ယူနိုက်တက် အသင်းသား ၃ဦးကို သက်တမ်းတိုးထားပြီး နောက်ထပ် ၂ဦးကိုလည်း ဆွေးနွေးနေပြီ လို့ နည်ပြ တန်ဟက် အသိပေး

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ကတော့ လက်ရှိ ဇန်နဝါရီ ဈေးကွက်ကာလမှာ ယူနိုက်တက် အသင်းသား ၃ဦးကို သက်တမ်းတိုးထားပြီး နောက်ထပ် ၂ဦးကိုလည်း ဆွေးနွေးနေပြီ လို့ ထုတ်ဖော် အသိပေး လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ လင်ဒီလော့ဖ်၊ ဝမ်ဘစ်ဆာကာနဲ့ ဟန်နီဘယ် မာ့ချ်ဘရီ တို့ ရဲ့ လက်ရှိ စာချုပ်တွေမှ တစ်နှစ် သက်တမ်းတိုးခွင့်တွေကို အသက်သွင်းလိုက်တာ ဖြစ်ပါတယ်။

မန်ချက်စတာ ညနေခင်း သတင်းနဲ့ အင်တာဗျူးမှာ တန်ဟက် က ” ကျွန်တော်တို့ ရာဖာ ဗာရန်း၊ အန်တိုနီ မာရှယ် တို့နဲ့ စကားပြော ဆွေးနွေးနေပါတယ်။ နောက်ပြီး အေရွန် ဝမ် ဘစ်ဆာကာ၊ ဗစ်တာ လင်ဒီလော့ဖ်၊ ဟန်နီဘယ် တို့ရဲ့ သက်တမ်းတိုးခွင့်တွေကို အသက်သွင်းလိုက်ပြီ။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဗာရန်း၊ မာရှယ်တို့ အခြေအနေ ထူးခြားမှု ဘယ်လိုလဲ လို့ ထပ်မံ မေးမြန်းခံရရာ တန်ဟက်က ” ဒါကတော့ ကစားသမားနဲ့ ကလပ်အသင်းကြား internal ဆွေးနွေးမှုပါ။ ပြောလို့ မရသေးဘူးပေါ့။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

လင်ဒီလော့ဖ်၊ ဘစ်ဆာကာနဲ့ မာ့ချ်ဘရီ တို့ဟာ လာမယ့်နွေမှာ ယူနိုက်တက်နဲ့ စာချုပ်ကုန်မှာ ဖြစ်လို့ သက်တမ်းတိုးခွင့် အသက်သွင်းလိုက်တာကြောင့် နောက်ထပ် တစ်နှစ် ဆက်ရှိမှာ ဖြစ်ပါတယ်။ ဗာရန်းနဲ့ မာရှယ်တို့ ကတော့ ဆွေးနွေးမှု ပေါ် မူတည်ပြီး ဘယ်လို ဆုံးဖြတ်မလဲ စောင့်ကြည့်ရမှာပါ။

ဗာရန်းဟာ ဒီရာသီမှာ ဒဏ်ရာ ပြသနာ ၅ ကြိမ်နဲ့ ၇ ပွဲ ထိ လွဲချော်ပြီး ဖြစ်ပါတယ်။ တဖက်မှာ မာရှယ်ကလည်း ဂိုးရှေ့မှာ ရုန်းကန်နေရပြီး ဒီရာသီ ၂ ဂိုးသာ သွင်းယူရပါသေးတယ်။