ယနေ့ နောက်ဆုံးရ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (25/08/20)

ဂရိက ရန်ပွဲကြောင့် လက်ရွေးစင် အသင်းမှာ ပါဝင်ဖို့ မရေရာခဲ့ပေမယ့် မက်ဂွဲရားဟာ ဒီနေ့ ထုတ်ပြန်ကြေငြာလိုက်တဲ့ နေးရှင်းလိဂ် ပြိုင်ပွဲဝင်မယ့် အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်းမှာ ပါဝင်လာပါတယ်။ မက်ဂွဲရား အပြင် လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်လည်း ရွေးချယ်ခံရပြီး ယူနိုက်တက်မှ ဒင်းဟန်ဒါဆန်နဲ့ ရက်ဖို့ဒ်တို့လည်း ပါဝင်ပါတယ်။

ယူနိုက်တက် ခံစစ်မှူး လင်ဒီအော့ဟာ ဆွီဒင်မှာ အသက်ကြီးကြီး အမျိုးသမီးရဲ့ ပိုက်ဆံအိတ်ကို ခိုးပြေးတဲ့ သူခိုးကို တားဆီးပြီး ကူညီပေးခဲ့ပါတယ်။ လင်ဒီလော့ဖ်က ရဲတွေမရောက်လာခင်ထိ သူခိုးကို ဖမ်းဆီး ထိန်းသိမ်း ထားပေးပြီး ရဲလက်အပ်ပေးခဲ့ပါတယ်။

ဟက်ဒါဖီးလ် အသင်းဟာ ယူနိုက်တက် လူငယ်ကစားသမား ဂျိမ်းစ် ဂါနာ ကို အငှား ခေါ်ယူဖို့ ချိတ်ဆက် မေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။ အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမား ကို ယူနိုက်တက်ကတော့ ထွက်ခွာဖို့ တားဆီးဖွယ် ရှိနေပါတယ်။

ယူနိုက်တက် လူငယ်ကြယ်ပွင့် မေဆန်ဂရင်းဝုဒ်ဟာ သွေးအေးလူသတ်သမားလို တည်ငြိမ်ပြီး အဆုံးသတ် ကောင်းမွန်ကာ ယူနိုက်တက် အတွက် ဂိုးတွေ အများကြီး သွင်းပေးသွားမယ့် တိုက်စစ်မှူး ဖြစ်တယ်လို့ ဖာဒီနန်က ထောက်ခံ ဟောကိန်းထုတ်လိုက်ပါတယ်။

ကွင်းလယ် တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ တချိန်မှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အသင်းခေါင်းဆောင် ဖြစ်လာနိုင်တယ်လို့ ၎င်းရဲ့ ဆရာဟောင်းလည်း ဖြစ်တဲ့ အူဒီးနိစ်နည်းပြဟောင်း စထရာမာစီယွန်နီက သုံးသပ် သွားခဲ့ပါတယ်။

အေဂျက် ကြယ်ပွင့် ကစားသမား ဗန်ဒါဘိဟာ ရီးရဲလ်မက်ဒရစ်နဲ့ ချိတ်ဆက်မှုတွေ ရှိပေမယ့် အင်္ဂလန် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ ကစားလိုနေပြီး စက်တင်ဘာ ၁၃ မတိုင်ခင် အသင်းပြောင်းလို နေတာကြောင့် ၎င်းကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက် အတွက် အခွင့်အရေး ရှိနေပါတယ်။

နယ်သာလန်သား ဝါရင့်နည်းပြကြီး လူးဝစ် ဗန်ဟားလ်က သူ ယူနိုက်တက် နည်းပြ ဖြစ်စဉ်က နေမာ၊ လီဝန်ဒေါစကီးနဲ့ ဆာဒီယို မာနေး၊ ဟီဂူအင်၊ မာရက်ဇ်၊ ကန်တေ၊ မူလာ၊ မေနာ၊ ရာမို့စ်၊ ဟန်းမဲလ် စတဲ့ ခြေစွမ်းကောင်း ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူလိုခဲ့ပေမယ့် အသင်းက မခေါ်ယူပေးနိုင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Zawgyi – ဂရိက ရန္ပြဲေၾကာင့္ လက္ေရြးစင္ အသင္းမွာ ပါ၀င္ဖို႔ မေရရာခဲ့ေပမယ့္ မက္ဂြဲရားဟာ ဒီေန႔ ထုတ္ျပန္ေၾကျငာလိုက္တဲ့ ေနးရွင္းလိဂ္ ျပိဳင္ပြဲ၀င္မယ့္ အဂၤလန္ လက္ေရြးစင္ အသင္း လူစာရင္းမွာ ပါ၀င္လာပါတယ္။ မက္ဂြဲရား အျပင္ လူငယ္တိုက္စစ္မွဴး ဂရင္း၀ုဒ္လည္း ေရြးခ်ယ္ခံရျပီး ယူနိုက္တက္မွ ဒင္းဟန္ဒါဆန္နဲ႕ ရက္ဖို႔ဒ္တို႔လည္း ပါ၀င္ပါတယ္။

