ယနေ့ နံနက်ခင်း မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (27-08-20)

ယူနိုက်တက်ဟာ ဂိုးသမား ဒင်းဟန်ဒါဆန်ကို တစ်ပတ် လုပ်ခ ပေါင် ၁သိန်း၂သောင်းနဲ့ ၆နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာကြောင့် လက်ရှိ နံပါတ်တစ် ဂိုးသမား ဒီဂီယာရဲ့ အနာဂတ်က မရေရာတော့သလို သူဟာ လက်စွမ်းကျဆင်းမှုတွေကြောင့် ဝေဖန်ခံနေရတာလဲ ဖြစ်ပါတယ်။

ဟယ်ရီမက်ဂွဲရားဟာ ဆောက်ဂိတ်ရဲ့ အင်္ဂလန် လူစာရင်းကနေ ပယ်ဖျက်ခံရနိုင်ခြေရှိပေမယ့် အနာဂတ်မှာ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် အဖြစ် ဆက်ရှိသွားဦးမယ်လို့ သိရပါတယ်။

နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ်က သူတို့ဟာ ကူလီဘာလီကို ရောင်းချဖို့ တံခါးဖွင့်ထားကြောင်း အတည်ပြုခဲ့ပြီး ကူလီဘာလီ ထွက်ခွာမယ့် အခြေအနေနဲ့ ပတ်သက်လို့ “စီးတီး၊ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီကို သွားမေးပါ၊ သူတို့က သူ့ကိုခေါ်ဖို့ ပိုက်ဆံရှိတဲ့ ကလပ်တွေပဲ” လို့ ဖြေကြားသွားခဲ့ပါတယ်။

မိုနာကိုဟာ သူတို့်ရဲ့ ဗဟိုနောက်ခံလူ ဘာဒီယာရှီအတွက် ယူနိုက်တက်ရဲ့ ပေါင်၂၂သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ နည်းပြ နီကို ကိုဗတ်က သူ့ကို ဆက်ထိန်းသိမ်းထားလိုတာကြောင့် ကမ်းလှမ်းမှု အားလုံးကို ပယ်ချဖို့ ဘုတ်အဖွဲ့ကို ပြောခဲ့တာဖြစ်ပါတယ်။

မက်ဂွဲရားရဲ့အမှုမှာ ဂရိရဲအရာရှိနှစ်ယောက်ရဲ့ ရှေ့နေက မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဆီက ဘာတောင်းပန်မှုမှ မရှိခဲ့တာဟာ အံ့အားသင့်စရာ ဖြစ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။ မက်ဂွဲရားက ပြစ်မှုကျူးလွန်တာတွေကြောင့် ထောင်၂၁လ ကျခံခဲ့ရပေမယ့် သူ့မှာအပြစ်မရှိဘူးလို့ပဲ ပြောဆိုနေခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ဟာ ဂျက်ဂရီးလစ်ရှ် ကို ခေါ်ယူဖို့အတွက် အက်စ်တွန်ဗီလာနဲ့ ဆက်သွယ်နေဆဲ ဖြစ်ပြီး ဂိုးသမား ရိုမီယိုကို အလိုက်ပေးကမ်းလှမ်းနိုင်ဖွယ်ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ဘာစီလိုနာ စူပါစတား လီယွန်နယ်မက်ဆီကို ခေါ်ယူဖို့ သေချာပေါက် တတ်နိုင်လိမ့်မယ်လို့ ချယ်ဆီး ကွင်းလယ်လူဟောင်း ခရစ်ဘာလေက ဆိုပါတယ်။ အသင်းကနေ ထွက်ခွာချင်နေတဲ့ မက်ဆီကို မန်စီးတီး၊ အင်တာ၊ ပီအက်စ်ဂျီတို့ကလဲ ချိတ်ဆက်မှုရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက် နောက်ခံလူ ဝမ်ဘစ်ဆာကာဟာ ဒူဘိုင်းကို ခရီးထွက်သွားတဲ့နောက် အသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးကို လွဲချော်နိုင်ဖွယ်ရှိနေပါတယ်။ နောက်ခံလူဟာ ရာသီကုန်မှာ အားလပ်ရက်ယူဖို့ ခရီးထွက်ခဲ့တာဖြစ်ပေမယ့်ပြန်လာတဲ့အခါ ၂၁ရက် Quarantine ဝင်ရတော့မှာပါ။

Zawgyi – ယူႏိုက္တက္ဟာ ဂိုးသမား ဒင္းဟန္ဒါဆန္ကို တစ္ပတ္ လုပ္ခ ေပါင္ ၁သိန္း၂ေသာင္းနဲ႔ ၆ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာ​ေၾကာင့္ လက္ရွိ နံပါတ္တစ္ ဂိုးသမား ဒီဂီယာရဲ႕ အနာဂတ္က မေရရာေတာ့သလို သူဟာ လက္စြမ္းက်ဆင္းမႈေတြေၾကာင့္ ေဝဖန္ခံေနရတာလဲ ျဖစ္ပါတယ္။

