ယေန႔ နံနက္္ခင္း ခ်ယ္ဆီး အေျပာင္းအေရႊ႕ သတင္းတိုမ်ား (26-08-20)

Unicode – ချယ်ဆီး ဟာ ကွင်းလယ်လူ ဘာကာယိုကိုကို အငှားချထားဖို့ အလိုရှိနေပါတယ်။ အသက် ၂၆နှစ်အရွယ် ကစားသမားဟာ အေစီမီလန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဒီတစ်ပတ်ထဲမှာပဲ မီလန်ကို ရောက်ရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ချယ်ဆီး ဟာ ကိုင်ဟားဗတ်၊ ဘင်ချီဝဲနဲ့ သီယာဂို ဆေးဗားတို့ကို ခေါ်ယူနိူင်ဖို့ နီးစပ်နေပြီဖြစ်ပေမယ့် ရာသီသစ် မစတင်ခင် ဂိုးသမားအသစ် တစ်ယောက် ခေါ်ယူရမယ်လို့ ခြင်္သေ့ပြာ ကွင်းလယ်လူဟောင်း ခရစ် ဘာလေက တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

လမ်းပတ်အနေနဲ့ သီယာဂို ဆေးဗားကို ခေါ်ယူဖို့ ကြိုးစားနေတာဟာ အသက် ၃၆နှစ်အရွယ် နောက်ခံလူက အဝတ်လဲခန်းထဲမှာ ဦးဆောင်သူ ဖြစ်နိူင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့ အောင်မြင်ခဲ့ရင် ဆေးဗားဟာ လာမယ့်ရာသီ ချယ်ဆီး မှာ အသင်းခေါင်းဆောင် အသစ် ဖြစ်လာနိုင်ပါတယ်။

ချယ်ဆီး ဟာ တီမိုဗာနာ၊ ဇီယက်တို့အပြင် နောက်ထပ် ခေါ်ယူမှုဆွေ လုပ်ဦးမှာ ဖြစ်လို့ အသုံးစရိတ် တိုးမြှင့်တဲ့အနေနဲ့ ဘယ်နောက်ခံလူ အီမာဆန် ပယ်မီရာရီကို ပေါင်၂၆သန်းနဲ့ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

ချယ်ဆီး ကစားသမား နှစ်ယောက်ဟာ အိုက်စလန်၊ ဒိန်းမတ်တို့နဲ့ ရင်ဆိုင်ရမယ့် အင်္ဂလန်ရဲ့ နေးရှင်းလိဂ် ပွဲတွေအတွက် ခေါ်ယူခံခဲ့ရပါတယ်။ မနှစ်က လမ်းပတ်အတွက် အဓိက ကစားသမား ဖြစ်ခဲ့တဲ့ မေဆန်မောင့်နဲ့ တန်မီ အေဗရာဟမ်တို့ ပါဝင်ခဲ့တာဖြစ်ပြီး ဒဏ်ရာပြဿနာနဲ့ ရော့စ်ဘာကလေကတော့ လက်ရွေးစင် အသင်းနဲ့ လွဲချော်ခဲ့ပါတယ်။

ဒီအပြောင်းအရွှေ့ကာလမှာ အနည်းဆုံး ခေါ်ယူမှု ၄ခု လုပ်မယ့် အင်တာဟာ ဘယ်နောက်တန်းအတွက် ချယ်ဆီး ရဲ့ အီမာဆန်၊ ကွင်းလယ်အတွက်တော့ နည်းပြကွန်တီရဲ့ ပထမဉီးစားပေး ပစ်မှတ်အဖြစ် အန်ဂိုလို ကန်တေကို အလိုရှိနေတယ်လို့ သိရပါတယ်။

ရိုးမားအသင်းဟာ ချယ်ဆီး တောင်ပံကစားသမားဟောင်း ပက်ဒရိုကို ၃နှစ်စာချုပ်နဲ့ အလွတ်ခေါ်ယူခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ချယ်ဆီး အတွက် ၂၀၆ပွဲမှာ ၄၃ဂိုး သွင်းယူပေးခဲ့တဲ့ အသက် ၃၃နှစ်အရွယ် ကစားသမားဟာ ဒီလအစောပိုင်းမှာပဲ အနောက်လန်ဒန်ကလပ်နဲ့ ၅နှစ်တာ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာပါ။

Zawgyi – ခ်ယ္ဆီး ဟာ ကြင္းလယ္လူ ဘာကာယိုကိုကို အငွားခ်ထားဖို႔ အလိုရွိေနပါတယ္။ အသက္ ၂၆ႏွစ္အ႐ြယ္ ကစားသမားဟာ ေအစီမီလန္နဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီး ဒီတစ္ပတ္ထဲမွာပဲ မီလန္ကို ေရာက္ရွိဖို႔ နီးစပ္ေနၿပီလို႔ သိရပါတယ္။

