ယနေ့ နံနက်ခင်း မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (26-08-20)

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက အသင်းကနေ ထွက်ခွာခွင့် တောင်းခဲ့ပြီဖြစ်ကာ သူ့ကို ခေါ်ယူဖို့ အခြားသော ပြိုင်ဘက်တွေနဲ့အပြိုင် လှုပ်ရှားဖို့ ယူနိုက်တက် ဝင်ရောက်လာပါပြီ။

ဂရိမှာ အမူရင်ဆိုင်နေရတဲ့ မက်ဂွဲရားကို အပြစ်ရှိကြောင်း တရားရုံးက အမိန့်ချလိုက်ပါတယ်။ မက်ဂွဲရားက အင်္ဂလန်မှာပဲ ရှိနေကာ သူ့အမှုကို ကိုယ်စားလှယ်အဖွဲ့က ရင်ဆိုင်ပေးမှာဖြစ်ပြီး မန်နေဂျာဆောက်ဂိတ်က အင်္ဂလန်လူစာရင်းကနေ ပြန်လည် ထုတ်ပယ်ခဲ့ပါပြီ။

ဟက်ဒါဖီးတောင်း အသင်းဟာ မန်ချက်စတာ ယူနိူက်တက် ရဲ့ ဆယ်ကျော်သက် ကွင်းလယ်လူ ဂျိမ်းစ်ဂါနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းဖော်ပြခဲ့ပါတယ်။ သူတို့ဟာ နောက်ရာသီအတွက် အသက်၁၉နှစ်အရွယ် ကစားသမားကို အငှားခေါ်ယူလိုတာကြောင့် ယူနိုက်တက်နဲ့ ဆက်သွယ်မှု လုပ်ခဲ့တယ်လို့လဲ သိရပါတယ်။

မေဆန်ဂရင်းဝုဒ်ဟာ ဝိန်းရွန်းနီ၊ မိုက်ကယ်အိုဝင်တို့လိုမျိုး ဆယ်ကျော်သက် အရွယ်မှာပဲ အင်္ဂလန်အတွက် တောက်ပနိူင်လိမ့်မယ်လို့ ရီယိုဖာဒီနန်က ခန့်မှန်းပြောဆိုခဲ့ပါတယ်။ ယူရိုပြိုင်ပွဲကို တစ်နှစ် နောက်ဆုတ်ခဲ့တာကြောင့် လူငယ်တိုက်စစ်မှူး အနေနဲ့ အတွေ့အကြုံတွေ ရယူဖို့ အချိန်ပိုရနိုင်မှာလဲ ဖြစ်ပါတယ်။

မာရှယ်ဟာ ၂၀၁၉-၂၀၂၀ ရာသီ ယူနိုက်တက် အတွက် ဂိုးရှေ့မှာ သူ့ရဲ့ အကောင်းဆုံးရာသီကို ပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၂၃ဂိုးသွင်းယူခဲ့တာကြောင့် ဆိုးလ်ရှားအနေနဲ့ ဒီနွေမှာ နံပါတ်၉ ကစားသမားအသစ် ရှာဖွေဖို့ မလိုတော့ဘူးလို့ ပါလစ်စတာက ပြောဆိုသွားခဲ့ပါတယ်။

နေးရှင်းလိဂ် ပွဲတွေအတွက် အင်္ဂလန်အသင်း လူစာရင်းမှာ ယူနိုက်တက် ကစားသမား ၃ ဦးအထိ ပါဝင်ခဲ့ပါတယ်။ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဒင်းဟန်ဒါဆန်တို့ပဲ ဖြစ်ပါတယ်။

သီယာဂို အယ်ကန်တာရာအနေနဲ့ ယူနိုက်တက်ရဲ့ ခါးသီးပြိုင်ဘက် လီဗာပူးအတွက် မကစားပေးဘူးဆိုရင်တော့ ပရီးမီးယားလိဂ်မှာ သူ့ကိုမြင်ရတာ သိပ်ကောင်းမှာပဲလို့ ဝိန်းရွန်းနီ က ဝန်ခံခဲ့ပါတယ်။

ရိုင်ယန်ဂစ်ရဲ့ ဝေးလ် လက်ရွေးစင်အသင်း လူစာရင်းမှာ မန်ချက်စတာ ယူနိုက်တက် ကစားသမား ၂ယောက် ပါဝင်ခဲ့ပြီး ဒန်နီရယ်ဂျိမ်းစ်နဲ့ ဒိုင်လန် လီဗစ်တို့ဟာ ဖင်လန်၊ ဘူလ်ဂေးရီးယားတို့နဲ့ တွေ့ရမယ့် ဝေးလ်အသင်းအတွက် ပါဝင်ကစားပေးရနိူင်ပါတယ်။

စမောလင်းဟာ ရိုးမားမှာ အောင်မြင်တဲ့ အငှားရာသီ ကုန်ဆုံးခဲ့ပြီးနောက် မန်ချက်စတာကို ပြန်လာခဲ့ပေမယ့် သူဟာ စီးရီးအေကလပ်ကို အပြီးသတ်ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး အဲ့ဒီ့ကို ပြောင်းရွှေ့နိုင်ဖို့်အတွက်လဲ လစာလျှော့ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

Zawgyi – ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီက အသင္းကေန ထြက္ခြာခြင့္ ေတာင္းခဲ့ျပီျဖစ္ကာ သူ႔ကို ေခၚယူဖို႔ အျခားေသာ ျပိဳင္ဘက္ေတြနဲ႔အျပိဳင္ လႈပ္ရွားဖို႔ ယူႏုိက္တက္ ဝင္ေရာက္လာပါျပီ။

