ယနေ့ နံနက်ခင်း ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (28-08-20)

မန်ချက်စတာ ယူနိုက်တက်ဟာ အင်တာမီလန်နဲ့ ချိတ်ဆက်နေတဲ့ ဘရက်စီယာ လူငယ်ကြယ်ပွင့် ဆန်ဒရို တိုနာလီကို ကြားဖြတ် ခေါ်ယူဖို့ ဖြစ်နိူင်ခြေနဲ့ ပတ်သက်ပြီး ဖုန်းဆက်မေးမြန်းခဲ့တယ် လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ဆီကနေ မက် ဂျူရာဒိုနဲ့ အယ်ဗာရို ဖာနန်ဒက်တို့ကို ခေါ်ယူနိုင်ခဲ့တာကို အတည်ပြုပေးတော့မှာ ဖြစ်ပါတယ်။ စပိန် ဆယ်ကျော်သက် နောက်ခံလူ ၂ယောက်ဟာ နောက်ဆုံး ရှင်းလင်းမှုတွေ လုပ်ပြီးတာနဲ့ အိုးလ်ထရက်ဖို့ဒ်ရဲ့ လူငယ်အသင်းထံကို လာရောက်ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ ကိုဗစ်-19 ရောဂါပိုး ကူးစက်ခံခဲ့ရတာကြောင့် ပြင်သစ်အသင်းရဲ့ နေးရှင်းလိဂ်ပွဲတွေအတွက် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး သူ့အစား ရန်းနက်စ် ကွင်းလယ်လူ ကမ်ဗင်ဂါကို ခေါ်ယူခဲ့ကြောင်း နည်းပြဒ က်ချမ့်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွဲရားက သူဟာ ဂရိမှာ ဖမ်းဆီးခံထားရစဉ်အတွင်း ပြန်ပေးဆွဲခံရတယ်လို့ ထင်ခဲ့ပြီး အသက်အန္တရာယ်အတွက် ကြောက်ရွံ့ခဲ့တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

ယူနိုက်တက်နဲ့ စပါးတို့ဟာ ဒီနွေမှာ ရီးရဲလ်မက်ဒရစ်ကနေ ဆာဂျီယို ရက်ဂူလီယွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အသက်၂၃နှစ်အရွယ် ကစားသမားဟာ မနှစ်က ဆီးဗီးလားမှာ အငှားကစားရင်း လာလီဂါ အဆင့် ၄ နဲ့ ယူရိုပါလိဂ် ဖလားရရှိအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားက ထိပ်တန်းအဆင့်ပြိုင်ပွဲတွေ မစခင် သူ့အသင်းကို အင်အားဖြည့်တင်းဖို့ ရည်မှန်းထားသလို ဗလန်စီယာ တိုက်စစ်မှူး မက်ဇီ ဂိုမက်ကို ဆက်လက်စောင့်ကြည့်နေပါတယ်။ ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ် ဒဏ်ရာရခဲ့တဲ့ ဇန်နဝါရီကတည်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာပါ။

ယူနိုက်တက်ဟာ ဒီနွေမှာ ဆန်ချို ရောက်ရှိလာမှာဖြစ်တယ်လို့ ယုံကြည်နေဆဲ ဖြစ်တာကြောင့် ဒမ်ဘီလီတို့လို ကစားသမားတွေနဲ့ ပြောဆိုဆွေးနွေးမှုတွေကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆန်ချို ဟာ ယခု အပြောင်းအရွှေ့ ကာလမှာ ယူနိုက်တက်ရဲ့ ထိပ်သီးပစ်မှတ် ဖြစ်နေဆဲပါ။

လူငယ် ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ ယူနိုက်တက်ရဲ့ ၅နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် အိုးလ်ထရက်ဖို့ဒ်မှာ နံပါတ် တစ် ပွဲထွက် ဂိုးသမားနေရာအတွက် ဒီဂီယာကို စိန်ခေါ်မှာဖြစ်ကြောင်း သတိပေးပြောဆို ခဲ့ပါတယ်။

Zawgyi – မန်ချက်စတာ ယူနိုက်တက်ဟာ အင်တာမီလန်နဲ့ ချိတ်ဆက်နေတဲ့ ဘရက်စီယာ လူငယ်ကြယ်ပွင့် ဆန်ဒရို တိုနာလီကို ကြားဖြတ် ခေါ်ယူဖို့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး ဖုန်းဆက်မေးမြန်းခဲ့တယ် လို့ သိရပါတယ်။






