ယူနိုက်တက် အသင်းခေါင်းဆောင် လက်ပတ်ကိုပါ ခြိမ်းခြောက်ခံလာရတဲ့ မက်ဂွဲရား

အားလပ်ရက် အနားယူစဉ် ဂရိမှာ ရန်ပွဲ ဖြစ်ခဲ့ရလို့ အမှုရင်ဆိုင်နေရတဲ့ မက်ဂွဲရားဟာ အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်းကနေ ရွေးချယ်ခံရပြီး တစ်ရက် အကြာမှာပဲ ယာယီ ပြန်ပြီး ထုတ်ပယ်ခံခဲ့ရသလို ကလပ်အသင်းမှာလည်း အသင်းခေါင်းဆောင် လက်ပတ်ကို ဆက်ခံဖို့ ကိစ္စ ပြောဆို ဆွေးနွေးရဦးမယ်လို့ သိရပါတယ်။ မက်ဂွဲရားဟာ အသင်းခေါင်းဆောင် ရာထူးနဲ့ ပတ်သတ်ပြီး ယူနိုက်တက် အကြီးအကဲတွေနဲ့ ကိုယ်တိုင် တွေ့ဆုံ ပြောဆိုဖို့ စီစဉ်နေရပါတယ်။

ဂရိက ရန်ပွဲအတွက် မက်ဂွဲရားဟာ တဖက်သားကို နာကျင်စေမှု အပြင် ရဲအဖွဲ့ကို အကြိမ်ကြိမ် လာဘ်ထိုးဖို့ ကြိုးစားခဲ့တယ်လို့ စွဲချက်တင်ခံခဲ့ရကာ ဂရိ တရားရုံးကတော့ ၂၁ လ ဆိုင်းငံ့ထောင်ဒဏ်နဲ့ ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။

ယူနိုက်တက်ဘက်ကတော့ တရားဝင် ကြေငြာချက် ထုတ်ပြန်ခဲ့ကာ မက်ဂွဲရား အပြစ်ကင်းစင်ကြောင်းနဲ့ ဒီအတွက်ပဲ ခိုင်ခိုင်မာမာ ရပ်တည်သွားမှာ ဖြစ်ကြောင်း ဆိုထားခဲ့ပါတယ်။ ဒါပေမယ့် စကိုင်းစပေါ့ သတင်းအရတော့ မက်ဂွဲရားဟာ ထိုဖြစ်ရပ် နောက်ဆက်တွဲ အဖြစ် အသင်းခေါင်းဆောင် ရာထူးကိစ္စ ပြောဆိုဆွေးနွေးရဖို့ ရှိနေတယ်လို့ သိရပါတယ်။

လောလောဆယ်ထိတော့ အသင်းခေါင်းဆောင် ရာထူးကို ရုပ်သိမ်းခံရမယ်လို့ အတည်ပြုနိုင်တဲ့ သတင်းမျိုး မသိရသေးပေမယ့် ယူနိုက်တက်ဘက်က အသင်းခေါင်းဆောင် အဖြစ် မက်ဂွဲရား အခြေကျဖို့ အချိန် ပိုပေးသင့်တယ် ယူဆနေပြီး ဆက်လက် ထားသင့် မထားသင့် ဆွေးနွေးဖို့ ရှိနေတာပါ။

မက်ဂွဲရားဟာ အသင်း မန်နေဂျာ ဆိုးရှားနဲ့ အသင်း ဒုဥက္ကဌ အက်ဝုဒ်ဝပ်တို့နဲ့ မျက်နှာချင်းဆိုင် အရင် ဆွေးနွေးရဦးမှာ ဖြစ်ပြီး အဲဒီနောက်မှာမှ အသင်းဘက်က တရားဝင် ကြေငြာချက် တစုံတရာ ထုတ်ပြန်ဖွယ် ရှိပါတယ်။ မက်ဂွဲရားဟာ ချက်ချင်း အသင်းခေါင်းဆောင် ရာထူး ရုတ်သိမ်းမခံရရင်တောင် သီတင်းပတ် အတော်ကြာ ပြောဆို ဝေဖန်မှုတွေ ခံ၇ဖို့ ရှိနေပါတယ်။

