ဂန်းနားတို့ရဲ့ ၇၅ သန်းတန် တိုက်စစ် ပစ်မှတ်၊ ဆော်ဒီကထွက်ချင်နေတဲ့ ဆာဗစ်၊ ယူနိုက်တက် ရောင်းမယ့် ၂ဦးနဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

အက်စတွန်ဗီလာ အသင်းဟာ ဆားဘီးယားကလပ် ရက်စတားဘဲလ်ဂရိတ် အသင်းထံမှ နောက်ခံလူ Nedeljkovic အား ခေါ်ယူနိုင်လိုက်ပါတယ်။ ပြောင်းရွှေ့ကြေးကိုတော့ ဖော်ပြထားခြင်း မရှိဘဲ ကစားသမားကိုလည်း ရာသီကုန်ထိ လက်ရှိကလပ်မှာပဲ အငှားဆက်ချထားပေးခဲ့ပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ မန်စီးတီး ကွင်းလယ် ကစားသမား ကယ်ဗင် ဖိလစ်ကို အငှားနဲ့ ခေါ်ယူဖို့ စီစဉ်နေပြီး အခြေအနေ ကောင်းနေတယ် လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ပေါ်တို တိုက်စစ်မှုး အီဗန်နင်ဆန် ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ ဘရာဇီးသားရဲ့ ခြေစွမ်းကို ဂန်းနားတို့က အတော် သဘောကျနေပြီး ၎င်းရဲ့ ဈေးကွက် ပေါက်ဈေးက ယူရို ၇၅ သန်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အသင်းမှာ အဆင်မပြေတဲ့ တိုက်စစ်သမား ဆန်ချိုနဲ့ အန်တိုနီ တို့ အား ဆော်ဒီပရိုလိဂ် ကလပ်တွေထံ ရောင်းချ ငွေဖော်လိုနေပါတယ်။ သရဲနီတွေဟာ ထို ကစားသမားတွေ အတွက် တစ်ယောက် ပေါင် သန်း ၅ဝ စီ ရဖို့ မျှော်လင့်ထားပါတယ်။

ပြီးခဲ့တဲ့ နွေကမှ ဆော်ဒီကလပ် အယ် ဟီလယ် အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ မီလင်ကိုဗစ် ဆာဗစ် ကလည်း ဒီဇန်နဝါရီမှာတင် အသင်းပြောင်းလိုနေပါတယ်။ ဆာဗစ်ဟာ အသင်းဖော်ဟောင်းနဲ့ လေဆိပ်မှာ တွေ့စဉ် လာဇီယို သို့ ပြန်လာချင်ကြောင်း ပြောခဲ့တယ် လို့ သိရပါတယ်။

မန်စီးတီး တိုက်စစ်မှုး ဟာလန်း ဟာ ဒဏ်ရာကနေ သက်သာလာပြီး ထရိန်နင် ပြန် ဆင်းနေပါပြီ။ ဒါပေမယ့် သောကြာနေ့ စပါးနဲ့ ကစားရမယ့် အက်ဖ်အေပွဲကိုတော့ ဟာလန်း ပါဝင်နိုင်ဖွယ် မရှိသေးပါဘူး