ချယ်ဆီးအသင်း နောက်ခံလူ ဂျိတ်ကလက် ဆယ်တာကို ဒါဘီကောင်တီနဲ့ ရှက်ဖီး ဝမ်းနက်စ်ဒေး အပါအဝင် ချန်ပီယံရှစ် ကလပ်များစွာက အငှားခေါ်ယူလိုနေပြီး ၎င်းဟာ မနှစ်က ဘာမင်ဂမ်မှာ အငှားကစားခဲ့တုန်းက အထင်ကြီးစရာ ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။
ချယ်ဆီးဟာ စနေနေ့ကျရင် အေမက်စ်ကွင်းမှာ ဘရိုက်တန်နဲ့ ရာသီကြို ပထမဆုံး ချစ်ကြည်ရေးပွဲ ကစားမှာဖြစ်ပြီး အိမ်ကွင်းပရိသတ်တချို့ကို ကန့်သတ်ချက်နဲ့ ကွင်းထဲဝင်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။
ပြင်သစ်သား လူငယ်ခံစစ်မှူး မာလန်ဆားနဲ့ ၅နှစ် စာချုပ် သဘောတူညီမှု ရခဲ့ပေမယ့်လည်း ချယ်ဆီးဟာ ၎င်းကို အသင်းအတွက် ချက်ချင်း ကစားစေမှာမဟုတ်ပဲ ဒီတစ်ပတ်မှာ ဆေးစစ်မှုပြီးရင် တခြားအသင်းတွေထံ အငှားချထားဦးမှာ ဖြစ်ပါတယ်။
ရာသီသစ်အတွက် လေ့ကျင့်ရေးဆင်းဖို့ ပြန်လာရာမှာ ထရိန်နင် မတိုင်ခင် စစ်ဆေးမှုထဲ ချယ်ဆီး ကစားသမားအချို့ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပေါ့စတစ် ပြနေခဲ့ပါတယ်။ ချယ်ဆီး ကစားသမား လေးယောက်ထက် မနည်းဟာ သီးခြား ခွဲပြီး ကွာရန်တင်း နေထိုင်နေရာကြောင်း ကလပ်အသင်းဘက်ကလည်း အတည်ပြုထားပါတယ်။
ချယ်ဆီးအသင်းဟာ လက်စတာအသင်းထံမှ ခံစစ်မှူး ဘန်ချေးဝဲလ်ကို ပေါင် သန်း ၅၀နဲ့ ဝယ်ယူခဲ့ပြီးနောက် ညကပဲ တရားဝင် ကြေငြာ မိတ်ဆက်ပေးခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီနောက် ချယ်ဆီးအသင်းဟာ အီမာဆန်၊ ဇာပါကော်စတာ၊ ဘာကာယိုကိုနဲ့ ဘတ်ရှူဝါရီတို့ကို ရောင်းချဖို့ အာရုံစိုက်နေမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဗဟိုနောက်ခံလူ ဂူဟီဟာ ပြီးခဲ့တဲ့ရာသီ ဇန်နဝါရီမှာ ဆွမ်ဆီးနဲ့အတူ ပထမဆုံး အငှားကစားခဲ့ပြီး ၁၄ပွဲအတွင်း အထင်ကြီးစရာ လုပ်ပြနိုင်ခဲ့သလို လာမယ့်ရာသီအတွက် ဆွမ်ဆီးကိုပဲ ပြန် အငှားချထားမှာဖြစ်ကြောင်း ချယ်ဆီး တရားဝင်ဝဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။
သီယာဂိုဆေးဗားဟာ ပီအက်စ်ဂျီကနေ ထွက်ခွာပြီး ရက်အနည်းငယ်အတွင်းမှာပဲ ချယ်ဆီးထံ ရောက်ရှိလာတော့မှာဖြစ်ပြီး ဗဟိုနောက်ခံလူ အနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ အောင်မြင်မှုရလိမ့်မယ်လို့ ရီဗယ်ဒိုက ယုံကြည်နေပါတယ်။
ချယ်ဆီး ကစားသမားသစ် ဖြစ်နေတဲ့ ဘန် ချေးဝဲလ် ဟာ သူ့ရဲ့အပြောင်းအရွှေ့မှာ လမ်းပတ်က အဓိက ကျခဲ့တယ်လို့ ဖွင့်ဟလာပါတယ်။ သာဟာ ချဲလ်ဆီးနဲ့ စာချုပ်မချုပ်ခင် လမ်းပတ်နဲ့ တွေ့ဆုံခဲ့ပြီး နည်းပြရဲ့ ယုံကြည်မှုနဲ့ အနာဂတ် အစီအစဉ်တွေကြောင့် စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားဖို့ ခေါင်းငြိမ့်ခဲ့တာဖြစ်ပါတယ်။
