ဒီကလန်ရိုက်စ် အတွက် ကစားသမား အလဲအထပ် ကမ်းလှမ်းမှုတွေနဲ့ စိတ်ရှည်စွာ ချယ်ဆီး ညှိနှိုင်းနေဆဲ

ချယ်ဆီးအသင်းဟာ ဝက်စ်ဟမ်းအသင်း ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ် အတွက် ကမ်းလှမ်းမှုကြီး ထပ်လုပ်ဖို့ ပြင်ဆင်နေကြောင်း အင်္ဂလန်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဝက်စ်ဟမ်း ဘက်ကတော့ ချယ်ဆီးရဲ့ အလဲအထပ် ကမ်းလှမ်းမှု နှစ်ခုလောက်ကို ပယ်ချထားပြီး ဖြစ်ပါတယ်။

ချယ်ဆီးကတော့ ဒီနွေ အပြောင်းအရွှေ့ ဈေးကွက် မဖွင့်ခင်တည်းက အလိုရှိတဲ့ ကစားသမားတွေကို စနစ်တကျ ချဉ်းကပ်မှုတွေ ပြုလုပ်ထားပြီး ဇီယက်၊ တီမိုဝါနာ တို့ နှစ်ဦးကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။ နောက်ထပ် ရောက်လာဖို့ နီးစပ်နေတဲ့ ကစားသမားတွေ အဖြစ် ကိုင်းဟာဗက်ဇ်၊ ဘန်ချေးဝဲလ်နဲ့ မာလန် ဆားတို့ ရှိနေပါတယ်။

ချယ်ဆီးအသင်းဟာ တိုက်စစ် ခေါ်ယူမှုတွေ အရင် လုပ်ဆောင်ထားပေမယ့် ဗဟိုခံစစ်နဲ့ ဂိုးသမား နေရာ အတွက် လှုပ်ရှားမှုတွေ ရှိထားပြီး ဒီကလန်ရိုက်စ်ကိုလည်း ဗဟိုကွင်းလယ်မှာ ထားကစားဖို့ ရည်ရွယ် ချဥ်းကပ်နေခဲ့ပါတယ်။ အသက် ၂၁ နှစ် အရွယ် အင်္ဂလန်သားဟာ ချယ်ဆီး အကယ်ဒမီမှာ ရှိစဉ်ကတော့ ခံစစ်မှာ ကစားခဲ့တာ ဖြစ်ပြီး အသက် ၁၄ နှစ်မှာ ဝက်စ်ဟမ်း ပြောင်းသွားတည်းက စလို့ ရှေ့တက်ပြီး ကွင်းလယ်မှာ ကစားနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ချယ်ဆီးအသင်းဟာ ရှေ့ခြေတစ်လှမ်း ထပ်မံတိုးပြီး ကမ်းလှမ်းမှုကြီး လုပ်ရန် ပြင်ဆင်နေတယ်လို့ အတွင်းသတင်းတွေက ဆိုပါတယ်။ ရိုက်စ် အတွက် ဝက်စ်ဟမ်း သတ်မှတ်ထားတဲ့ တန်ကြေး ပေါင် သန်း ၇၀ ပြည့်မှီအောင် ကစားသမား အလဲအထပ်ကတော့ ချယ်ဆီး ထည့်သွင်း ကမ်းလှမ်းဦးမှာလို့ သိရပါတယ်။

ယခင် ကမ်းလှမ်းမှုများမှာတော့ ချယ်ဆီးက ရော့စ် ဘာကလေနဲ့ ဘတ်ရှူဝါရီတို့ကို ထည့်သွင်းခဲ့ပေမယ့် ဝက်စ်ဟမ်းကတော့ သူတို့ ကစားသမားကို လက်လွှတ်ရလောက်အောင် ထိုက်တန်မှု မရှိဘူး ယူဆတာကြောင့် ပယ်ချထားခဲ့ပါတယ်။ ဒါ့အပြင် ဘတ်ရှူဝါရီ၊ တိုမိုရီနဲ့ ဇူးမားတို့ သုံးယောက်နဲ့လည်း ကမ်းလှမ်းခဲ့တာ မအောင်မြင်ခဲ့ပါဘူး။

နောက်ဆုံး သတင်းများ အရတော့ ဝက်စ်ဟမ်းဘက်က ယတိပြတ် ငြင်းပယ်မှု မလုပ်သလို ကစားသမားရဲ့ စိတ်အားထက်သန်မှုကလည်း ရှိနေတာကြောင့် ချယ်ဆီးဘက်က လက်မလျှော့ဘဲ လက်ခံနိုင်လောက်တဲ့ အလဲအထပ် ကမ်းလှမ်းမှုမျိုး ထပ်မံ ပြင်ဆင်နေတယ် လို့ သိရပါတယ်။

ကလပ်နှစ်သင်းကြား သဘောတူညီမှု ရဖို့ အောက်တိုဘာ ၅ ရက်နေ့ထိ အချိန်ရသေးတာကြောင့် ချယ်ဆီးအသင်း အနေနဲ့လည်း အသုံးစရိတ် ထပ်မံ တိုးမြှင့်ရှာဖွေဖွယ် ရှိပါတယ်။ လမ်းပတ်နဲ့ လက်ထောက်နည်းပြ မောရစ်ကတော့ ရိုက်စ်ရဲ့ နေရာစုံ ကစားနိုင်မှုနဲ့ ရေရှည်အတွက် အသုံးတည့်နိုင်မှုတွေကို သဘောကျလို့ နေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ၀က္စ္ဟမ္းအသင္း ကြင္းလယ္ကစားသမား ဒီကလန္ရိုက္စ္ အတြက္ ကမ္းလွမ္းမႈၾကီး ထပ္လုပ္ဖို႔ ျပင္ဆင္ေနေၾကာင္း အဂၤလန္သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ ၀က္စ္ဟမ္း ဘက္ကေတာ့ ခ်ယ္ဆီးရဲ႕ အလဲအထပ္ ကမ္းလွမ္းမႈ နွစ္ခုေလာက္ကို ပယ္ခ်ထားျပီး ျဖစ္ပါတယ္။

