ကွာရန်တင်းဝင်ရမယ့် ကစားသမားတွေ များနေလို့ အခက်ကြုံနေရတဲ့ ချယ်ဆီးရဲ့ ရာသီကြိုပြင်ဆင်မှု

ဖရန့်လမ်းပတ်ရဲ့ ချယ်ဆီးအသင်းမှာ ကစားသမား အနည်းဆုံး ၈ ယောက်က အစိုးရစည်းမျဉ်းများအရ သီခြားခွဲနေထိုင် ကွာရန်တင်း ဝင်ရဖို့ ရှိနေပြီး ဘယ်ကစားသမားတွေလဲ ဆိုတာကိုတော့ ထုတ်ဖော်ခြင်း မရှိသေးပါဘူး။ ကစားသမား တချို့ ကိုရိုနာ ဗိုင်းရပ်စ် ရှိတယ် စစ်ဆေးမှုမှာ ထွက်ခဲ့တယ် သတင်းထွက်ထားပေမယ့် ဘယ်သူတွေ ဘယ်နှယောက် ဆိုတာလည်း တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ချယ်ဆီးအသင်းဟာ ရာသီကြို ထရိန်နင်အတွက် ပရီးမီးယားလိဂ် စည်းမျဉ်းတွေ အတိုင်း ပြီးခဲ့တဲ့ သီတင်းပတ် ကုန်က ကစားသမားတွေကို ဆေးစစ်ခဲ့တာ ဖြစ်ပြီး ပွဲစဉ်တွေကလည်း စက်တင်ဘာ ၁၂ ရက်မှာ ပြန်စတော့မှာ ဖြစ်တာကြောင့် ပုံစံကောင်း ရနေဖို့ ပြင်ဆင်လေ့ကျင့်ရန် စီစဉ်နေတာပါ။

ဒါပေမယ့် အားလပ်ရက်မှာ ခရီးထွက် အနားယူခဲ့တဲ့ ကစားသမားတွေ အပါအဝင် ကစားသမား ၈ယောက်လောက် အနည်းဆုံး ကွာရန်တင်း ဝင်ဖို့ ရှိလာရပြီး အင်္ဂလန် စည်းမျဉ်းတွေ အရ ၁၄ ရက် ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် ပွဲစချိန် အမှီ ပြင်ဆင်လေ့ကျင့်မယ့် လမ်းပတ်ရဲ့ အစီအစဉ်တွေကို ထိခိုက်စေလာနိုင်ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ်ရှိတယ် သတင်းထွက်လာခဲ့တာက ချယ်ဆီး တစ်သင်းတည်းတော့ မဟုတ်ဘဲ ရှက်ဖီးယူနိုက်တက်၊ ဝက်စ်ဟမ်းနဲ့ ဘရိုက်တန်အသင်းတွေလည်း ပရီးမီးယားလိဂ်မှာ ရှိနေပါတယ်။ ကလပ်အသင်း ၁၂ သင်းလောက်မှာ ဗိုင်းရပ်စ် ပေါ့စတစ် ထွက်ထားတာ ၁၄ ယောက် ရှိပြီလို့လည်း သိရပါတယ်။

ချယ်ဆီးအသင်းဟာ စနေနေ့မှာ ဘရိုက်တန်အသင်းနဲ့ အဝေးကွင်းမှာ ခြေစမ်းပွဲ ကစားဖို့ ရှိနေပြီး ထိုပွဲစဉ်မှာ ဘရိုက်တန် အိမ်ကွင်း ပရိသတ် ၂၅၀၀ လောက်ကို ကွင်းထဲ ဝင်ကြည့်ခွင့် ပေးဖို့လည်း ရှိနေပါတယ်။

ချယ်ဆီးအသင်းရဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီက ဘရိုက်တန်နဲ့ပဲ စက်တင်ဘာ ၁၄ ရက်နေ့မှာ စတင် ကစားမှာ ဖြစ်ပြီး နည်းပြ လမ်းပတ် အနေနဲ့ ကွာရန်တင်း လွှတ်ထားရမယ့် ကစားသမား တွေ မပါဘဲ ရာသီကြို ထရိန်နင်ကို အဆင်ပြေအောင် စီမံရတော့မှာပဲ ဖြစ်ပါတယ်။

