ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (26-08-20)

အာဆင်နယ်အသင်း ဟာမနေ့က ချစ်ကြည်ရေးခြေစမ်းပွဲမှာ အမ်ကေဒွန်း အသင်းကို ၄-၁နဲ့ အနိုင်ရရှိခဲ့ပါတယ်။အာဆင်နယ်အတွက် ဂိုးတွေကိုတော့ အယ်နီနီ၊ အန်ကတ်တီရာ၊ မက်ဂူအင်းနက်၊ ရစ်နယ်ဆန်တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ရော့ဘ်ဟိုးဒင်းရဲ့ own goal ကြောင့် အမ်ကေဒွန်းက တစ်ဂိုးရရှိခဲ့တာပဲ ဖြစ်ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာဟာ ဂေဘရီရယ် မက်ဂါးလက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် လိုင်လီကွင်းလယ်ခံစစ် ကစားသမား ဆိုမာရေးကို ခေါ်ယူလိုနေပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ အပြိုင် ကြိုးစားသွားမယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ အက်သလက်တီကိုကွင်းလယ်လူ သောမတ်စ် ပါတေးအတွက် ချိတ်ဆက်နေပြီး အပြောင်းအရွှေ့ အလဲအလှယ်အနေနဲ့ အက်သလက်တီကိုဘက်ကလည်း လာကာဇက်ကို စိတ်ဝင်စားနေပါတယ်။ တီကိုဘက်က လာကာဇက်ကိုရဖို့ သောမတ်စ် လီမာ၊ ဗီတိုလို၊ အန်ဂျယ် ကော်ရီရာတို့ထဲက နှစ်ယောက်ကို အလိုက်ပေးတာမျိုးလည်း လုပ်လိုပါတယ်။

လိဒ်အသင်းဟာ ဘရိုက်တန် နောက်ခံလူ ဘန်ဝှိုက်ကို မခေါ်ယူနိုင်ခဲ့တဲ့နောက် အာဆင်နယ်ရဲ့ ရော့ဘ်ဟိုးဒင်းကို အစားထိုးခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဟိုးဒင်းဟာ အမ်းမရိတ်စ်မှာကစားခွင့် မရခဲ့တာကြောင့် အာဆင်နယ်အနေနဲ့ သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် သူ ထွက်ခွာမှာကို တားဆီးဖို့ ခက်ခဲမှာဖြစ်ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ အာဆင်နယ်မှာ ဘူကာယိုဆာကာရဲ့ တိုးတက်မှုကို စောင့်ကြည့်နေကြောင်း ဝန်ခံခဲ့ပေမယ့် အခုအချိန်မှာတော့ အသက်၁၈နှစ်အရွယ် ကစားသမားကို ဆက်လက်တိုးတက်စေဖို့ အင်္ဂလန် ယူ၂၁ အသင်းမှာသာ ကစားစေဦးမှာဖြစ်ပါတယ်။

ဝုလ်ဗ်ဟာ အာဆင်နယ် ကြယ်ပွင့် မိတ်လန်းနိုင်းစ်အတွက် ပေါင်သန်း၂၀နဲ့ အပြောင်းအရွှေ့လုပ်ဆောင်ဖို့ အာဆင်နယ်နဲ့ ဆွေးနွေးညှိနှိုင်းကာ အဆင်ပြေလုနီးပါး ရှိနေပါတယ်။ နယူးကာဆယ်ကလဲ အသက်၂၂နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ ပြိုင်ဆိုင်နေပေမယ့် ဒီပြိုင်ပွဲမှာ ဝုလ်ဗ်က အနိုင်ရရှိဖို့ အနီးစပ်ဆုံး ဖြစ်နေပါတယ်။

အာဆင်နယ်ဟာ ကိုလာစီနက်ကို ဒီနွေမှာ ရှော်ကေးထံ ရောင်းချနိုင်ပေမယ့် ပရိသတ်တွေက တွစ်တာပေါ်ကနေ ဒီအပြောင်းအရွှေ့ကို သဘောမတူကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ ကိုလာစီနက်က ပုဂ္ဂိုလ်ရေး အကြောင်းပြချက်တွေကြောင့် ဂျာမနီကိုပြန်လိုနေပြီး ဒါဟာ ကစားသမားသစ် ခေါ်ယူရေး အသုံးစရိတ်မြှင့်တင်လိုတဲ့ အာတီတာအတွက် အကြိုက်တွေ့စေမှာဖြစ်ပါတယ်။

နယူးကာဆယ်ဟာ ရော့ဘ်ဟိုးဒင်းကို အငှားခေါ်ယူဖို့အလိုရှိနေပြီး အာဆင်နယ်ကလဲ အမ်းမရိတ်စ်မှာ နေရာပျောက်နေခဲ့တဲ့ ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို စဉ်းစားဖို့ တံခါးဖွင့်ထားပါတယ်။ လိုင်လီ ဗဟိုနောက်ခံလူ မက်ဂါးလက်စ် အသင်းကို ရောက်ရှိလာတာနဲ့ အာဆင်နယ်က ဟိုးဒင်းကို ထွက်ခွာခွင့်ပေးမှာဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္အသင္း ဟာမေန႔က ခ်စ္ၾကည္ေရးေျခစမ္းပြဲမွာ အမ္ေကဒြန္း အသင္းကို ၄-၁နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ အာဆင္နယ္အတြက္ ဂိုးေတြကိုေတာ့ အယ္နီနီ၊ အန္ကတ္တီရာ၊ မက္ဂူအင္းနက္၊ ရစ္နယ္ဆန္တို႔က သြင္းယူေပးခဲ့တာျဖစ္ၿပီး ေရာ့ဘ္ဟိုးဒင္းရဲ႕ own goal ေၾကာင့္ အမ္ေကဒြန္းက တစ္ဂိုးရရွိခဲ့တာပဲ ျဖစ္ပါတယ္။

