ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (27/08/20)

ယူနိုက်တက် ကွင်းလယ် ကစားသမားပေါ့ဘာ ဟာ နောက်လထဲ နေးရှင်းလိဂ်ပွဲတွေ အတွက် ရွေးချယ်လိုက်တဲ့ ပြင်သစ် လက်ရွေးစင်အသင်း လူစာရင်းထဲ မပါဝင်ဘဲ ချန်လှပ်ခံခဲ့ရပါတယ်။ ပေါ့ဘာနဲ့ စပါးကွင်းလယ် အမ် ဒွမ်ဘီလီတို့ဟာ ကိုရိုနာဗိုင်းရပ်စ် ရှိနေလို့ ချန်လှပ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပေါ့ဘာမှာ ကိုရိုနာ ပေါ့စတစ် ဖြစ်နေကြောင်း မန်ချက်စတာ ယူနိုက်တက် အသင်းကနေ တရားဝင် သတင်းထုတ်ပြန် အတည်ပြုလိုက်ပြီး ပေါ့ဘာ အမြန်ဆုံး ပြန်ကောင်းမွန်လာဖို့ အသင်းရှိ လူအားလုံးက ဆုတောင်းပေးနေကြောင်း ဖော်ပြထားပါတယ်။

ပေါ်တူဂီကြယ်ပွင့် စီ ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အခြေအနေကို အမြဲ စိတ်ဝင်တစား မေးမြန်းလေ့ ရှိကြောင်း ဘရူနို ဖာနန်ဒက်စ်က ဖွင့်ဟလိုက်ပါတယ်။ ဖာနန်ဒက်စ်ကိုလည်း ယူနိုက်တက် ခေါ်ယူဖို့ ရိုနယ်ဒိုက ထောက်ခံပေးခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူဖို့ အဆင်မပြေတဲ့နောက် ယခင် ပစ်မှတ်ထားဖူးတဲ့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက် ဂရေးလစ်ချ်ကို ပြန်လည် ချိတ်ဆက်နေပြီး ဗီလာဘက်ကတော့ သူတို့ အသင်း အဓိက ကစားသမားအတွက် ပေါင် ၇၅ သန်းလောက်ထိ တောင်းဆိုဖို့ ပြင်နေပါတယ်။

ရိုးမား အသင်းကတော့ ယူနိုက်တက် ခံစစ်မှူး စမောလင်းကို လာမယ့် ၁၀ ရက် အတွင်း ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။ အငှား လာကစားစဉ် ခြေစွမ်းပြခဲ့တဲ့ စမောလင်းကို စီးရီးအေကလပ်က လက်မလွှတ်လိုဘဲ အပြီးခေါ်နိုင်ဖို့ ညှိနှိုင်းနေဆဲပါ။

လာမယ့် ဘောလုံးရာသီ မတိုင်ခင် ပြင်ဆင်လေ့ကျင့်မယ့် ရာသီကြို ထရိန်နင်ကို စက်တင်ဘာ ၂ ရက်နေ့မှ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ စတင်ဖို့ နည်းပြ ဆိုးရှားက ဆုံးဖြတ်လိုက်ပါတယ်။ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်က စက်တင်ဘာ ၁၉ ရက်နေ့မှာ ပဲလေ့စ်နဲ့ ကစားမှာ ဖြစ်လို့ နှစ်ပတ်ကျော်မျှ ကြိုပြင်ဆင်တာ ဖြစ်ပါတယ်။

Zawgyi – ယူနိုက္တက္ ကြင္းလယ္ ကစားသမားေပါ့ဘာ ဟာ ေနာက္လထဲ ေနးရွင္းလိဂ္ပြဲေတြ အတြက္ ေရြးခ်ယ္လိုက္တဲ့ ျပင္သစ္ လက္ေရြးစင္အသင္း လူစာရင္းထဲ မပါ၀င္ဘဲ ခ်န္လွပ္ခံခဲ့ရပါတယ္။ ေပါ့ဘာနဲ႕ စပါးကြင္းလယ္ အမ္ ဒြမ္ဘီလီတို႔ဟာ ကိုရိုနာဗိုင္းရပ္စ္ ရွိေနလို႔ ခ်န္လွပ္ခံခဲ့ရတယ္လို႔ သိရပါတယ္။

ေပါ့ဘာမွာ ကိုရိုနာ ေပါ့စတစ္ ျဖစ္ေနေၾကာင္း မန္ခ်က္စတာ ယူနိုက္တက္ အသင္းကေန တရား၀င္ သတင္းထုတ္ျပန္ အတည္ျပဳလိုက္ျပီး ေပါ့ဘာ အျမန္ဆံုး ျပန္ေကာင္းမြန္လာဖို႔ အသင္းရွိ လူအားလံုးက ဆုေတာင္းေပးေနေၾကာင္း ေဖာ္ျပထားပါတယ္။

ေပၚတူဂီၾကယ္ပြင့္ စီ ရိုနယ္ဒိုဟာ မန္ခ်က္စတာ ယူနုိက္တက္ရဲ႕ အေျခအေနကို အျမဲ စိတ္၀င္တစား ေမးျမန္းေလ့ ရွိေၾကာင္း ဘရူနို ဖာနန္ဒက္စ္က ဖြင့္ဟလိုက္ပါတယ္။ ဖာနန္ဒက္စ္ကိုလည္း ယူနိုက္တက္ ေခၚယူဖို႔ ရိုနယ္ဒိုက ေထာက္ခံေပးခဲ့ပါတယ္။

ယူနိုက္တက္ဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ အဆင္မေျပတဲ့ေနာက္ ယခင္ ပစ္မွတ္ထားဖူးတဲ့ အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ ဂ်က္ ဂေရးလစ္ခ်္ကို ျပန္လည္ ခ်ိတ္ဆက္ေနျပီး ဗီလာဘက္ကေတာ့ သူတို႔ အသင္း အဓိက ကစားသမားအတြက္ ေပါင္ ၇၅ သန္းေလာက္ထိ ေတာင္းဆိုဖို႔ ျပင္ေနပါတယ္။

ရိုးမား အသင္းကေတာ့ ယူနုိက္တက္ ခံစစ္မွဴး စေမာလင္းကို လာမယ့္ ၁၀ ရက္ အတြင္း ေခၚယူနိုင္မယ္လို႔ ယံုၾကည္မႈ ရွိေနပါတယ္။ အငွား လာကစားစဥ္ ေျခစြမ္းျပခဲ့တဲ့ စေမာလင္းကို စီးရီးေအကလပ္က လက္မလႊတ္လိုဘဲ အျပီးေခၚနိုင္ဖို႔ ညွိနႈိင္းေနဆဲပါ။

လာမယ့္ ေဘာလံုးရာသီ မတိုင္ခင္ ျပင္ဆင္ေလ့က်င့္မယ့္ ရာသီၾကိဳ ထရိန္နင္ကို စက္တင္ဘာ ၂ ရက္ေန႔မွ ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ စတင္ဖို႔ နည္းျပ ဆိုးရွားက ဆံုးျဖတ္လိုက္ပါတယ္။ ယူနုိက္တက္ရဲ႕ ပရီးမီးယားလိဂ္ ပြဲဦးထြက္က စက္တင္ဘာ ၁၉ ရက္ေန႔မွာ ပဲေလ့စ္နဲ႕ ကစားမွာ ျဖစ္လို႔ နွစ္ပတ္ေက်ာ္မွ် ၾကိဳျပင္ဆင္တာ ျဖစ္ပါတယ္။