ဘယ်လင်ဟမ် ထိပ်တန်းရောက်လာပြီး မက်ဆီ ပါဝင်နေဆဲ ၂၀၂၃ ခုနှစ်ရဲ့ အကောင်းဆုံး ကစားသမား ၁၀ ဦး စာရင်း

ဗြိတိန်ရဲ့ ဂုဏ်သိက္ခာရှိ မီဒီယာဌာန တစ်ခုဖြစ်တဲ့ The Guardian ကတော့ ၂၀၂၃ ခုနှစ်အတွင် အကောင်းဆုံး ဘောလုံးသမား ၁၀၀ စာရင်းကို ထုတ်ပြန်လာခဲ့ပါတယ်။

ဂါးဒီးယန်းကတော့ ခေတ်သစ်တစ်ခုဟာ အခုချိန်ကနေ စတင်လာတော့မယ်လို့ တင်စားခဲ့ကာ အနာဂတ်မှာ ဘောလုံးလောကကို လွှမ်းမိုးတော့မယ့် လူငယ် ကစားသမား အများအပြားကို ထိပ်တန်း ၁၀ ဦး စာရင်းထဲ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဆိုပါစာရင်းရဲ့ ထိပ်ဆုံးမှာတော့ မန်စီးတီး တိုက်စစ်မှူး ဟာလန်း၊ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဘယ်လင်ဟမ်တို့ ရပ်တည်နေတာဖြစ်ကာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းမှ တိုက်စစ်မှူး အမ်ဘတ်ပီလည်း ပါဝင်နေပါတယ်။

ထိပ်ဆုံး ၁၀ ဦးမှာတော့ မန်စီးတီး ကစားသမားတွေဖြစ်တဲ့ ရိုဒရီနဲ့ ဒီဘရိုင်း၊ လီဗာပူး ကစားသမား ဆာလာတို့ ပါဝင်လာခဲ့တယ်။ ဘွန်ဒက်လီဂါကို ရောက်ရှိနေတဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းကိုလည်း ရွေးချယ်ထားပါတယ်။

ဘယ်လင်ဟမ်ရဲ့ အသင်းဖော် ဗင်နီးဆီးယက်စ် ရွေးချယ်ခံရကာ စီးရီးအေမှ အိုဆင်ဟမ်ကလည်း နံပါတ် ၉ နေရာက ပါဝင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်ရဲ့ ဘလွန်းဒီအောဆုရှင် မက်ဆီကတော့ နံပါတ် ၁၀ နေရာမှာ ရှိနေပါတယ်။

ဂါးဒီးယန်းက ရွေးချယ်တဲ့ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၀ ဦးကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။