အာဆင္နယ္ နည္းျပ အာတီတာဟာ ေဂဘရီရယ္ မက္ဂါးလက္စ္ကို ေခၚယူႏိုင္ခဲ့ၿပီးေနာက္ လိုင္လီကြင္းလယ္ခံစစ္ ကစားသမား ဆိုမာေရးကို ေခၚယူလိုေနၿပီး မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ အၿပိဳင္ ႀကိဳးစားသြားမယ္လို႔ သိရပါတယ္။

အာဆင္နယ္ဟာ အက္သလက္တီကိုကြင္းလယ္လူ ေသာမတ္စ္ ပါေတးအတြက္ ခ်ိတ္ဆက္ေနၿပီး အေျပာင္းအေ႐ႊ႕ အလဲအလွယ္အေနနဲ႔ အက္သလက္တီကိုဘက္ကလည္း လာကာဇက္ကို စိတ္ဝင္စားေနပါတယ္။ တီကိုဘက္က လာကာဇက္ကိုရဖို႔ ေသာမတ္စ္ လီမာ၊ ဗီတိုလို၊ အန္ဂ်ယ္ ေကာ္ရီရာတို႔ထဲက ႏွစ္ေယာက္ကို အလိုက္ေပးတာမ်ိဳးလည္း လုပ္လိုပါတယ္။

လိဒ္အသင္းဟာ ဘ႐ိုက္တန္ ေနာက္ခံလူ ဘန္ဝႈိက္ကို မေခၚယူႏိုင္ခဲ့တဲ့ေနာက္ အာဆင္နယ္ရဲ႕ ေရာ့ဘ္ဟိုးဒင္းကို အစားထိုးေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။ ဟိုးဒင္းဟာ အမ္းမရိတ္စ္မွာကစားခြင့္ မရခဲ့တာေၾကာင့္ အာဆင္နယ္အေနနဲ႔ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈရရင္ သူ ထြက္ခြာမွာကို တားဆီးဖို႔ ခက္ခဲမွာျဖစ္ပါတယ္။

အဂၤလန္နည္းျပ ေဆာက္ဂိတ္ဟာ အာဆင္နယ္မွာ ဘူကာယိုဆာကာရဲ႕ တိုးတက္မႈကို ေစာင့္ၾကည့္ေနေၾကာင္း ဝန္ခံခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ အသက္၁၈ႏွစ္အ႐ြယ္ ကစားသမားကို ဆက္လက္တိုးတက္ေစဖို႔ အဂၤလန္ ယူ၂၁ အသင္းမွာသာ ကစားေစဦးမွာျဖစ္ပါတယ္။

ဝုလ္ဗ္ဟာ အာဆင္နယ္ ၾကယ္ပြင့္ မိတ္လန္းႏိုင္းစ္အတြက္ ေပါင္သန္း၂၀နဲ႔ အေျပာင္းအေ႐ႊ႕လုပ္ေဆာင္ဖို႔ အာဆင္နယ္နဲ႔ ေဆြးေႏြးညႇိႏႈိင္းကာ အဆင္ေျပလုနီးပါး ရွိေနပါတယ္။ နယူးကာဆယ္ကလဲ အသက္၂၂ႏွစ္အ႐ြယ္ ကစားသမားကို ေခၚယူဖို႔ ၿပိဳင္ဆိုင္ေနေပမယ့္ ဒီၿပိဳင္ပြဲမွာ ဝုလ္ဗ္က အႏိုင္ရရွိဖို႔ အနီးစပ္ဆုံး ျဖစ္ေနပါတယ္။

အာဆင္နယ္ဟာ ကိုလာစီနက္ကို ဒီေႏြမွာ ေရွာ္ေကးထံ ေရာင္းခ်ႏိုင္ေပမယ့္ ပရိသတ္ေတြက တြစ္တာေပၚကေန ဒီအေျပာင္းအေ႐ႊ႕ကို သေဘာမတူေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၾကပါတယ္။ ကိုလာစီနက္က ပုဂၢိဳလ္ေရး အေၾကာင္းျပခ်က္ေတြေၾကာင့္ ဂ်ာမနီကိုျပန္လိုေနၿပီး ဒါဟာ ကစားသမားသစ္ ေခၚယူေရး အသုံးစရိတ္ျမႇင့္တင္လိုတဲ့ အာတီတာအတြက္ အႀကိဳက္ေတြ႕ေစမွာျဖစ္ပါတယ္။

နယူးကာဆယ္ဟာ ေရာ့ဘ္ဟိုးဒင္းကို အငွားေခၚယူဖို႔အလိုရွိေနၿပီး အာဆင္နယ္ကလဲ အမ္းမရိတ္စ္မွာ ေနရာေပ်ာက္ေနခဲ့တဲ့ ကစားသမားအတြက္ ကမ္းလွမ္းမႈေတြကို စဥ္းစားဖို႔ တံခါးဖြင့္ထားပါတယ္။ လိုင္လီ ဗဟိုေနာက္ခံလူ မက္ဂါးလက္စ္ အသင္းကို ေရာက္ရွိလာတာနဲ႔ အာဆင္နယ္က ဟိုးဒင္းကို ထြက္ခြာခြင့္ေပးမွာျဖစ္ပါတယ္။