အိုဆင်ဟမ် စာချုပ်ကိစ္စ၊ ပီအက်စ်ဂျီကို ငြင်းဆန်တဲ့ ဆာလီဘာ၊ အန်ကတ်တီးယားနဲ့ အာဆင်နယ် သတင်းထူးများ

နာပိုလီ အသင်းနဲ့ အတူ သက်တမ်းတိုး စာချုပ်သစ် ချုပ်လိုက်ပြီ ဖြစ်တဲ့ တိုက်စစ်မှုး အိုဆင်ဟမ် က ဇန်နဝါရီမှာ အသင်းပြောင်းမှာ မဟုတ်ဘဲ ရာသီကုန်မှ အနာဂတ်ကို ဆုံးဖြတ်မယ် လို့ ၎င်းရဲ့ အေးဂျင့်က ဖော်ထုတ် ပြောဆို လိုက်ပါတယ်။

အိုဆင်ဟမ် ကို အာဆင်နယ်နဲ့ ချယ်ဆီးတို့က အပြိုင် စိတ်ဝင်စားနေပြီး လက်ရှိကလပ် နာပိုလီနဲ့ စာချုပ်သစ် သက်တမ်းတိုးပေမယ့် စာချုပ်သစ်မှာ ဖျက်သိမ်းကြေး ပါဝင်လာတာကြောင့် ကစားသမားက လှုပ်ရှားခွင့် ပိုရှိလာမှာပါ။

သတင်းတွေ ထွက်နေပေမယ့် အာဆင်နယ် အသင်းဟာ ဇန်နဝါရီမှာ တိုက်စစ်မှူး အန်ကတ်တီးယား ကို ရောင်းချဖွယ် မရှိဘူးလို့ သိရပါတယ်။

နည်းပြ အာတီတာ ကိုယ်တိုင်ကလည်း အန်ကတ်တီးယား ဟာ သူ့အသင်းမှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

အာဆင်နယ် နောက်ခံလူ ဆာလီဘာ ဟာ နွေတုန်းက အာဆင်နယ်နဲ့ သက်တမ်းတိုး စာချုပ်သစ် မချုပ်ခင် ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ထံက အလေးအနက် ချိတ်ဆက်ခြင်း ခံခဲ့ရကြောင်း သတင်းထောက် ရိုမန်နို က ဖော်ထုတ်လိုက်ပါတယ်။ ဆာလီဘာက ထို ထိပ်သီး နှစ်သင်းလုံးကို ငြင်းဆန်ကာ အာဆင်နယ်ကိုပဲ ရွေးချယ်ခဲ့တာပါ။

ဒီရာသီ ပရီးမီးယားလိဂ် ဖလား ကို ရယူမှာက အာဆင်နယ်နဲ့ လီဗာပူး နှစ်သင်းထဲကပဲ ဖြစ်မယ် လို့ ဂျင်မီ ကာရေဂါက သုံးသပ် ပြောဆိုလိုက်ပါတယ်။