ပစ်မှတ်ကစားသမားက ဒဏ်ရာကြီး ရသွားတာကြောင့် ချယ်ဆီး လှုပ်ရှားမှုတွေ ပြောင်းလဲဖွယ် ရှိ

ချယ်ဆီး အသင်း ပစ်မှတ်ထားနေတဲ့ ကစားသမားဟာ အိမ်မှာ နေရတဲ့ ကာလအတွင်း လေ့ကျင့်ရင်း ဒဏ်ရာကြီး ရသွားတာကြောင့် ချယ်ဆီးရဲ့ အပြောင်းအရွှေ့ အစီအစဉ် တချို့ ပြောင်းလဲရဖွယ် ရှိလာပါတယ်။

ချယ်ဆီး ချိတ်ဆက်နေတဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး လူကာဂျိုဗစ်ဟာ အိမ်မှာ လေ့ကျင့်နေရင်း ခြေထောက်အက်သွားခဲ့တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကွင်းတွင်း ထရိန်နင်ကလည်း စတင်ကာစသာ ရှိပါသေးတယ်။

အသက် ၂၂ နှစ် အရွယ် ဆားဘီးယား လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ နွေ ဖရန့်ဖတ် အသင်းကနေ စပိန်ကို ပြောင်းလာခဲ့တာ ဖြစ်ပြီး ပွဲဦးထွက် ရာသီကတော့ အခြေမလှဘူး ဆိုရမှာပါ။ ဖရန့်ဖတ်နဲ့ နောက်ဆုံး ရာသီမှာ ဘွန်ဒစ်လီဂါ ဂိုး ၁၀ ဂိုးနဲ့ ယူရိုပါလိဂ်မှာ ၁၀ ဂိုး သွင်းခဲ့တဲ့ ဂျိုဗစ်က လာလီဂါမှာ ၄ ပွဲသာ ပွဲထွက်ထားရပြီး ပြိုင်ပွဲစုံမှာ ၂ ဂိုးသာ သွင်းယူထားပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ ဂျိုဗစ်ကို အငှားနဲ့ ဖြစ်ဖြစ် ပြန် စေလွှတ်ဖို့ ရှိပြီး ချယ်ဆီးက စိတ်ဝင်စား စောင့်ကြည့်နေပါတယ်။ ဒီလို အနေအထားမျိုး ဂျိုဗစ်က ဒဏ်ရာကြီး ရသွားတာကြောင့် အပြောင်းအရွှေ့ အစီအစဉ်တွေက ပြောင်းလဲသွားဖွယ် ရှီလာတာပါ။

ဆားဘီးယားသားဟာ ညာခြေထောက် အရိုး အက်သွားတယ်လို့ ယူဆရပြီး အသေးစိတ် စစ်ဆေးမှုနဲ့ ကုသမှုတွေ ခံယူမှာ ဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်က သတင်း ထုတ်ပြန်ထားပါတယ်။

Zawgyi – ခ်ယ္ဆီး အသင္း ပစ္မွတ္ထားေနတဲ့ ကစားသမားဟာ အိမ္မွာ ေနရတဲ့ ကာလအတြင္း ေလ့က်င့္ရင္း ဒဏ္ရာၾကီး ရသြားတာေၾကာင့္ ခ်ယ္ဆီးရဲ႕ အေျပာင္းအေရႊ႕ အစီအစဥ္ တခ်ိဳ႕ ေျပာင္းလဲရဖြယ္ ရွိလာပါတယ္။

ခ်ယ္ဆီး ခ်ိတ္ဆက္ေနတဲ့ ရီးရဲလ္မက္ဒရစ္ တိုက္စစ္မွဴး လူကာဂ်ိဳဗစ္ဟာ အိမ္မွာ ေလ့က်င့္ေနရင္း ေျခေထာက္အက္သြားခဲ့တာ ျဖစ္ျပီး ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ ကြင္းတြင္း ထရိန္နင္ကလည္း စတင္ကာစသာ ရွိပါေသးတယ္။

အသက္ ၂၂ နွစ္ အရြယ္ ဆားဘီးယား လက္ေရြးစင္ဟာ ျပီးခဲ့တဲ့ ေႏြ ဖရန္႔ဖတ္ အသင္းကေန စပိန္ကို ေျပာင္းလာခဲ့တာ ျဖစ္ျပီး ပြဲဦးထြက္ ရာသီကေတာ့ အေျခမလွဘူး ဆိုရမွာပါ။ ဖရန္႔ဖတ္နဲ႕ ေနာက္ဆံုး ရာသီမွာ ဘြန္ဒစ္လီဂါ ဂိုး ၁၀ ဂိုးနဲ႕ ယူရိုပါလိဂ္မွာ ၁၀ ဂိုး သြင္းခဲ့တဲ့ ဂ်ိဳဗစ္က လာလီဂါမွာ ၄ ပြဲသာ ပြဲထြက္ထားရျပီး ျပိဳင္ပြဲစံုမွာ ၂ ဂိုးသာ သြင္းယူထားပါတယ္။

ရီးရဲလ္မက္ဒရစ္ကေတာ့ ဂ်ိဳဗစ္ကို အငွားနဲ႕ ျဖစ္ျဖစ္ ျပန္ ေစလႊတ္ဖို႔ ရွိျပီး ခ်ယ္ဆီးက စိတ္၀င္စား ေစာင့္ၾကည့္ေနပါတယ္။ ဒီလို အေနအထားမ်ိဳး ဂ်ိဳဗစ္က ဒဏ္ရာၾကီး ရသြားတာေၾကာင့္ အေျပာင္းအေရႊ႕ အစီအစဥ္ေတြက ေျပာင္းလဲသြားဖြယ္ ရွီလာတာပါ။

ဆားဘီးယားသားဟာ ညာေျခေထာက္ အရိုး အက္သြားတယ္လို႔ ယူဆရျပီး အေသးစိတ္ စစ္ေဆးမႈနဲ႕ ကုသမႈေတြ ခံယူမွာ ျဖစ္ေၾကာင္း ရီးရဲလ္မက္ဒရစ္က သတင္း ထုတ္ျပန္ထားပါတယ္။