Zawgyi – အားလပ္ရက္ အနားယူစဥ္ ဂရိမွာ ရန္ပြဲ ျဖစ္ခဲ့ရလို႔ အမႈရင္ဆိုင္ေနရတဲ့ မက္ဂြဲရားဟာ အဂၤလန္ လက္ေရြးစင္ အသင္း လူစာရင္းကေန ေရြးခ်ယ္ခံရျပီး တစ္ရက္ အၾကာမွာပဲ ယာယီ ျပန္ျပီး ထုတ္ပယ္ခံခဲ့ရသလို ကလပ္အသင္းမွာလည္း အသင္းေခါင္းေဆာင္ လက္ပတ္ကို ဆက္ခံဖို႔ ကိစၥ ေျပာဆို ေဆြးေႏြးရဦးမယ္လို႔ သိရပါတယ္။ မက္ဂြဲရားဟာ အသင္းေခါင္းေဆာင္ ရာထူးနဲ႕ ပတ္သတ္ျပီး ယူနိုက္တက္ အၾကီးအကဲေတြနဲ႕ ကိုယ္တိုင္ ေတြ႔ဆံု ေျပာဆိုဖို႔ စီစဥ္ေနရပါတယ္။

ဂရိက ရန္ပြဲအတြက္ မက္ဂြဲရားဟာ တဖက္သားကို နာက်င္ေစမႈ အျပင္ ရဲအဖြဲ႕ကို အၾကိမ္ၾကိမ္ လာဘ္ထိုးဖို႔ ၾကိဳးစားခဲ့တယ္လို႔ စြဲခ်က္တင္ခံခဲ့ရကာ ဂရိ တရားရံုးကေတာ့ ၂၁ လ ဆိုင္းငံ့ေထာင္ဒဏ္နဲ႕ ဒဏ္ေငြ ခ်မွတ္ခဲ့ပါတယ္။

ယူနိုက္တက္ဘက္ကေတာ့ တရား၀င္ ေၾကျငာခ်က္ ထုတ္ျပန္ခဲ့ကာ မက္ဂြဲရား အျပစ္ကင္းစင္ေၾကာင္းနဲ႕ ဒီအတြက္ပဲ ခိုင္ခိုင္မာမာ ရပ္တည္သြားမွာ ျဖစ္ေၾကာင္း ဆိုထားခဲ့ပါတယ္။ ဒါေပမယ့္ စကိုင္းစေပါ့ သတင္းအရေတာ့ မက္ဂြဲရားဟာ ထိုျဖစ္ရပ္ ေနာက္ဆက္တြဲ အျဖစ္ အသင္းေခါင္းေဆာင္ ရာထူးကိစၥ ေျပာဆိုေဆြးေႏြးရဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

ေလာေလာဆယ္ထိေတာ့ အသင္းေခါင္းေဆာင္ ရာထူးကို ရုပ္သိမ္းခံရမယ္လို႔ အတည္ျပဳနုိင္တဲ့ သတင္းမ်ိဳး မသိရေသးေပမယ့္ ယူနိုက္တက္ဘက္က အသင္းေခါင္းေဆာင္ အျဖစ္ မက္ဂြဲရား အေျခက်ဖို႔ အခ်ိန္ ပိုေပးသင့္တယ္ ယူဆေနျပီး ဆက္လက္ ထားသင့္ မထားသင့္ ေဆြးေႏြးဖို႔ ရွိေနတာပါ။

မက္ဂြဲရားဟာ အသင္း မန္ေနဂ်ာ ဆိုးရွားနဲ႕ အသင္း ဒုဥကၠဌ အက္၀ုဒ္၀ပ္တို႔နဲ႕ မ်က္နွာခ်င္းဆိုင္ အရင္ ေဆြးေႏြးရဦးမွာ ျဖစ္ျပီး အဲဒီေနာက္မွာမွ အသင္းဘက္က တရား၀င္ ေၾကျငာခ်က္ တစံုတရာ ထုတ္ျပန္ဖြယ္ ရွိပါတယ္။ မက္ဂြဲရားဟာ ခ်က္ခ်င္း အသင္းေခါင္းေဆာင္ ရာထူး ရုတ္သိမ္းမခံရရင္ေတာင္ သီတင္းပတ္ အေတာ္ၾကာ ေျပာဆို ေ၀ဖန္မႈေတြ ခံ၇ဖို႔ ရွိေနပါတယ္။