Zawgyi – ခ်ယ္ဆီးအသင္း ေနာက္ခံလူ ဂ်ိတ္ကလက္ ဆယ္တာကို ဒါဘီေကာင္တီနဲ႔ ရွက္ဖီး ဝမ္းနက္စ္ေဒး အပါအဝင္ ခ်န္ပီယံရွစ္ ကလပ္မ်ားစြာက အငွားေခၚယူလိုေနၿပီး ၄င္းဟာ မႏွစ္က ဘာမင္ဂမ္မွာ အငွားကစားခဲ့တုန္းက အထင္ႀကီးစရာ ေျခစြမ္းျပခဲ့တာျဖစ္ပါတယ္။
ခ်ယ္ဆီးဟာ စေနေန႔က်ရင္ ေအမက္စ္ကြင္းမွာ ဘ႐ိုက္တန္နဲ႔ ရာသီႀကိဳ ပထမဆုံး ခ်စ္ၾကည္ေရးပြဲ ကစားမွာျဖစ္ၿပီး အိမ္ကြင္းပရိသတ္တခ်ိဳ႕ကို ကန္႔သတ္ခ်က္နဲ႔ ကြင္းထဲဝင္ခြင့္ ေပးသြားမွာ ျဖစ္ပါတယ္။
ျပင္သစ္သား လူငယ္ခံစစ္မွဴး မာလန္ဆားနဲ႔ ၅ႏွစ္ စာခ်ဳပ္ သေဘာတူညီမႈ ရခဲ့ေပမယ့္လည္း ခ်ယ္ဆီးဟာ ၄င္းကို အသင္းအတြက္ ခ်က္ခ်င္း ကစားေစမွာမဟုတ္ပဲ ဒီတစ္ပတ္မွာ ေဆးစစ္မႈၿပီးရင္ တျခားအသင္းေတြထံ အငွားခ်ထားဦးမွာ ျဖစ္ပါတယ္။
ရာသီသစ္အတြက္ ေလ့က်င့္ေရးဆင္းဖို႔ ျပန္လာရာမွာ ထရိန္နင္ မတိုင္ခင္ စစ္ေဆးမႈထဲ ခ်ယ္ဆီး ကစားသမားအခ်ိဳ႕ဟာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေပါ့စတစ္ ျပေနခဲ့ပါတယ္။ ခ်ယ္ဆီး ကစားသမား ေလးေယာက္ထက္ မနည္းဟာ သီးျခား ခြဲျပီး ကြာရန္တင္း ေနထိုင္ေနရာေၾကာင္း ကလပ္အသင္းဘက္ကလည္း အတည္ျပဳထားပါတယ္။
ခ်ယ္ဆီးအသင္းဟာ လက္စတာအသင္းထံမွ ခံစစ္မွဴး ဘန္ေခ်းဝဲလ္ကို ေပါင္ သန္း ၅၀နဲ႔ ဝယ္ယူခဲ့ၿပီးေနာက္ ညကပဲ တရား၀င္ ေၾကျငာ မိတ္ဆက္ေပးခဲ့ျပီ ျဖစ္ပါတယ္။ အဲဒီေနာက္ ခ်ယ္ဆီးအသင္းဟာ အီမာဆန္၊ ဇာပါေကာ္စတာ၊ ဘာကာယိုကိုနဲ႔ ဘတ္ရႉဝါရီတို႔ကို ေရာင္းခ်ဖို႔ အာ႐ုံစိုက္ေနမွာ ျဖစ္တယ္လို႔ သိရပါတယ္။
ဗဟိုေနာက္ခံလူ ဂူဟီဟာ ၿပီးခဲ့တဲ့ရာသီ ဇန္နဝါရီမွာ ဆြမ္ဆီးနဲ႔အတူ ပထမဆုံး အငွားကစားခဲ့ၿပီး ၁၄ပြဲအတြင္း အထင္ႀကီးစရာ လုပ္ျပႏိုင္ခဲ့သလို လာမယ့္ရာသီအတြက္ ဆြမ္ဆီးကိုပဲ ျပန္ အငွားခ်ထားမွာျဖစ္ေၾကာင္း ခ်ယ္ဆီး တရားဝင္ဝဘ္ဆိုက္က ေဖာ္ျပခဲ့ပါတယ္။
သီယာဂိုေဆးဗားဟာ ပီအက္စ္ဂ်ီကေန ထြက္ခြာၿပီး ရက္အနည္းငယ္အတြင္းမွာပဲ ခ်ယ္ဆီးထံ ေရာက္ရွိလာေတာ့မွာျဖစ္ၿပီး ဗဟိုေနာက္ခံလူ အေနနဲ႔ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ေအာင္ျမင္မႈရလိမ့္မယ္လို႔ ရီဗယ္ဒိုက ယုံၾကည္ေနပါတယ္။
ခ်ယ္ဆီး ကစားသမားသစ္ ျဖစ္ေနတဲ့ ဘန္ ေခ်း၀ဲလ္ ဟာ သူ႔ရဲ ႕အေျပာင္းအေ႐ႊ႕မွာ လမ္းပတ္က အဓိက က်ခဲ့တယ္လို႔ ဖြင့္ဟလာပါတယ္။ သာဟာ ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္မခ်ဳပ္ခင္ လမ္းပတ္နဲ႔ ေတြ႕ဆုံခဲ့ၿပီး နည္းျပရဲ႕ ယုံၾကည္မႈနဲ႔ အနာဂတ္ အစီအစဥ္ေတြေၾကာင့္ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ကစားဖို႔ ေခါင္းၿငိမ့္ခဲ့တာျဖစ္ပါတယ္။