းပါလိမ့္မယ္။ ” လို႔ ဖာဒီနန္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ ဖာဒီနန္က ဂရင္း၀ုဒ္ဟာ မန္ခ်က္စတာ ကလပ္ အတြက္ေရာ အဂၤလန္ လက္ေရြးစင္ အသင္းအတြက္ပါ အဓိက ကစားသမား တစ္ဦး ျဖစ္လာဖို႔ထိ ဖာဒီနန္က ေမွ်ာ္လင့္ထားကာ နုိင္ငံတကာ အဆင့္မွာ မိုက္ကယ္အို၀င္၊ ၀ိန္း ရြန္းနီတို႔လို ေတာက္ပတဲ့ အဂၤလန္သား ျဖစ္လာမယ္လို႔ ယူဆထားေၾကာင္းပါ ဆိုခဲ့ပါတယ္။