နယူးကာဆယ်ပွဲမှ ဂျိုတာရဲ့ ပင်နယ်တီကို ပျက်ရယ်ပြုခဲ့ကြတဲ့ အာဆင်နယ်နဲ့ နယူးကာဆယ် ဂန္တဝင်ကြီးများ

လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ နယူးကာဆယ်ကို ယှဉ်ပြိုင်ကစားပြီး ဆာလာ၊ ဂျုံး၊ ဂက်ပိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၄-၂ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။

ဒီနေ့ပွဲမှာ လီဗာပူးအသင်း ကွင်းလယ်မှာ မက်ကယ်လစ္စတာ မပါနိုင်သေးတာကလွဲလို့ လူစုံတက်စုံရှိခဲ့ပြီး ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လို့ တိုက်စစ်က ဒါဝင် နူးညက်စ်၊ ဒီယက်စ်နဲ့ ဆာလာတို့ရဲ့ အဆုံးသတ်ချက်တွေဟာ နယူးကာဆယ် ဂိုးသမား ဒူဗရာကာကို မကျော်နိုင်ခဲ့ပါဘူး။

သွင်းဂိုးရဖို့ ခက်ခဲနေတာကလွဲလို့ အခွင့်အရေးပိုင်းမှာ လီဗာပူးက အကြိမ်ပေါင်းမနည်း ရခဲ့ပါတယ်။ သွင်းဂိုးအားလုံးဟာ ဒုတိယပိုင်းမှာ ရခဲ့ကြခြင်းဖြစ်ကာ နယူးကာဆယ်ကလည်း ခြေပဂိုးတွေ ပြန်ယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ အငြင်းပွားစရာက ၃-၂ ရလဒ် ဖြစ်နေခဲ့ချိန် ဂျိုတာဟာ ဂိုးသမားကိုပါ ခေါက်ပြီးမှ ဘယ်သူမှ မရှိတော့တဲ့ ဂိုးပေါက်ထဲ ကန်သွင်းတော့မယ့် အချိန်မှာ ပြိုင်ဘက် ဂိုးသမား တားဆီးမှုဖြစ်ခဲ့ရာက ပင်နယ်တီ ပေးခံခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ် ဂန္တဝင်ဖြစ်တဲ့ အီရန်ရိုက်က ” ဂိုးသမား မရှိတော့တဲ့ ဂိုးပေါက်ထဲကို အဆုံးသတ်ဖို့ထက် လဲချဖို့ကို ရွေးချယ်လိုက်တယ်ပေါ့ ” လို့ ဂျိုတာကို ဝေဖန်ခဲ့တယ်။

နယူးကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ ” ရှက်ဖို့တောင် ကောင်းပါတယ် ” လို့ ဒေါသထွက်ခဲ့ပြီး ဂျွန်တယ်ရီကလည်း ” ဒါကြီးကို ဘယ်လိုလုပ် ပင်နယ်တီ ပေးလိုက်တာလဲ၊ ဒို်င်ဗင် ပစ်လိုက်တဲ့ဟာကို၊ VAR တော့ မှားပေးလိုက်တာပဲ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒီနိုင်ပွဲနဲ့အတူ လီဗာပူးအသင်းဟာ အာဆင်နယ်၊ မန်စီးတီးတို့ကို ၅ မှတ် ဖြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။