Zawgyi – ဖရန္႔လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းမွာ ကစားသမား အနည္းဆံုး ၈ ေယာက္က အစိုးရစည္းမ်ဥ္းမ်ားအရ သီျခားခြဲေနထိုင္ ကြာရန္တင္း ၀င္ရဖို႔ ရွိေနျပီး ဘယ္ကစားသမားေတြလဲ ဆိုတာကိုေတာ့ ထုတ္ေဖာ္ျခင္း မရွိေသးပါဘူး။ ကစားသမား တခ်ိဳ႕ ကိုရိုနာ ဗိုင္းရပ္စ္ ရွိတယ္ စစ္ေဆးမႈမွာ ထြက္ခဲ့တယ္ သတင္းထြက္ထားေပမယ့္ ဘယ္သူေတြ ဘယ္နွေယာက္ ဆိုတာလည္း တရား၀င္ သတင္းထုတ္ျပန္ျခင္း မရွိေသးပါဘူး။

ခ်ယ္ဆီးအသင္းဟာ ရာသီၾကိဳ ထရိန္နင္အတြက္ ပရီးမီးယားလိဂ္ စည္းမ်ဥ္းေတြ အတိုင္း ျပီးခဲ့တဲ့ သီတင္းပတ္ ကုန္က ကစားသမားေတြကို ေဆးစစ္ခဲ့တာ ျဖစ္ျပီး ပြဲစဥ္ေတြကလည္း စက္တင္ဘာ ၁၂ ရက္မွာ ျပန္စေတာ့မွာ ျဖစ္တာေၾကာင့္ ပံုစံေကာင္း ရေနဖို႔ ျပင္ဆင္ေလ့က်င့္ရန္ စီစဥ္ေနတာပါ။

ဒါေပမယ့္ အားလပ္ရက္မွာ ခရီးထြက္ အနားယူခဲ့တဲ့ ကစားသမားေတြ အပါအ၀င္ ကစားသမား ၈ေယာက္ေလာက္ အနည္းဆံုး ကြာရန္တင္း ၀င္ဖို႔ ရွိလာရျပီး အဂၤလန္ စည္းမ်ဥ္းေတြ အရ ၁၄ ရက္ ၾကာျမင့္မွာ ျဖစ္ပါတယ္။ ဒါဟာ ပရီးမီးယားလိဂ္ ပြဲစခ်ိန္ အမွီ ျပင္ဆင္ေလ့က်င့္မယ့္ လမ္းပတ္ရဲ႕ အစီအစဥ္ေတြကို ထိခိုက္ေစလာနိုင္ပါတယ္။

ကိုရိုနာ ဗိုင္းရပ္စ္ရွိတယ္ သတင္းထြက္လာခဲ့တာက ခ်ယ္ဆီး တစ္သင္းတည္းေတာ့ မဟုတ္ဘဲ ရွက္ဖီးယူနုိက္တက္၊ ၀က္စ္ဟမ္းနဲ႕ ဘရိုက္တန္အသင္းေတြလည္း ပရီးမီးယားလိဂ္မွာ ရွိေနပါတယ္။ ကလပ္အသင္း ၁၂ သင္းေလာက္မွာ ဗိုင္းရပ္စ္ ေပါ့စတစ္ ထြက္ထားတာ ၁၄ ေယာက္ ရွိျပီလို႔လည္း သိရပါတယ္။

ခ်ယ္ဆီးအသင္းဟာ စေနေန႔မွာ ဘရိုက္တန္အသင္းနဲ႕ အေ၀းကြင္းမွာ ေျခစမ္းပြဲ ကစားဖို႔ ရွိေနျပီး ထိုပြဲစဥ္မွာ ဘရိုက္တန္ အိမ္ကြင္း ပရိသတ္ ၂၅၀၀ ေလာက္ကို ကြင္းထဲ ၀င္ၾကည့္ခြင့္ ေပးဖို႔လည္း ရွိေနပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ ၂၀၂၀-၂၁ ေဘာလံုးရာသီက ဘရိုက္တန္နဲ႕ပဲ စက္တင္ဘာ ၁၄ ရက္ေန႔မွာ စတင္ ကစားမွာ ျဖစ္ျပီး နည္းျပ လမ္းပတ္ အေနနဲ႕ ကြာရန္တင္း လႊတ္ထားရမယ့္ ကစားသမား ေတြ မပါဘဲ ရာသီၾကိဳ ထရိန္နင္ကို အဆင္ေျပေအာင္ စီမံရေတာ့မွာပဲ ျဖစ္ပါတယ္။