ပိုချက်ရဲ့ ဦးစားပေး ကိစ္စ၊ ချာလိုဘတ်ကို ကြိုးစားမယ့် ဘိုင်ယန်၊ ကွင်းလယ်နဲ့ ခံစစ် ပစ်မှတ်၊ ပြန်လာမယ့် ဘရာဇီးသားနဲ့ ချယ်ဆီး အပြောင်းအရွှေ့ သတင်းများ

နည်းပြ ပိုချက်တီနိုရဲ့ ချယ်ဆီး အသင်းအတွက် ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ဦးစားပေး ကိစ္စကတော့ တိုက်စစ်မှုးသစ် တစ်ဦး ခေါ်ယူရေး ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ ကာလရှည် သူတို့ စောင့်ကြည့်နေခဲ့တဲ့ ချယ်ဆီးအသင်းမှ ချာလိုဘတ်နဲ့ ဖူလ်ဟမ်မှ ပေါ်လင်ဟာ တို့ကို ခေါ်ယူရေး ဒီဇန်နဝါရီလထဲမှာ ကြိုးစားတော့မှာ ဖြစ်ပါတယ်။

နော်တင်ဟမ် ဖောရက်စ်မှာ အငှား ထွက် ကစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ဘရာဇီးသား ကွင်းလယ် ခံစစ်သမား အင်ဒရီ ဆန်တို့စ်ဟာ ဒီတပတ်ထဲ ချယ်ဆီးအသင်းထံ ပြန်လာဖို့ ရှိနေပါတယ်။

ချယ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်၊ စပါးအသင်းတို့နဲ့ အပြိုင် နိုက်စ် နောက်ခံလူ တိုဒီဘို ကို ခေါ်ယူရေး ကြိုးစားလာပါတယ်။

ဒေါ့မွန်အသင်းဟာ ချယ်ဆီး အရောင်းတင်ထားတဲ့ ဘယ်နောက်ခံလူ Ian Maatsen ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါပြီ

ချယ်ဆီးအသင်းဟာ ဆယ်ကျော်သက် လူငယ်လေး အဲလက်စ် မာတို့စ်ကို ချန်ပီယံရှစ်ကလပ် ဟက်ဒါဖီး အသင်းထံ အငှားချဖို့ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဈေးကွက်ထဲ နောက်ခံလူ ကင်းထောက် ရှာဖွေနေပြီး ဘင်ဖီကာ အသင်းရဲ့ အန်တိုနီယို ဆေးလ်ဗားကို မျက်စိကျနေပါတယ်။

တိုက်စစ်မှုးတွေ ဂိုးရဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်ဆီး တိုက်စစ်မှုးဟောင်း ဖြစ်ပြီး လက်ရှိ လိုက်ပ်ဇစ်မှာ ကစားနေတဲ့ တီမိုဗာနာ ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။