ယနေ့ညပိုင်း နောက်ဆုံးရ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (26/08/20)

ဘာစီလိုနာ အကယ်ဒမီမှ အသက် ၁၆ နှစ်အရွယ် လူငယ်ခံစစ်မှူးလေး မာ့ ဂျူရာဒိုဟာ မန်ချက်စတာသို့ ခရီးထွက်လာပြီ ဖြစ်ပြီး ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ကို အပြီးသတ် လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဘာစီလိုနာအသင်းထံ အကယ်ဒမီကစားသမား နစ်နာကြေး ပေါင် ၁.၃ သန်း ပေးရမှာ ဖြစ်ပြီး ကစားသမားဟာ နှစ်ပတ် ကွာရန်တင်းပြီးပါက ယူနိုက်တက်နဲ့ ပူးပေါင်း လေ့ကျင့်တော့မှာပါ။

စပိန်ဘက်က သတင်းများအရတော့ ဘာစီလိုနာမှ ထွက်ခွာလိုနေတဲ့ မက်ဆီ ကို ခေါ်ယူနိုင်ဖို့ အလေးအသာဆုံး အသင်းတွေက မန်ချက်စတာ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီ အသင်းတို့ ဖြစ်ကြောင်း သုံးသပ် ဖော်ပြနေပါတယ်။

မိုနာကိုအသင်းဟာ ၎င်းတို့ လူငယ်ခံစစ်မှူး Benoît Badiashile အတွက် ယူနိုက်တက်က ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းခဲ့မှုကို ပယ်ချလိုက်ပြီး မငြင်းပယ်နိုင်လောက်တဲ့ ကမ်းလှမ်းမှုကြီး မဟုတ်ရင် လက်ခံသွားမှာ မဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။

စပါးနည်းပြ မော်ရင်ညိုက ၎င်း ယူနိုက်တက် အသင်းမှာ ရှိစဉ် ဆာအဲလက်စ် ဖာဂူဆန်က ယူနိုက်တက် အတွက် စပါးကြယ်ပွင့် အလီကို ခေါ်ယူဖို့ တိုက်တွန်းပြောဆိုခဲ့ဖူးကြောင်း ဖွင့်ဟလိုက်ပါတယ်။ အလီဟာ စပါးမှာတော့ မော်ရင်ညို ရောက်လာပြီး ပို ခြေစွမ်းပြနေပါတယ်။

ဂရိမှာ ဖြစ်တဲ့ ရန်ပွဲကြောင့် မက်ဂွဲရားဟာ အင်္ဂလန်လက်ရွေးစင် အသင်း လူစာရင်းကနေ ပြန်ထွက်ခဲ့ရတဲ့ အပြင် ယူနိုက်တက် ကလပ်အသင်း တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးပြီး အသင်းခေါင်းဆောင် ရာထူးကိစ္စများ ပြောဆိုရဖို့ ရှိနေပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက ၎င်းကို ပြေးလွှားမှုတွေ အများကြီး မလုပ်ဖို့ အကြံပေးခဲ့ကြောင်း ဘရူနို ဖာနန်ဒက်စ်ဟ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဖာနန်ဒက်စ် ပြေးလွှားမှု အချို့တွေက သူ့အတွက် မလိုအပ်ဘဲ အင်အား ဖြုန်းတီးနေတယ်လို့ ဆိုးရှားက ယူဆနေတာ ဖြစ်ပါတယ်။

ZAWGYI – ဘာစီလိုနာ အကယ္ဒမီမွ အသက္ ၁၆ နွစ္အရြယ္ လူငယ္ခံစစ္မွဴးေလး မာ့ ဂ်ဴရာဒိုဟာ မန္ခ်က္စတာသို႔ ခရီးထြက္လာျပီ ျဖစ္ျပီး ယူနုိက္တက္နဲ႕ အေျပာင္းအေရႊ႕ကို အျပီးသတ္ လုပ္ေဆာင္ေတာ့မွာ ျဖစ္ပါတယ္။ ယူနုိက္တက္ဟာ ဘာစီလိုနာအသင္းထံ အကယ္ဒမီကစားသမား နစ္နာေၾကး ေပါင္ ၁.၃ သန္း ေပးရမွာ ျဖစ္ျပီး ကစားသမားဟာ နွစ္ပတ္ ကြာရန္တင္းျပီးပါက ယူနိုက္တက္နဲ႕ ပူးေပါင္း ေလ့က်င့္ေတာ့မွာပါ။

စပိန္ဘက္က သတင္းမ်ားအရေတာ့ ဘာစီလိုနာမွ ထြက္ခြာလိုေနတဲ့ မက္ဆီ ကို ေခၚယူနုိင္ဖို႔ အေလးအသာဆံုး အသင္းေတြက မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ပီအက္စ္ဂ်ီ အသင္းတို႔ ျဖစ္ေၾကာင္း သံုးသပ္ ေဖာ္ျပေနပါတယ္။

မိုနာကိုအသင္းဟာ ၄င္းတို႔ လူငယ္ခံစစ္မွဴး Benoît Badiashile အတြက္ ယူနိုက္တက္က ယူရို ၂၅ သန္းနဲ႕ ကမ္းလွမး္ခဲ့မႈကို ပယ္ခ်လိုက္ျပီး မျငင္းပယ္နုိင္ေလာက္တဲ့ ကမ္းလွမ္းမႈၾကီး မဟုတ္ရင္ လက္ခံသြားမွာ မဟုတ္ဘူးလို႔ အေၾကာင္းျပန္ခဲ့ပါတယ္။

စပါးနည္းျပ ေမာ္ရင္ညိဳက ၄င္း ယူနိုက္တက္ အသင္းမွာ ရွိစဥ္ ဆာအဲလက္စ္ ဖာဂူဆန္က ယူနိုက္တက္ အတြက္ စပါးၾကယ္ပြင့္ အလီကို ေခၚယူဖို႔ တိုက္တြန္းေျပာဆိုခဲ့ဖူးေၾကာင္း ဖြင့္ဟလိုက္ပါတယ္။ အလီဟာ စပါးမွာေတာ့ ေမာ္ရင္ညိဳ ေရာက္လာျပီး ပို ေျခစြမ္းျပေနပါတယ္။

ဂရိမွာ ျဖစ္တဲ့ ရန္ပြဲေၾကာင့္ မက္ဂြဲရားဟာ အဂၤလန္လက္ေရြးစင္ အသင္း လူစာရင္းကေန ျပန္ထြက္ခဲ့ရတဲ့ အျပင္ ယူနိုက္တက္ ကလပ္အသင္း တာ၀န္ရွိသူေတြနဲ႕ပါ ေတြ႔ဆံု ေဆြးေႏြးျပီး အသင္းေခါင္းေဆာင္ ရာထူးကိစၥမ်ား ေျပာဆိုရဖို႔ ရွိေနပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားက ၄င္းကို ေျပးလႊားမႈေတြ အမ်ားၾကီး မလုပ္ဖို႔ အၾကံေပးခဲ့ေၾကာင္း ဘရူနို ဖာနန္ဒက္စ္ဟ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ ဖာနန္ဒက္စ္ ေျပးလႊားမႈ အခ်ိဳ႕ေတြက သူ႔အတြက္ မလိုအပ္ဘဲ အင္အား ျဖဳန္းတီးေနတယ္လို႔ ဆိုးရွားက ယူဆေနတာ ျဖစ္ပါတယ္။