ယူနိုက္တက္ ခံစစ္မွဴး လင္ဒီေအာ့ဟာ ဆီြဒင္မွာ အသက္ၾကီးၾကီး အမ်ိဳးသမီးရဲ႕ ပိုက္ဆံအိတ္ကို ခိုးေျပးတဲ့ သူခိုးကို တားဆီးျပီး ကူညီေပးခဲ့ပါတယ္။ လင္ဒီေလာ့ဖ္က ရဲေတြမေရာက္လာခင္ထိ သူခိုးကို ဖမ္းဆီး ထိန္းသိမ္း ထားေပးျပီး ရဲလက္အပ္ေပးခဲ့ပါတယ္။

ဟက္ဒါဖီးလ္ အသင္းဟာ ယူနိုက္တက္ လူငယ္ကစားသမား ဂ်ိမ္းစ္ ဂါနာ ကို အငွား ေခၚယူဖို႔ ခ်ိတ္ဆက္ ေမးျမန္းမႈေတြ ျပဳလုပ္ေနပါတယ္။ အသက္ ၂၀ အရြယ္ ကြင္းလယ္ကစားသမား ကို ယူနိုက္တက္ကေတာ့ ထြက္ခြာဖို႔ တားဆီးဖြယ္ ရွိေနပါတယ္။

ယူနိုက္တက္ လူငယ္ၾကယ္ပြင့္ ေမဆန္ဂရင္း၀ုဒ္ဟာ ေသြးေအးလူသတ္သမားလို တည္ျငိမ္ျပီး အဆံုးသတ္ ေကာင္းမြန္ကာ ယူနိုက္တက္ အတြက္ ဂိုးေတြ အမ်ားၾကီး သြင္းေပးသြားမယ့္ တိုက္စစ္မွဴး ျဖစ္တယ္လို႔ ဖာဒီနန္က ေထာက္ခံ ေဟာကိန္းထုတ္လိုက္ပါတယ္။

ကြင္းလယ္ တိုက္စစ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ဟာ တခ်ိန္မွာ မန္ခ်က္စတာ ယူနိုက္တက္ ရဲ႕ အသင္းေခါင္းေဆာင္ ျဖစ္လာႏိုင္တယ္လို႔ ၄င္းရဲ႕ ဆရာေဟာင္းလည္း ျဖစ္တဲ့ အူဒီးနိစ္နည္းျပေဟာင္း စထရာမာစီယြန္နီက သုံးသပ္ သြားခဲ့ပါတယ္။

ေအဂ်က္ ၾကယ္ပြင့္ ကစားသမား ဗန္ဒါဘိဟာ ရီးရဲလ္မက္ဒရစ္နဲ႕ ခ်ိတ္ဆက္မႈေတြ ရွိေပမယ့္ အဂၤလန္ ပရီးမီးယားလိဂ္သို႔ ေျပာင္းေရႊ႕ ကစားလိုေနျပီး စက္တင္ဘာ ၁၃ မတိုင္ခင္ အသင္းေျပာင္းလို ေနတာေၾကာင့္ ၄င္းကို စိတ္၀င္စားေနတဲ့ ယူနိုက္တက္ အတြက္ အခြင့္အေရး ရွိေနပါတယ္။

နယ္သာလန္သား ၀ါရင့္နည္းျပၾကီး လူး၀စ္ ဗန္ဟားလ္က သူ ယူနုိက္တက္ နည္းျပ ျဖစ္စဥ္က ေနမာ၊ လီ၀န္ေဒါစကီးနဲ႕ ဆာဒီယို မာေနး၊ ဟီဂူအင္၊ မာရက္ဇ္၊ ကန္ေတ၊ မူလာ၊ ေမနာ၊ ရာမို႔စ္၊ ဟန္းမဲလ္ စတဲ့ ေျခစြမ္းေကာင္း ၾကယ္ပြင့္ ကစားသမားေတြကို ေခၚယူလိုခဲ့ေပမယ့္ အသင္းက မေခၚယူေပးနုိင္ခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။