ဂရိမွာ အမူရင္ဆိုင္ေနရတဲ့ မက္ဂြဲရားကို အျပစ္ရွိေၾကာင္း တရားရံုးက အမိန္႔ခ်လိုက္ပါတယ္။ မက္ဂြဲရားက အဂၤလန္မွာပဲ ရွိေနကာ သူ႔အမႈကို ကိုယ္စားလွယ္အဖြဲ႔က ရင္ဆိုင္ေပးမွာျဖစ္ျပီး မန္ေနဂ်ာေဆာက္ဂိတ္က အဂၤလန္လူစာရင္းကေန ျပန္လည္ ထုတ္ပယ္ခဲ့ပါျပီ။

ဟက္ဒါဖီးေတာင္း အသင္းဟာ မန္ခ်က္စတာ ယူႏိူက္တက္ ရဲ႕ ဆယ္ေက်ာ္သက္ ကြင္းလယ္လူ ဂ်ိမ္းစ္ဂါနာကို ေခၚယူဖို​့ စိတ္ဝင္စားေနေၾကာင္းေဖာ္ျပခဲ့ပါတယ္။ သူတို႔ဟာ ေနာက္ရာသီအတြက္ အသက္၁၉ႏွစ္အ႐ြယ္ ကစားသမားကို အငွားေခၚယူလိုတာေၾကာင့္ ယူႏိုက္တက္နဲ႔ ဆက္သြယ္မႈ လုပ္ခဲ့တယ္လို႔လဲ သိရပါတယ္။

ေမဆန္ဂရင္းဝုဒ္ဟာ ဝိန္း႐ြန္းနီ၊ မိုက္ကယ္အိုဝင္တို႔လိုမ်ိဳး ဆယ္ေက်ာ္သက္ အ႐ြယ္မွာပဲ အဂၤလန္အတြက္ ေတာက္ပႏိူင္လိမ့္မယ္လို႔ ရီယိုဖာဒီနန္က ခန္႔မွန္းေျပာဆိုခဲ့ပါတယ္။ ယူ႐ိုၿပိဳင္ပြဲကို တစ္ႏွစ္ ေနာက္ဆုတ္ခဲ့တာေၾကာင့္ လူငယ္တိုက္စစ္မႉး အေနနဲ႔ အေတြ႕အႀကဳံေတြ ရယူဖို႔ အခ်ိန္ပိုရႏိုင္မွာလဲ ျဖစ္ပါတယ္။

မာရွယ္ဟာ ၂၀၁၉-၂၀၂၀ ရာသီ ယူႏိုက္တက္ အတြက္ ဂိုးေရွ႕မွာ သူ႔ရဲ႕ အေကာင္းဆုံးရာသီကို ျပသႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲစုံ ၂၃ဂိုးသြင္းယူခဲ့တာေၾကာင့္ ဆိုးလ္ရွားအေနနဲ႔ ဒီေႏြမွာ နံပါတ္၉ ကစားသမားအသစ္ ရွာေဖြဖို႔ မလိုေတာ့ဘူးလို႔ ပါလစ္စတာက ေျပာဆိုသြားခဲ့ပါတယ္။

ေနးရွင္းလိဂ္ ပြဲေတြအတြက္ အဂၤလန္အသင္း လူစာရင္းမွာ ယူႏိုက္တက္ ကစားသမား ၃ ဦးအထိ ပါဝင္ခဲ့ပါတယ္။ ဂရင္းဝုဒ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဒင္းဟန္ဒါဆန္တို႔ပဲ ျဖစ္ပါတယ္။

သီယာဂို အယ္ကန္တာရာအေနနဲ႔ ယူႏိုက္တက္ရဲ႕ ခါးသီးၿပိဳင္ဘက္ လီဗာပူးအတြက္ မကစားေပးဘူးဆိုရင္ေတာ့ ပရီးမီးယားလိဂ္မွာ သူ႔ကိုျမင္ရတာ သိပ္ေကာင္းမွာပဲလို​​့ ဝိန္း႐ြန္းနီ က ဝန္ခံခဲ့ပါတယ္။

႐ိုင္ယန္ဂစ္ရဲ႕ ေဝးလ္ လက္ေ႐ြးစင္အသင္း လူစာရင္းမွာ မန္ခ်က္စတာ ယူႏိုက္တက္ ကစားသမား ၂ေယာက္ ပါဝင္ခဲ့ၿပီး ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ ဒိုင္လန္ လီဗစ္တို႔ဟာ ဖင္လန္၊ ဘူလ္ေဂးရီးယားတို႔နဲ႔ ​​ေတြ႕ရမယ့္ ေဝးလ္အသင္းအတြက္ ပါဝင္ကစားေပးရႏိူင္ပါတယ္။

စေမာလင္းဟာ ႐ိုးမားမွာ ေအာင္ျမင္တဲ့ အငွားရာသီ ကုန္ဆုံးခဲ့ၿပီးေနာက္ မန္ခ်က္စတာကို ျပန္လာခဲ့ေပမယ္​့ သူဟာ စီးရီးေအကလပ္ကို အၿပီးသတ္ေျပာင္းေ႐ႊ႕ဖို႔ စိတ္အားထက္သန္ေနၿပီး အဲ့ဒီ့ကို ေျပာင္းေ႐ႊ႕ႏိုင္ဖို္႔အတြက္လဲ လစာေလွ်ာ့ယူဖို႔ ဆႏၵရွိေနတာ ျဖစ္ပါတယ္။