ဟယ္ရီမက္ဂြဲရားဟာ ေဆာက္ဂိတ္ရဲ႕ အဂၤလန္ လူစာရင္းကေန ပယ္ဖ်က္ခံရႏိုင္ေျခရွိေပမယ့္ အနာဂတ္မွာ မန္ခ်က္စတာယူႏိုက္တက္ အသင္းေခါင္းေဆာင္ အျဖစ္ ဆက္ရွိသြားဦးမယ္လို႔ သိရပါတယ္။

နာပိုလီ ဥကၠဌ ဒီေလာ္ရန္းတစ္က သူတို႔ဟာ ကူလီဘာလီကို ေရာင္းခ်ဖို႔ တံခါးဖြင့္ထား​ေၾကာင္း အတည္ျပဳခဲ့ၿပီး ကူလီဘာလီ ထြက္ခြာမယ့္ အ​​ေျခအေနနဲ႔ ပတ္သက္လို႔ “စီးတီး၊ ယူႏိုက္တက္နဲ႔ ပီအက္စ္ဂ်ီကို သြားေမးပါ၊ သူတို႔က သူ႔ကိုေခၚဖို႔ ပိုက္ဆံရွိတဲ့ ကလပ္ေတြပဲ” လို႔ ေျဖၾကားသြားခဲ့ပါတယ္။

မိုနာကိုဟာ သူတို္႔ရဲ႕ ဗဟိုေနာက္ခံလူ ဘာဒီယာရွီအတြက္ ယူႏိုက္တက္ရဲ႕ ေပါင္၂၂သန္းနဲ႔ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ပါတယ္။ နည္းျပ နီကို ကိုဗတ္က သူ႔ကို ဆက္ထိန္းသိမ္းထားလိုတာေၾကာင့္ ကမ္းလွမ္းမႈ အားလုံးကို ပယ္ခ်ဖို႔ ဘုတ္အဖြဲ႕ကို ေျပာခဲ့တာျဖစ္ပါတယ္။

မက္ဂြဲရားရဲ႕အမႈမွာ ဂရိရဲအရာရွိႏွစ္ေယာက္ရဲ႕ ေရွ႕ေနက မန္ခ်က္စတာယူႏိုက္တက္ အသင္းေခါင္းေဆာင္ဆီက ဘာေတာင္းပန္မႈမွ မရွိခဲ့တာဟာ အံ့အားသင့္စရာ ျဖစ္ခဲ့ေၾကာင္းေျပာဆိုခဲ့ပါတယ္။ မက္ဂြဲရားက ျပစ္မႈက်ဴးလြန္တာေတြေၾကာင့္ ေထာင္၂၁လ က်ခံခဲ့ရေပမယ့္ သူ႔မွာအျပစ္မရွိဘူးလို႔ပဲ ေျပာဆိုေနခဲ့တာပါ။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဂ်က္ဂရီးလစ္ရွ္ ကို ေခၚယူဖို႔အတြက္ အက္စ္တြန္ဗီလာနဲ႔ ဆက္သြယ္ေနဆဲ ျဖစ္ၿပီး ဂိုးသမား ႐ိုမီယိုကို အလိုက္ေပးကမ္းလွမ္းႏိုင္ဖြယ္ရွိပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ ဟာ ဘာစီလိုနာ စူပါစတား လီယြန္နယ္မက္ဆီကို ေခၚယူဖို႔ ေသခ်ာေပါက္ တတ္ႏိုင္လိမ့္မယ္လို႔ ခ်ယ္ဆီး ကြင္းလယ္လူေဟာင္း ခရစ္ဘာေလက ဆိုပါတယ္။ အသင္းကေန ထြက္ခြာခ်င္ေနတဲ့ မက္ဆီကို မန္စီးတီး၊ အင္တာ၊ ပီအက္စ္ဂ်ီတို႔ကလဲ ခ်ိတ္ဆက္မႈရွိေနတာျဖစ္ပါတယ္။

ယူႏိုက္တက္ ေနာက္ခံလူ ဝမ္ဘစ္ဆာကာဟာ ဒူဘိုင္းကို ခရီးထြက္သြားတဲ့ေနာက္ အသင္းရဲ႕ ရာသီႀကိဳေလ့က်င့္ေရးကို လြဲေခ်ာ္ႏိုင္ဖြယ္ရွိေနပါတယ္။ ေနာက္ခံလူဟာ ရာသီကုန္မွာ အားလပ္ရက္ယူဖို႔ ခရီးထြက္ခဲ့တာျဖစ္ေပမယ့္ျပန္လာတဲ့အခါ ၂၁ရက္ Quarantine ဝင္ရေတာ့မွာပါ။