ဗီတိုအာဏာဆက်ယူချင်တဲ့ တန်ဟက်၊ အနာခံပြီး ဆန်ချိုကို လွှတ်ဖို့လုပ်ခြင်း၊ ချိန်နေတဲ့ ဘွန်ဒစ်လီဂါ တိုက်စစ်မှုး ၂ဦး၊ အငှားဖျက် ပြန်လွှတ်လိုက်သူနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

ယူနိုက်တက်ဟာ ဆန်ချို ကို ၎င်းရဲ့ အသင်းဟောင်း ဒေါ့မွန်ထံ အငှားပြန်လွှတ်ဖို့ ကလပ်အသင်းချင်း ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ဒေါ့မွန်က ဆန်ချိုရဲ့ လက်ရှိ တစ်ပတ် ပေါင် ၃ သိန်း လစာရဲ့ ၃ပုံ ၁ပုံသာ ပေးချင်တာကြောင့် ဒီ အပြောင်းအရွှေ့ ဖြစ်လာရင် ယူနိုက်တက်သာ နစ်နာဖွယ် ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း လင်ဂတ်ဟာ ဆော်ဒီမှာ အသင်းမရတဲ့နောက် ပရီးမီးယားလိဂ် ပြန်လာပြီး အဲဗာတန်နဲ့ လက်တွဲဖွယ် ရှိနေတယ် လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ ကစားသမား ခေါ်ယူရေး ကိစ္စတွေ အတွက် နည်းပြတန်ဟက်က ဗီတို အာဏာ ကိုင်ထားပေမယ့် ရှယ်ယာရှင်သစ် ဖြစ်လာတဲ့ ရက်ကလစ်ဖ်နဲ့ အဖွဲ့ကလည်း ဘောလုံး အော်ပရေးရှင်းပိုင်း အကုန် တာဝန်ယူမှာ ဖြစ်လို့ တန်ဟက်ကတော့ သူ့အခွင့်အာဏာကို ဆက်လက် ဆုပ်ကိုင်ထားဖို့ ကြိုးစားနေပါတယ်။

လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ကမ်မစ်ကို ခေါ်ယူရေး အပြိုင် ကြိုးစားလာနိုင်တယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ စပါးအသင်းထံမှ တစ်ရာသီ အငှားနဲ့ ခေါ်ယူထားတဲ့ အစွန် နောက်ခံလူ ရယ်ဂီလွန် ကို စာချုပ်ဖျက်သိမ်းကာ ပြန်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။

တိုက်စစ်မှုးတွေ ဂိုးမိုးခေါင်နေတဲ့ ကိစ္စကို ရေတို ဖြေရှင်းတဲ့ အနေနဲ့ ယူနိုက်တက်ဟာ ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူဖို့ ဘွန်ဒစ်လီဂါမှ တိုက်စစ်သမားတွေ ဖြစ်တဲ့ တီမိုဝါနာနဲ့ ချူပါမိုတင်းတို့ကို အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်တယ်လို့ သိရပါတယ်။