ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (27-08-20)

အာတီတာက ဒီနွေမှာ အာဆင်နယ် ခံစစ်ကို အလုံးစုံ ပြုပြင်ဖို့အလိုရှိနေတာနဲ့အတူ ကိုလာစီနက်ကို ယူရို ၁၅သန်းလောက်နဲ့ပဲ ရောင်းထုတ်နိုင်ပါတယ်။ ရိုးမားဟာ ကိုလာစီနက်အပေါ် သူတို့ရဲ့စိတ်ဝင်စားမှုကို အရှိန်မြှင့်ခဲ့ သလို ရှော်ကေးကလဲ ၂၀၁၇မှာ အာဆင်နယ်ထံသူတို့ရောင်းခဲ့တဲ့ ကစားသမားကိုပြန်ခေါ်ဖို့ ချိတ်ဆက်နေပါတယ်။

တော်ရဲရားဟာ ဒီနွေမှာ အာဆင်နယ်ကနေ ထွက်ခွာဖို့ အလားအလာရှိနေပြီး စီးရီးအေ ကလပ်များစွာက သူ့ကို စိတ်ဝင်စားနေတာပါ။ ဖီအိုရင်တီးနားက တော်ရဲရားဟာ နောက်ရာသီ မတိုင်ခင် အသင့်တော်ဆုံး ကွင်းလယ်အားဖြည့်မှု ဖြစ်လိမ့်မယ်လို့ ထင်နေပြီး အာဆင်နယ်ကနေ သူ့ကို ခေါ်ယူချင်နေပါတယ်။

ဖူလ်ဟမ်ဟာ နောက်ဆုံးအကြိမ် ပရီးမီးယားလိဂ်ကို တန်းတက်ခဲ့တုန်းက တစ်ရာသီထဲနဲ့တန်းဆင်းခဲ့ရတဲ့နောက် အခုတခါမှာ ကြာကြာရပ်တည်နိုင်ဖို့ မျှော်လင့်နေပြီး အသင်းကို အင်အားတောင့်တင်းစေဖို့ အတွက် အာဆင်နယ် ကွင်းလယ်လူ စမစ်ရိုဝီကို ဒီနွေမှာ ခေါ်ယူဖို့ပစ်မှတ်ထားနေပါတယ်။

ဘာစီလိုနာကြယ်ပွင့် ကော်တင်ညိုဟာ နူးကမ့်မှာ အနာဂတ် မရေမရာဖြစ်နေသလို ပရီးမီးယားလိဂ်ကိုပြန်ဖို့ စိတ်အား ထက်သန်နေပါတယ်။ အာဆင်နယ်ဟာ ယူနိုက်တက်၊ ချယ်ဆီးတို့နဲ့အတူ ကော်တင်ဟိုရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အာဆင်နယ် လူငယ်ကြယ်ပွင့် ဆမ်ဂရင်းဝုဒ်ဟာ လူငယ်အဆင့်မှာအတော်လေး အထင်ကြီးစရာကောင်းခဲ့ပေမယ့် အခုအချိန်မှာတော့ တန်းတက်လာတဲ့ လိဒ်ယူနိုက်တက်အသင်းကို အပြီးသတ် ပြောင်းရွှေ့ရနိုင်ဖွယ် ရှိနေပါတယ်။

အာဆင်နယ်ဟာ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်နေတာကြောင့် ဒီနွေမှာ မိတ်လန်းနိုင်းစ်ကို ထွက်ခွာခွင့်ပေးမယ်လို့ ပြောခဲ့ပေမယ့် ဝုလ်ဗ်ရဲ့ ပေါင် ၁၅သန်းနဲ့ ကမ်းလှမ်းမှုကိုတော့ ပယ်ချခဲ့ပါတယ်။

အာဆင်နယ်ဟာ ယူရိုပါလိဂ် ၃၂သင်းအဆင့်မှာ အိုလံပီယာကို့စ်ကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် အုပ်စုအဆင့်မှာတော့ သူတို့ဟာ ၃ပွဲနိုင်၊ ၂ပွဲသရေ ရလဒ်နဲ့ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး ဆုကြေးအနေနဲ့ ပေါင်၂၅သန်းကနေ သန်း၃၀ကြား ရရှိမှာဖြစ်ပါတယ်။

မိတ်လန်းနိုင်းစ်ဟာ အနာဂတ်မရေရမှုတွေ ရှိနေပေမယ့် အပြောင်းအရွှေ့ကိစ္စတွေကို မစဉ်းစားသေးပဲ စနေနေ့ ဝင်ဘလေကွင်းမှာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် ကွန်မြူနတီဒိုင်းပွဲစဉ်ကိုပဲ အာရုံစိုက်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

