ဖောရက်စ် vs ယူနိုက်တက် ပွဲမှာ အားလုံးမြင်ချင်တဲ့ နိုင်ပွဲမျိုး မြင်ရမလား ဘာဘာတော့ဗ်ရဲ့ ပွဲရလဒ် ခန့်မှန်းချက်

ဒီကနေ့ည မြန်မာစံတော်ချိန် ည ၁၂ နာရီမှာတော့ ယူနိုက်တက်ဟာ နော်တင်ဟမ် ဖောရက်စ် အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

အသင်းကြီးချင်း ထိပ်တိုက်တွေ့တဲ့ပွဲ မဟုတ်ပေမယ့် နည်းပြအပြောင်းအလဲနဲ့အတူ တန်းဆင်းဇုန်ကနေ ရုန်းထွက်မယ့် ဖောရက်စ်ကြောင့် ပွဲကောင်းတစ်ပွဲ ယှဉ်ပြိုင်ရပါမယ်။ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဘာဘာတော့ဗ်က ” နယူးကာဆယ်ကို ရင်ဆိုင်ကစားပြီး ဖောရက်စ်အတွက် ခရစ်ဝုဒ် ဟက်ထရစ်ယူပေးခဲ့တာ ကြည့်လို့ အတော်ကောင်းပါတယ်။

နယူးကာဆယ်အတွက်တော့ ခက်ခဲခဲ့ပြီး သူတို့က ပြိုင်ပွဲတွေ အများကြီးမှာ ပါဝင် ယှဉ်ပြိုင်နေရတာက နစ်နာနေခဲ့ပါတယ်။ သူတို့လို အသင်းကို အနိုင်ယူခဲ့တဲ့ ဖောရက်စ်ကိုလည်း အသိအမှတ် ပြုရပါမယ်။

ယူနိုက်တက်အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာမှာပါ။ ယူနိုက်တက်ကို နိုင်စေချင်ပေမယ့်လို့ သရေကျသွားမယ်လို့ ထင်မိပါတယ်။ ” လို့ သုံးသပ်သွားပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်ဟာဆိုရင်” နော်တင်ဟမ် ဖောရက်စ် 1-1 မန်ချက်စတာ ယူနိုက်တက် ” လို့ ဖြစ်ပါတယ်။