ခ်ယ္ဆီး ဟာ ကိုင္ဟားဗတ္၊ ဘင္ခ်ီဝဲနဲ႔ သီယာဂို ေဆးဗားတို႔ကို ေခၚယူႏိူင္ဖို႔ နီးစပ္ေနၿပီျဖစ္ေပမယ့္ ရာသီသစ္ မစတင္ခင္ ဂိုးသမားအသစ္ တစ္ေယာက္ ေခၚယူရမယ္လို႔ ျခေသၤ့ျပာ ​ကြင္းလယ္လူေဟာင္း ခရစ္ ဘာေလက တိုက္တြႏ္း ေျပာဆိုသြားခဲ့ပါတယ္။

လမ္းပတ္အေနနဲ႔ သီယာဂို ေဆးဗားကို ေခၚယူဖို႔ ႀကိဳးစားေနတာဟာ အသက္ ၃၆ႏွစ္အ႐ြယ္ ေနာက္ခံလူက အဝတ္လဲခန္းထဲမွာ ဦးေဆာင္သူ ျဖစ္ႏိူင္တာေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင္​့ အေျပာင္းအေ႐ႊ႕ ေအာင္ျမင္ခဲ့ရင္ ေဆးဗားဟာ လာမယ့္ရာသီ ခ်ယ္ဆီး မွာ အသင္းေခါင္းေဆာင္ အသစ္ ျဖစ္လာႏိုင္ပါတယ္။

ခ်ယ္ဆီး ဟာ တီမိုဗာနာ၊ ဇီယက္တို႔အျပင္ ေနာက္ထပ္ ေခၚယူမႈေဆြ လုပ္ဦးမွာ ျဖစ္လို႔ အသုံးစရိတ္ တိုးျမႇင့္တဲ့အေနနဲ႔ ဘယ္ေနာက္ခံလူ အီမာဆန္ ပယ္မီရာရီကို ေပါင္၂၆သန္းနဲ႔ ေရာင္းခ်ဖို႔ ျပင္ဆင္ေနပါတယ္။

ခ်ယ္ဆီး ကစားသမား ႏွစ္ေယာက္ဟာ အိုက္စလန္၊ ဒိန္းမတ္တို႔နဲ႔ ရင္ဆိုင္ရမယ့္ အဂၤလန္ရဲ႕ ေနးရွင္းလိဂ္ ပြဲေတြအတြက္ ေခၚယူခံခဲ့ရပါတယ္။ မႏွစ္က လမ္းပတ္အတြက္ အဓိက ကစားသမား ျဖစ္ခဲ့တဲ့ ေမဆန္ေမာင့္နဲ႔ တန္မီ ေအဗရာဟမ္တို႔ ပါဝင္ခဲ့တာျဖစ္ၿပီး ဒဏ္ရာျပႆနာနဲ႔ ေရာ့စ္ဘာကေလကေတာ့ လက္ေ႐ြးစင္ အသင္းနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။

ဒီအေျပာင္းအေ႐ႊ႕ကာလမွာ အနည္းဆုံး ေခၚယူမႈ ၄ခု လုပ္မယ့္ အင္တာဟာ ဘယ္ေနာက္တန္းအတြက္ ခ်ယ္ဆီး ရဲ႕ အီမာဆန္၊ ကြင္းလယ္အတြက္ေတာ့ နည္းျပကြန္တီရဲ႕ ပထမဉီးစားေပး ပစ္မွ​တ္အျဖစ္ အန္ဂိုလို ကန္ေတကို အလိုရွိေနတယ္လို႔ သိရပါတယ္။

႐ိုးမားအသင္းဟာ ခ်ယ္ဆီး ေတာင္ပံကစားသမားေဟာင္း ပက္ဒ႐ိုကို ၃ႏွစ္စာခ်ဳပ္နဲ႔ အလြတ္ေခၚယူခဲ့ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ခ်ယ္ဆီး အတြက္ ၂၀၆ပြဲမွာ ၄၃ဂိုး သြင္းယူေပးခဲ့တဲ့ အသက္ ၃၃ႏွစ္အ႐ြယ္ ကစားသမားဟာ ဒီလအေစာပိုင္းမွာပဲ အေနာက္လန္ဒန္ကလပ္နဲ႔ ၅ႏွစ္တာ ကစားသမားဘဝကို အဆုံးသတ္ခဲ့တာပါ။