ဘန်ဇီမာနဲ့ ယူနိုက်တက်၊ ရွန်းနီ နေရာ လမ်းပတ် ဝင်မလား၊ တိုနေး ရောင်းဈေးသစ်၊ စောင့်နေတဲ့ ဆန်ချို နဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

ဆော်ဒီမှာ အဆင်မပြေ ဖြစ်နေတဲ့ ပြင်သစ် ကြယ်ပွင့် တိုက်စစ်မှုးကြီး ဘန်ဇီမာ ကို ယူနိုက်တက် ခေါ်ယူသင့်ကြောင့် သရဲနီတိုက်စစ်ဟောင်း ဆာဟာ က တိုက်တွန်းလိုက်ပါတယ်။

အာဆင်နယ်နဲ့ ချယ်ဆီးတို့က ထိပ်တန်းပစ်မှတ်အဖြစ် ချိန်ရွယ်ထားတဲ့ တိုနေးအတွက် ဘရန့်ဖိုဒ့်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ လို့ ဈေးသတ်မှတ်လိုက်ပါပြီ။

စပါးအသင်းဟာ ဘုန်းမောက်ခံစစ်မှူး လွိုက်ကယ်လီကို လက်ရှိ ဈေးကွက်မှာ ခေါ်မလား နွေမှ အလွတ်ဖြင့် ခေါ်ယူမလား စဉ်းစားနေဆဲဖြစ်ပါတယ်။

ဆော်ဒီလိဂ်မှာ ကစားနေတဲ့ လီဗာပူး တိုက်စစ်မှူးဟောင်း ဖာမင်နိုကို ဖူလ်ဟမ်အသင်းက ကမ်းလှမ်းမှု စတင်ခဲ့ပြီလို့ သိရပါတယ်။

၁၅ ပွဲ ကိုင်တွယ်အပြီးမှာ ဘာမင်ဂမ်အသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပေမယ့် ရွန်းနီ ဟာ သူ့ရဲ့ နည်းပြဘဝ အောင်မြင်မှုတွေရရှိရေး ဆက်လက် ကြိုးစားသွားဦးမှာ ဖြစ်ပါတယ်။

ဘာမင်ဂမ်အသင်းဟာ ရွန်းနီ နေရာ အစားထိုးဖို့ ချယ်ဆီး ဂန္တဝင်ကြီး ဖရန့် လမ်းပတ်ကို ချိတ်ဆက်နေပါတယ်။

စပါးခံစစ်မှူး ဒိုင်ယာကို ခေါ်ယူရေး ဘိုင်ယန်မြူးနစ်က စိတ်ဝင်စားနေကာ အခြားသော ပစ်မှတ်တွေကိုလည်း ရှာဖွေနေဆဲဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အငှားကနေ ပြန်ခေါ်ယူထားတဲ့ နက်ဖီးလစ်ကို ရာသီကုန်ထိ အသင်းမှာ ဆက်ထားမှာဖြစ်ကာ စကော့တလန်လိဂ်ကနေ ပြန်ရောက်လာတဲ့ ဘယ်အစွန်လူ အိုဝင်ဘက်ကိုလည်း နေရာပေးဖို့ ပြင်ဆင်ထားပါတယ်။

ချယ်ဆီးအသင်းဟာ ဖောရက်စ်အသင်းကနေ ဆန်းတိုစ့်ကို ပြန်လည် ခေါ်ယူခဲ့သလိုပဲ ယူနီယံ ဘာလင်အသင်းထံ အငှားချထားတဲ့ ဖိုဖာနာကိုလည်း ပြန်ပြီး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

အင်္ဂလန်သား တိုက်စစ်သမား ဆန်ချိုဟာ ဒေါ့မွန်အသင်းရဲ့ ထရိန်နင်ထံ သွားရောက် ပူးပေါင်းဖို့ ပြင်ဆင်ထားပြီဖြစ်ကာ ယူနိုက်တက်နဲ့ ကလပ်နှစ်သင်းကြား ညိနှိုင်းမှု အပြီးသတ် မီးစိမ်းပြလာမှာကို စောင့်ဆိုင်းနေပါတယ်။