ဝက်စ်ဟမ်းရဲ့ လန်ဒန်ကွင်းမှာ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့တာနဲ့အတူ ထိပ်ဆုံး ၄ သင်း ဝင်ခွင့် ဝေဝါးခဲ့ပြန်ပါပြီ။
ဒီပွဲ ပထမပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခြေစွမ်းက သိပ်မဆိုးခဲ့ဘဲ ဘောလုံးပိုင်ဆိုင်မှု ရခဲ့သလို ကွင်းလယ်မှာ လွှမ်းမိုးကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီ မြင်နေကျ ယူနိုက်တက်ရဲ့ ပုံစံတွေအတိုင်း final third ထဲမှာတော့ အဆိပ်မရှိတဲ့ သာမာန်အသင်းသာသာ ခြေစွမ်းပဲ ရှိခဲ့ပါတယ်။
တိုက်စစ်မှူး ဟွိုင်လန်းထံက ကောင်းကွက်တွေ မမြင်ရသလောက် ဖြစ်ခဲ့ကာ ဂနာချိုကလည်း အခွင့်အရေးတွေ ဖြုန်းတီးခဲ့ပါတယ်။ မိုင်နူးထံက ခြေစွမ်းကောင်း အချို့နဲ့ ခံစစ်ကနေ ကစားကွက် စတင်နိုင်တာကလွဲလို့ ယူနိုက်တက်တို့ ထူးထူးချွန်ချွန် မလုပ်ပြနိုင်ခဲ့ပါဘူး။
🚨🚨| GOAL: Bowen scores for West Ham!
West Ham 1-0 Manchester United pic.twitter.com/ze8nzPDmzo
— CentreGoals. (@centregoals) December 23, 2023
ဒုတိယပိုင်းမှာတော့ အာရုံစိုက်မှု အားနည်းတဲ့ ယူနိုက်တက်ကို ဘိုဝင်က ဒုက္ခတွေ ပေးခဲ့ကာ သွင်းဂိုးကတော့ ပါကွီတာရဲ့ အကွက်မြင်မြင် မတင်ပေးမှုကနေ ဘိုဝင်ကပဲ ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။
Believe!!!! Mohammed Kudus 🇬🇭 scoring against one of the biggest teams on the world – Man Utd. pic.twitter.com/ZCd1zXhNe9
— Ibrahim Sannie Daara (@SannieDaara) December 23, 2023
သိပ်မကြာခင် မိုင်နူးရဲ့ အမှားက တစ်ဆင့် ဝက်စ်ဟမ်းဘက်က ခူးဒက်စ် ခံစစ်မှူး နှစ်ဦးကြား နေရာယူ ဘောလုံး ဆွဲပြေးကာ ဂိုးထောင့်ကို ထပ်မံ ကန်သွင်း အဆုံးသတ်ခဲ့ပါတယ်။
ဦးဆောင်ဂိုး ၂ ဂိုးရပြီးနောက် ဝက်စ်ဟမ်း ပရိသတ်တွေက “မနက်ဖြန်ကျရင် မင်းတော့ ရာထူးကနေ ထုတ်ခံရတော့မယ် ” လို့ နည်းပြတန်ဟက်ကို လှောင်ပြောင် အော်ဟစ်ခဲ့ကြတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်က အန်ဖီးကွင်းမှာ လီဗာပူးရဲ့ တိုက်စစ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းကွင်းမှာတော့ မယ်မယ်ရရ ဖန်တီးမှုတွေ၊ အားထုတ်မှုတွေ မရှိခဲ့ကာ ထိုက်တန်စွာဘဲ အရှုံးရလဒ်ကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