ခ်ယ္ဆီးကေတာ့ ဒီေႏြ အေျပာင္းအေရႊ႕ ေစ်းကြက္ မဖြင့္ခင္တည္းက အလိုရွိတဲ့ ကစားသမားေတြကို စနစ္တက် ခ်ဥ္းကပ္မႈေတြ ျပဳလုပ္ထားျပီး ဇီယက္၊ တီမို၀ါနာ တို႔ နွစ္ဦးကိုလည္း ေခၚယူထားျပီး ဖျစ္ပါတယ္။ ေနာက္ထပ္ ေရာက္လာဖို႔ နီးစပ္ေနတဲ့ ကစားသမားေတြ အျဖစ္ ကိုင္းဟာဗက္ဇ္၊ ဘန္ေခ်း၀ဲလ္နဲ႕ မာလန္ ဆားတို႔ ရွိေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ တိုက္စစ္ ေခၚယူမႈေတြ အရင္ လုပ္ေဆာင္ထားေပမယ့္ ဗဟိုခံစစ္နဲ႕ ဂိုးသမား ေနရာ အတြက္ လႈပ္ရွားမႈေတြ ရွိထားျပီး ဒီကလန္ရိုက္စ္ကိုလည္း ဗဟိုကြင္းလယ္မွာ ထားကစားဖို႔ ရည္ရြယ္ ခ်ဥး္ကပ္ေနခဲ့ပါတယ္။ အသက္ ၂၁ နွစ္ အရြယ္ အဂၤလန္သားဟာ ခ်ယ္ဆီး အကယ္ဒမီမွာ ရွိစဥ္ကေတာ့ ခံစစ္မွာ ကစားခဲ့တာ ျဖစ္ျပီး အသက္ ၁၄ နွစ္မွာ ၀က္စ္ဟမ္း ေျပာင္းသြားတည္းက စလို႔ ေရွ႕တက္ျပီး ကြင္းလယ္မွာ ကစားေနခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ခ်ယ္ဆီးအသင္းဟာ ေရွ႕ေျခတစ္လွမ္း ထပ္မံတိုးျပီး ကမ္းလွမ္းမႈၾကီး လုပ္ရန္ ျပင္ဆင္ေနတယ္လို႕ အတြင္းသတင္းေတြက ဆိုပါတယ္။ ရိုက္စ္ အတြက္ ၀က္စ္ဟမ္း သတ္မွတ္ထားတဲ့ တန္ေၾကး ေပါင္ သန္း ၇၀ ျပည့္မွီေအာင္ ကစားသမား အလဲအထပ္ကေတာ့ ခ်ယ္ဆီး ထည့္သြင္း ကမ္းလွမ္းဦးမွာလို႔ သိရပါတယ္။

ယခင္ ကမ္းလွမ္းမႈမ်ားမွာေတာ့ ခ်ယ္ဆီးက ေရာ့စ္ ဘာကေလနဲ႕ ဘတ္ရွဴ၀ါရီတို႔ကို ထည့္သြင္းခဲ့ေပမယ့္ ၀က္စ္ဟမ္းကေတာ့ သူတို႔ ကစားသမားကို လက္လႊတ္ရေလာက္ေအာင္ ထိုက္တန္မႈ မရွိဘူး ယူဆတာေၾကာင့္ ပယ္ခ်ထားခဲ့ပါတယ္။ ဒါ့အျပင္ ဘတ္ရွူ၀ါရီ၊ တိုမိုရီနဲ႕ ဇူးမားတို႔ သံုးေယာက္နဲ႕လည္း ကမ္းလွမး္ခဲ့တာ မေအာင္ျမင္ခဲ့ပါဘူး။

ေနာက္ဆံုး သတင္းမ်ား အရေတာ့ ၀က္စ္ဟမ္းဘက္က ယတိျပတ္ ျငင္းပယ္မႈ မလုပ္သလို ကစားသမားရဲ႕ စိတ္အားထက္သန္မႈကလည္း ရွိေနတာေၾကာင့္ ခ်ယ္ဆီးဘက္က လက္မေလွ်ာ့ဘဲ လက္ခံနုိင္ေလာက္တဲ့ အလဲအထပ္ ကမ္းလွမ္းမႈမ်ိဳး ထပ္မံ ျပင္ဆင္ေနတယ္ လို႔ သိရပါတယ္။

ကလပ္နွစ္သင္းၾကား သေဘာတူညီမႈ ရဖို႔ ေအာက္တိုဘာ ၅ ရက္ေန႔ထိ အခ်ိန္ရေသးတာေၾကာင့္ ခ်ယ္ဆီးအသင္း အေနနဲ႕လည္း အသံုးစရိတ္ ထပ္မံ တိုးျမွင့္ရွာေဖြဖြယ္ ရွိပါတယ္။ လမ္းပတ္နဲ႕ လက္ေထာက္နည္းျပ ေမာရစ္ကေတာ့ ရိုက္စ္ရဲ႕ ေနရာစံု ကစားနုိင္မႈနဲ႕ ေရရွည္အတြက္ အသံုးတည့္နိုင္မႈေတြကို သေဘာက်လို႔ ေနပါတယ္။