သန်း ၁ဝဝ တန် ပစ်မှတ်တွေ မဟန်လို့ ပေါချောင်ကောင်း တိုက်စစ်မှုး ၃ ဦးကို ပြောင်းလဲ ချိန်ရွယ်နေတဲ့ ချယ်ဆီး

ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ကစားသမား ဝယ်ယူအားဖြည့်ဖို့ လှုပ်ရှားမှုတွေ ရှိနေပြီး ချယ်ဆီးအသင်းကလည်း တိုက်စစ်သမား အချို့နဲ့ ရေပန်းစားနေပါတယ်။

ချယ်ဆီးအသင်းဟာ ဘရန့်ဖိုဒ့် တိုက်စစ်မှူး တိုနေးကို ခေါ်ယူလိုပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးရဖို့ ရှိနေတာပါ။ ဘရန့်ဖိုဒ့်ဟာ ချယ်ဆီးရဲ့ တိုက်စစ် လိုအပ်ချက်ကို နားလည်ထားတာကြောင့် ပေါင် သန်း ၁၀၀ ထိ ဈေးတောင်းဖို့ ပြင်ဆင်ထားပေမယ့် နွေမှပဲ ခေါ်ယူခွင့်ပေးမှာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ နာပိုလီ တိုက်စစ်မှူး အိုဆီမန်ကိုလည်း စိတ်ဝင်စားပေမယ့် ဇန်နဝါရီမှာတော့ သူ့ကို ခေါ်ယူနိုင်ဖွယ် မရှိပါဘူး။ နာပိုလီကလည်း အိုဆီမန်အတွက် ပေါင် သန်း ၁၀၀ ထိ ဈေးခေါ်သွားမှာ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးလုံးကို ခေါ်ယူလို့ မရနိုင်တာမို့ ချယ်ဆီးဟာ အခြားသော ဥရောပ ကလပ်တွေမှ တိုက်စစ်မှူး တွေဘက်ကို ဦးလှည့်လာနေပါတယ်။

ချယ်ဆီး သဘောကျနေတဲ့ တိုက်စစ်မှူးတွေက ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းမှ ဘန်ဂျမင် ဆက်ကို (၂၀ နှစ်)၊ စတုဂတ် အသင်းမှ ဂူရာဆီ (၂၇ နှစ်) နဲ့ နယ်သာလန်ကလပ် ဖီယင်နုအသင်းမှ ဂျီမီနက်စ် (၂၂ နှစ်)တို့ ဖြစ်ကြပါတယ်။

ချယ်ဆီးတာဝန်ရှိသူတွေဟာ ကစားသမား ခေါ်ယူမှု မတိုင်ခင် ရောင်းချမှု အချို့ကိုလည်း ပြုလုပ်ရဖွယ်ရှိနေကာ တော့ဘိုးလေလက်ထက် အပြောင်းအရွှေ့ အသုံးစရိတ်တွေကြောင့် ဥရောပဘဏ္ဍာရေး စည်းမျဉ်းနဲ့ ကင်းလွှတ်ဖို့လည်း ချင့်ချိန်နေရဆဲ ဖြစ်ပါတယ်။