Zawgyi – အာတီတာက ဒီေႏြမွာ အာဆင္နယ္ ခံစစ္ကို အလုံးစုံ ျပဳျပင္ဖို႔အလိုရွိေနတာနဲ႔အတူ ကိုလာစီနက္ကို ယူ႐ို ၁၅သန္းေလာက္နဲ႔ပဲ ေရာင္းထုတ္ႏိုင္ပါတယ္။ ႐ိုးမားဟာ ကိုလာစီနက္အေပၚ သူတို႔ရဲ႕စိတ္ဝင္စားမႈကို အရွိန္ျမႇင့္ခဲ့ သလို ေရွာ္ေကးကလဲ ၂၀၁၇မွာ အာဆင္နယ္ထံသူတို႔ေရာင္းခဲ့တဲ့ ကစားသမားကိုျပန္ေခၚဖို႔ ခ်ိတ္ဆက္ေနပါတယ္။

ေတာ္ရဲရားဟာ ဒီေႏြမွာ အာဆင္နယ္ကေန ထြက္ခြာဖို႔ အလားအလာရွိေနၿပီး စီးရီးေအ ကလပ္မ်ားစြာက သူ႔ကို စိတ္ဝင္စားေနတာပါ။ ဖီအိုရင္တီးနားက ေတာ္ရဲရားဟာ ေနာက္ရာသီ မတိုင္ခင္ အသင့္ေတာ္ဆုံး ကြင္းလယ္အားျဖည့္မႈ ျဖစ္လိမ့္မယ္လို႔ ထင္ေနၿပီး အာဆင္နယ္ကေန သူ႔ကို ေခၚယူခ်င္ေနပါတယ္။

ဖူလ္ဟမ္ဟာ ေနာက္ဆုံးအႀကိမ္ ပရီးမီးယားလိဂ္ကို တန္းတက္ခဲ့တုန္းက တစ္ရာသီထဲနဲ႔တန္းဆင္းခဲ့ရတဲ့ေနာက္ အခုတခါမွာ ၾကာၾကာရပ္တည္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး အသင္းကို အင္အားေတာင့္တင္းေစဖို႔ အတြက္ အာဆင္နယ္ ကြင္းလယ္လူ စမစ္႐ိုဝီကို ဒီေႏြမွာ ေခၚယူဖို႔ပစ္မွတ္ထားေနပါတယ္။

ဘာစီလိုနာၾကယ္ပြင့္ ေကာ္တင္ညိဳဟာ ႏူးကမ့္မွာ အနာဂတ္ မေရမရာျဖစ္ေနသလို ပရီးမီးယားလိဂ္ကိုျပန္ဖို႔ စိတ္အား ထက္သန္ေနပါတယ္။ အာဆင္နယ္ဟာ ယူႏိုက္တက္၊ ခ်ယ္ဆီးတို႔နဲ႔အတူ ေကာ္တင္ဟိုရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနၿပီး ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

အာဆင္နယ္ လူငယ္ၾကယ္ပြင့္ ဆမ္ဂရင္းဝုဒ္ဟာ လူငယ္အဆင့္မွာအေတာ္ေလး အထင္ႀကီးစရာေကာင္းခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ တန္းတက္လာတဲ့ လိဒ္ယူႏိုက္တက္အသင္းကို အၿပီးသတ္ ေျပာင္းေ႐ႊ႕ရႏိုင္ဖြယ္ ရွိေနပါတယ္။

အာဆင္နယ္ဟာ အသင္းကို ျပန္လည္တည္ေဆာက္ဖို႔ ရည္႐ြယ္ေနတာေၾကာင့္ ဒီေႏြမွာ မိတ္လန္းႏိုင္းစ္ကို ထြက္ခြာခြင့္ေပးမယ္လို႔ ေျပာခဲ့ေပမယ့္ ဝုလ္ဗ္ရဲ႕ ေပါင္ ၁၅သန္းနဲ႔ ကမ္းလွမ္းမႈကိုေတာ့ ပယ္ခ်ခဲ့ပါတယ္။

အာဆင္နယ္ဟာ ယူ႐ိုပါလိဂ္ ၃၂သင္းအဆင့္မွာ အိုလံပီယာကို႔စ္ေၾကာင့္ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရေပမယ့္ အုပ္စုအဆင့္မွာေတာ့ သူတို႔ဟာ ၃ပြဲႏိုင္၊ ၂ပြဲသေရ ရလဒ္နဲ႔ အုပ္စုဗိုလ္ျဖစ္ခဲ့ၿပီး ဆုေၾကးအေနနဲ႔ ေပါင္၂၅သန္းကေန သန္း၃၀ၾကား ရရွိမွာျဖစ္ပါတယ္။

မိတ္လန္းႏိုင္းစ္ဟာ အနာဂတ္မေရရမႈေတြ ရွိေနေပမယ့္ အေျပာင္းအေ႐ႊ႕ကိစၥေတြကို မစဥ္းစားေသးပဲ စေနေန႔ ဝင္ဘေလကြင္းမွာ လီဗာပူးနဲ႔ ယွဥ္ၿပိဳင္ရမယ့္ ကြန္ျမဴနတီဒိုင္းပြဲစဥ္ကိုပဲ အာ႐ုံစိုက္ထားေၾကာင္း ေျပာဆိုခဲ့ပါတယ္။