၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့်အတွက် မဲခွဲမှု ရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ်တွေထဲက အာဆင်နယ်နဲ့ မန်စီးတီးတို့ပဲ ကျန်ရှိတော့တာဖြစ်ကာ နယူးကာဆယ်နဲ့ မန်ယူနိုက်တက်တို့ဟာ အုပ်စုအဆင့်မှာတင် ပြိုင်ပွဲက ထွက်ခွာခဲ့ရပါပြီ။ ၎င်းနှစ်သင်းဟာ ယူရိုပါလိဂ်ထံ ဆင်းကစားရခြင်းလည်း မရှိဘဲ ဒီရာသီ ဥရောပပွဲတွေ ပြီးဆုံးသွားတာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပေါ်တူဂီကလပ် ပေါ်တိုအသင်းနဲ့ အတွဲကျနေပါတယ်။ ပေါ်တိုဟာ ပေါ်တူဂီလိဂ်မှာ အမှတ်ပေးဇယား တတိယနေရာမှာ ရှိနေတာဖြစ်ကာ ချန်ပီယံလိဂ်မှာတော့ ဘာစီလိုနာ၊ ရှက်တာတို့ဖြင့် အတူကျခဲ့ပြီး အုပ်စု ဒုတိယဖြင့် ရှုံးထွက်တက်လာခဲ့တာပါ။
မန်စီးတီးကတော့ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်ဖြင့် အတွဲကျကာ ကွာတားရောက်ဖို့ ရေပန်းစားနေပါတယ်။ ကိုပင်ဟေဂင်ဟာ အုပ်စုအဆင့်မှာ မန်ချက်စတာ ယူနိုက်တက်ကို ကျော်ဖြတ်ခဲ့တာဖြစ်ကာ ရှုံးထွက်မှာလည်း မန်ချက်စတာ ကလပ် တစ်သင်းဖြင့် ထပ်မံ တွေ့ဆုံပါတယ်။
နောက်ထပ် အတွဲတွေအဖြစ် စီးရီးအေကလပ် နာပိုလီက လာလီဂါကလပ် ဘာစီလိုနာဖြင့် အတွဲကျခဲ့ပါတယ်။ ပြင်သစ်ကလပ် ပီအက်စ်ဂျီက လာလီဂါကလပ် ရီးရဲလ်ဆိုစီဒက်ဖြင့် လည်းကောင်း၊ စီးရီးအေကလပ် အင်တာမီလန်က လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်ဖြင့် လည်းကောင်း အတွဲကျခဲ့ပါတယ်။
စီးရီးအေကလပ် လာဇီယိုက ဂျာမာန်ကလပ် ဘိုင်ယန်မြူးနစ်၊ နယ်သာလန်ကလပ် ပီအက်စ်ဗီက ဂျာမာန်ကလပ် ဒေါ့မွန်ဖြင့် ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။ နောက်ဆုံး အတွဲအဖြစ် ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်က လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ဖြင့် တွေ့ဆုံတာ ဖြစ်ပါတယ်။
Champions League last 16 draw:
Porto v Arsenal
Napoli v Barcelona
PSG v Real Sociedad
Inter v Atletico Madrid
PSV Eindhoven v Borussia Dortmund
Lazio v Bayern Munich
FC Copenhagen v Manchester City
RB Leipzig v Real Madrid
